မကစားချင်တဲ့ ယူရိုပါလိဂ်မှာမှ ပွဲထွက်ခွင့်ရတော့မယ့် မစ္စတာချန်ပီယံလိဂ်

ခရစ္စတီယာနိုရော်နယ်ဒိုဆိုတဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဟာ ယူရိုပါလိဂ်မှာ လုံး၀ မကစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီညမှာတော့ ဒီမှတ်တမ်းဟာ လုံးဝအပြောင်းအလဲဖြစ်သွားပါတော့မယ်။

ဆိုစီဒက်နဲ့ပွဲမှာ မန်ယူအတွက် အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူး ပွဲထွက်ခွင့်ရလိမ့်မယ်လို့ သတင်းတွေထွက်နေလို့ပါ။ အိုးလ်ထရက်ဖို့ဒ်မှာ မဖြစ်သာလို့ဆက်နေရတဲ့ ရော်နယ်ဒိုအတွက် ပွဲထွက်ခွင့်ရတာ

သတင်းကောင်းဖြစ်ပေမယ့် သူ့ရဲ့ဂုဏ်သိက္ခာပွန်းပဲ့မှာစိုးရိမ်ခဲ့တဲ့အတိုင်း ရှောင်လွှဲလို့မရနိုင်တဲ့ အခြေအနေတစ်ရပ်ပါပဲ။ သူဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် သရဲနီတွေနဲ့လမ်းခွဲဖို့ ကြိုးစားခဲ့တယ်။

မစ္စတာချန်ပီယံလိဂ်လို့ နာမည်ပြောင်တွင်လောက်အောင် ဒီပြိုင်ပွဲမှာ သူရထားတဲ့ အောင်မြင်မှုတွေက တစ်လှေကြီးပါ။ ဒီဖလားကို သူ့ရဲ့ကစားသမားဘဝမှာ ၅ ကြိမ်ရထားတယ်။ ချန်ပီယံလိဂ်မှာ သွင်းဂိုးအများဆုံးဆိုတဲ့ စံချိန်ကို

ပြိုင်ဘက်ကြီးမက်ဆီ ချိုးဖျက်သွားမှာကိုလည်း စိုးရိမ်ပုံရပါတယ်။ ဒါကြောင့် အသင်းပြောင်းဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ယူရိုပါလိဂ်ဆိုတာ ရော်နယ်ဒိုနဲ့ သူစိမ်းဆန်လွန်းခဲ့ပါတယ်။

အရင် ယူအီးအက်ဖ်အေဖလားပြိုင်ပွဲအမည်နဲ့ ကျင်းပတုန်းကတော့ ပါတီဇန်နဲ့ပွဲမှာ ကစားခဲ့ဖူးပါတယ်။ ဒါကလည်း အနှစ် ၂၀ လောက်ကြာခဲ့ပါပြီ။ အခုမှ ကြာသပတေးညကစားတဲ့ ဥရောပဒုတိယတန်းပြိုင်ပွဲကို မကစားချင်ဘဲ

ကစားရတော့မှာပါ။ ကြံ့ခိုင်မှုအကြောင်းပြချက်နဲ့ သူ့ကို ပရီးမီးယားလိဂ် ၆ ပွဲမှာ အရန်ခုံ ၅ ပွဲပို့ခဲ့တဲ့ နည်းပြတန်းဟတ်ဟာ လူစာရင်းအပြောင်းအလဲလုပ်လာဖို့ ရှိနေတာကြောင့် ဆိုစီဒက်နဲ့ပွဲမှာတော့ ပွဲထွက်ခွင့်ပေးလိမ့်မယ်လို့ သိရပါတယ်။

(zawgyi)

ခရစၥတီယာႏိုေရာ္နယ္ဒိုဆိုတဲ့ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတစ္ေယာက္ဟာ ယူ႐ိုပါလိဂ္မွာ လုံး၀ မကစားခဲ့ဖူးပါဘူး။ ဒါေပမဲ့ ဒီညမွာေတာ့ ဒီမွတ္တမ္းဟာ လုံးဝအေျပာင္းအလဲျဖစ္သြားပါေတာ့မယ္။

ဆိုစီဒက္နဲ႔ပြဲမွာ မန္ယူအတြက္ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉး ပြဲထြက္ခြင့္ရလိမ့္မယ္လို႔ သတင္းေတြထြက္ေနလို႔ပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ မျဖစ္သာလို႔ဆက္ေနရတဲ့ ေရာ္နယ္ဒိုအတြက္ ပြဲထြက္ခြင့္ရတာ

သတင္းေကာင္းျဖစ္ေပမယ့္ သူ႔ရဲ႕ဂုဏ္သိကၡာပြန္းပဲ့မွာစိုးရိမ္ခဲ့တဲ့အတိုင္း ေရွာင္လႊဲလို႔မရႏိုင္တဲ့ အေျခအေနတစ္ရပ္ပါပဲ။ သူဟာ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ သရဲနီေတြနဲ႔လမ္းခြဲဖို႔ ႀကိဳးစားခဲ့တယ္။

မစၥတာခ်န္ပီယံလိဂ္လို႔ နာမည္ေျပာင္တြင္ေလာက္ေအာင္ ဒီၿပိဳင္ပြဲမွာ သူရထားတဲ့ ေအာင္ျမင္မႈေတြက တစ္ေလွႀကီးပါ။ ဒီဖလားကို သူ႔ရဲ႕ကစားသမားဘဝမွာ ၅ ႀကိမ္ရထားတယ္။

ခ်န္ပီယံလိဂ္မွာ သြင္းဂိုးအမ်ားဆုံးဆိုတဲ့ စံခ်ိန္ကို ၿပိဳင္ဘက္ႀကီးမက္ဆီ ခ်ိဳးဖ်က္သြားမွာကိုလည္း စိုးရိမ္ပုံရပါတယ္။ ဒါေၾကာင့္ အသင္းေျပာင္းဖို႔ႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ယူ႐ိုပါလိဂ္ဆိုတာ ေရာ္နယ္ဒိုနဲ႔ သူစိမ္းဆန္လြန္းခဲ့ပါတယ္။

အရင္ ယူအီးအက္ဖ္ေအဖလားၿပိဳင္ပြဲအမည္နဲ႔ က်င္းပတုန္းကေတာ့ ပါတီဇန္နဲ႔ပြဲမွာ ကစားခဲ့ဖူးပါတယ္။ ဒါကလည္း အႏွစ္ ၂၀ ေလာက္ၾကာခဲ့ပါၿပီ။ အခုမွ ၾကာသပေတးညကစားတဲ့ ဥေရာပဒုတိယတန္းၿပိဳင္ပြဲကို မကစားခ်င္ဘဲ ကစားရေတာ့မွာပါ။

ႀကံ့ခိုင္မႈအေၾကာင္းျပခ်က္နဲ႔ သူ႔ကို ပရီးမီးယားလိဂ္ ၆ ပြဲမွာ အရန္ခုံ ၅ ပြဲပို႔ခဲ့တဲ့ နည္းျပတန္းဟတ္ဟာ လူစာရင္းအေျပာင္းအလဲလုပ္လာဖို႔ ရွိေနတာေၾကာင့္ ဆိုစီဒက္နဲ႔ပြဲမွာေတာ့ ပြဲထြက္ခြင့္ေပးလိမ့္မယ္လို႔ သိရပါတယ္။