ဘောလုံးအကြောင်း ဘာတစ်ခုမှမသိတဲ့ကောင်က ချဲလ်ဆီးမှာ ဗိုလ်လုပ်နေတယ်ဆိုတဲ့ ဟိုင်ဒယ်

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေဟာ ဘောလုံးအကြောင်း ဘာမှနားလည်တဲ့ကောင်မဟုတ်တဲ့အတွက် နည်းပြတူချယ်ကို ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ မိန့်ဇ်အသင်း အားကစားဒါရိုက်တာ ခရစ်ရှန်ဟိုင်ဒယ်က ဝေဖန်လိုက်ပါတယ်။

အရည်အသွေးမြင့် နည်းပြတူချယ်ကို ရာထူးက ထုတ်ပယ် လိုက်တဲ့အဖြစ်ကို စုပ်တသပ်သပ်ဖြစ်နေတဲ့ ဟိုင်ဒယ်က ချဲလ်ဆီးအသင်းပိုင် ရှင်တွေအနေနဲ့ ဂျာမန်သားနည်းပြရဲ့ ခြေရာကိုနင်းနိုင်မယ့် နည်းပြမျိုး ရှာလို့ ရမှာမဟုတ်တာကြောင့် နောင်တရနေကြတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

‘’ဘောလုံးမှာ ရင်းနှီးမြှုပ်နှံသူတွေအပေါ် ဆန့်ကျင်သူတွေကို ဖြုတ်ထုတ်သတ် လုပ်တာဟာ နည်းရောင်း များရောင်း ဆိုသလိုပါပဲ။ ဒါက ရင်းနှီးမြှုပ်နှံသူတွေ ရဲ့ ဆုံးဖြတ်ချက်ဆိုတာ ထင်းနေတာပဲ။ အဆင့် ၆ နေရာလောက် ရောက်ပြီ ဆိုရင် ဒါက မဟုတ်တော့ဘူးဆိုပြီး ထင်နေကြတဲ့

ဘောလုံးအကြောင်း ဘာ တစ်ခုမှမသိတဲ့ လူတချို့ ပြောကြတယ်။ နောက်ထပ်တစ်ယောက်နဲ့ ကြိုး စား ကြည့်ကြတာပေါ့ကွာ။ ၆ ပွဲလောက်လည်း ကစားပြီးရော။ ငါတော့ ထပ်ပြီး မတွေးတတ်တော့ဘူး ဖြစ်ပြန်ရော။ ဒါပေမဲ့ ချဲလ်ဆီးကတော့ အဲဒီ ကိစ္စအ တွက်

နောင်တ အကြီးကြီးကို ရနေပါလိမ့်မယ်။ အဲဒီလို နည်းပြကောင်း တစ်ယောက်လိုမျိုးကို သူတို့ ဘယ်လိုမှ ပြန်မရနိုင်ပါဘူး’’ လို့ ဟိုင်ဒယ်က တော့ဒ်ဘိုလေကို ဒဲ့ဖြုတ်ခဲ့တာပါ။ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ တော့ဒ်ဘိုလေဟာ ချဲလ်ဆီးကို ဝယ်ယူပိုင်ဆိုင်ပြီး

ရက်ပေါင်း ၁၀၀ အတွင်း မှာ နည်းပြတူချယ်ကို ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်သားနည်းပြ ဂရေဟမ်ပေါ်တာကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။ သူဟာ အသင်းပိုင်ရှင်လည်း ဖြစ်သလို လုပ်ငန်းလည်ပတ်ရေး အကြီးအကဲ တာဝန်ကိုလည်း

ပူးတွဲရယူထားသူဖြစ်ပါတယ်။ စစ်စင်အားဖြင့်တော့ တူချယ်ကို ထုတ်ပယ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ တကယ်ကို ရူးမိုက်လွန်းတယ်လို့ပဲ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ နွေရာသီမှာ ချဲလ်ဆီးဟာ ပေါင် ၂၇၃ သန်း သုံးပြီး

ကစားသမားသစ်တွေ ခေါ်ယူခဲ့သလို အဲဒီကစားသမားတွေဟာလည်း တူချယ်စိတ်တိုင်းကျ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းကို တည်ဆောက်နေဆဲ ကာလအတွင်းမှာ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ တူ ချယ်ကို ထုတ်ပယ်လိုက်တာဟာ လူပြောစရာ ဖြစ်လာတော့တာပါပဲ။

(zawgyi)

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလဟာ ေဘာလုံးအေၾကာင္း ဘာမွနားလည္တဲ့ေကာင္မဟုတ္တဲ့အတြက္ နည္းျပတူခ်ယ္ကို ထုတ္ပယ္လိုက္တာ ျဖစ္တယ္လို႔ မိန႔္ဇ္အသင္း အားကစားဒါ႐ိုက္တာ ခရစ္ရွန္ဟိုင္ဒယ္က ေဝဖန္လိုက္ပါတယ္။ အရည္အေသြးျမင့္ နည္းျပတူခ်ယ္ကို

ရာထူးက ထုတ္ပယ္ လိုက္တဲ့အျဖစ္ကို စုပ္တသပ္သပ္ျဖစ္ေနတဲ့ ဟိုင္ဒယ္က ခ်ဲလ္ဆီးအသင္းပိုင္ ရွင္ေတြအေနနဲ႔ ဂ်ာမန္သားနည္းျပရဲ႕ ေျခရာကိုနင္းႏိုင္မယ့္ နည္းျပမ်ိဳး ရွာလို႔ ရမွာမဟုတ္တာေၾကာင့္ ေနာင္တရေနၾကေတာ့မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

‘’ေဘာလုံးမွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြအေပၚ ဆန႔္က်င္သူေတြကို ျဖဳတ္ထုတ္သတ္ လုပ္တာဟာ နည္းေရာင္း မ်ားေရာင္း ဆိုသလိုပါပဲ။ ဒါက ရင္းႏွီးျမႇဳပ္ႏွံသူေတြ ရဲ႕ ဆုံးျဖတ္ခ်က္ဆိုတာ ထင္းေနတာပဲ။ အဆင့္ ၆ ေနရာေလာက္ ေရာက္ၿပီ ဆိုရင္

ဒါက မဟုတ္ေတာ့ဘူးဆိုၿပီး ထင္ေနၾကတဲ့ ေဘာလုံးအေၾကာင္း ဘာ တစ္ခုမွမသိတဲ့ လူတခ်ိဳ႕ ေျပာၾကတယ္။ ေနာက္ထပ္တစ္ေယာက္နဲ႔ ႀကိဳး စား ၾကည့္ၾကတာေပါ့ကြာ။ ၆ ပြဲေလာက္လည္း ကစားၿပီးေရာ။ ငါေတာ့ ထပ္ၿပီး မေတြးတတ္ေတာ့ဘူး ျဖစ္ျပန္ေရာ။

ဒါေပမဲ့ ခ်ဲလ္ဆီးကေတာ့ အဲဒီ ကိစၥအ တြက္ ေနာင္တ အႀကီးႀကီးကို ရေနပါလိမ့္မယ္။ အဲဒီလို နည္းျပေကာင္း တစ္ေယာက္လိုမ်ိဳးကို သူတို႔ ဘယ္လိုမွ ျပန္မရႏိုင္ပါဘူး’’ လို႔ ဟိုင္ဒယ္က ေတာ့ဒ္ဘိုေလကို ဒဲ့ျဖဳတ္ခဲ့တာပါ။ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ျဖစ္တဲ့ ေတာ့ဒ္ဘိုေလဟာ

ခ်ဲလ္ဆီးကို ဝယ္ယူပိုင္ဆိုင္ၿပီး ရက္ေပါင္း ၁၀၀ အတြင္း မွာ နည္းျပတူခ်ယ္ကို ရာထူးကေန ဖယ္ရွားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အဂၤလန္သားနည္းျပ ဂေရဟမ္ေပၚတာကို အစားထိုး ခန႔္အပ္ခဲ့ပါတယ္။ သူဟာ အသင္းပိုင္ရွင္လည္း ျဖစ္သလို

လုပ္ငန္းလည္ပတ္ေရး အႀကီးအကဲ တာဝန္ကိုလည္း ပူးတြဲရယူထားသူျဖစ္ပါတယ္။ စစ္စင္အားျဖင့္ေတာ့ တူခ်ယ္ကို ထုတ္ပယ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ဟာ တကယ္ကို ႐ူးမိုက္လြန္းတယ္လို႔ပဲ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေႏြရာသီမွာ ခ်ဲလ္ဆီးဟာ ေပါင္ ၂၇၃ သန္း သုံးၿပီး ကစားသမားသစ္ေတြ ေခၚယူခဲ့သလို

အဲဒီကစားသမားေတြဟာလည္း တူခ်ယ္စိတ္တိုင္းက် ေခၚယူခဲ့တဲ့ ကစားသမားေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းကို တည္ေဆာက္ေနဆဲ ကာလအတြင္းမွာ ဆိုင္းမဆင့္ ဗုံမဆင့္ဘဲ တူ ခ်ယ္ကို ထုတ္ပယ္လိုက္တာဟာ လူေျပာစရာ ျဖစ္လာေတာ့တာပါပဲ။