ဘောလုံးအကြောင်းဘာမှမသိတဲ့ သူငယ်နှပ်စားတစ်ယောက်ကို လက်ချာရိုက်သလိုမျိုး တော့ဒ်ဘိုလေကို ဂျာဂင်ကလော့ပ်တုံ့ပြန်

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေရဲ့ ပရီးမီးယားလိဂ် All Star ပွဲအစီအစဉ်နဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က တုံ့ပြန်လိုက်ပါတယ်။ ရိုးရိုးမဟုတ်ပါဘူး။ ဘောလုံးအကြောင်းဘာမှမသိတဲ့ သူငယ်နှပ်စားတစ်ယောက်ကို ရှင်းပြနေသလိုမျိုး

ရယ်ရယ်မောမောနဲ့ကို အချက်ကျကျ တုံ့ပြန်သွားခဲ့တာပါ။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာကျင်းပနေတဲ့ SALT ညီလာခံမှာ တော့ဒ်ဘိုလေက ပရီးမီးယားလိဂ်ဟာ အမေရိကန်အားကစားနည်းတွေကို အတုယူသင့်ကြောင်း၊ ပုံမှန်အတိုင်း အောက်ဆုံး ၃ သင်း တန်းဆင်းမယ့်အစား

၄ သင်းပြိုင်ပွဲတစ်ခုလုပ်ပြီးမှ ၃ သင်းတန်းဆင်းသင့်ကြောင်း၊ တောင်ပိုင်းနဲ့မြောက်ပိုင်း All Star အသင်းပွဲကျင်းပရင်း ရန်ပုံငွေရှာနိုင်ကြောင်း စသည်ဖြင့် အကြံပေးသွားခဲ့တာပါ။ တကယ်တော့ တော့ဒ်ဘိုလေဟာ နွေရာသီအစောပိုင်းကမှ

ဘောလုံးလောကနဲ့ စတင်ပတ်သက်လာခဲ့သူပါ။ ဂျာဂင်ကလော့ပ်ကတော့ “ သူက မတွန့်ဆုတ်တတ်ဘူး။ အကြာကြီးလည်း မစောင့်နိုင်ပုံပဲ။ အိုး .. မိုက်တယ်ဗျာ။ အဆင်ပြေတဲ့နေ့မှာ ကျွန်တော့်ကို သူ ဖုန်းခေါ်လို့ရပါတယ်။

အမေရိကမှာရှိတဲ့အားကစားပွဲကြီးတွေမှာ ကစားသမားတွေဟာ ၄ လ လောက်နားရတာကို သူမေ့နေပုံရပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ အားကစားနည်းနည်းလုပ်ရတာ သူတို့ပျော်ကြတာပေါ့။ ဘောလုံးနဲ့ လုံးဝမတူပါဘူး။ ကျွန်တော် ဘာပြောနိုင်မှာလဲ။

သူက Harlem Globetrotters( အမေရိကန်သရုပ်ပြဘတ်စကက်ဘောအသင်း)ကို ခေါ်လာပြီး ဘောလုံးအသင်းတစ်သင်းနဲ့ ကစားစေချင်တာလား။ ဒီမေးခွန်းကြောင့် ကျွန်တော်အံ့သြမိပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့အဖြေတွေကို

အရမ်းကြီးမဆုံးဖြတ်လိုက်ပါနဲ့ဦး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ဒီပွဲတွေကစားဖို့ သင့်တော်မယ့်ရက်စွဲနဲ့ပတ်သက်ပြီး ကျွန်တော့်ကို သူ ရှင်းပြနိုင်ပါလိမ့်မယ် ” လို့ အေဂျက်ဇ်ကိုအနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။

(zawgyi)

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလရဲ႕ ပရီးမီးယားလိဂ္ All Star ပြဲအစီအစဥ္နဲ႔ပတ္သက္ၿပီး လီဗာပူးလ္နည္းျပဂ်ာဂင္ကေလာ့ပ္က တုံ႔ျပန္လိုက္ပါတယ္။ ႐ိုး႐ိုးမဟုတ္ပါဘူး။ ေဘာလုံးအေၾကာင္းဘာမွမသိတဲ့ သူငယ္ႏွပ္စားတစ္ေယာက္ကို ရွင္းျပေနသလိုမ်ိဳး

ရယ္ရယ္ေမာေမာနဲ႔ကို အခ်က္က်က် တုံ႔ျပန္သြားခဲ့တာပါ။ အေမရိကန္ႏိုင္ငံ နယူးေယာ့ခ္ၿမိဳ႕မွာက်င္းပေနတဲ့ SALT ညီလာခံမွာ ေတာ့ဒ္ဘိုေလက ပရီးမီးယားလိဂ္ဟာ အေမရိကန္အားကစားနည္းေတြကို အတုယူသင့္ေၾကာင္း၊ ပုံမွန္အတိုင္း

ေအာက္ဆုံး ၃ သင္း တန္းဆင္းမယ့္အစား ၄ သင္းၿပိဳင္ပြဲတစ္ခုလုပ္ၿပီးမွ ၃ သင္းတန္းဆင္းသင့္ေၾကာင္း၊ ေတာင္ပိုင္းနဲ႔ေျမာက္ပိုင္း All Star အသင္းပြဲက်င္းပရင္း ရန္ပုံေငြရွာႏိုင္ေၾကာင္း စသည္ျဖင့္ အႀကံေပးသြားခဲ့တာပါ။

တကယ္ေတာ့ ေတာ့ဒ္ဘိုေလဟာ ေႏြရာသီအေစာပိုင္းကမွ ေဘာလုံးေလာကနဲ႔ စတင္ပတ္သက္လာခဲ့သူပါ။ ဂ်ာဂင္ကေလာ့ပ္ကေတာ့ “ သူက မတြန႔္ဆုတ္တတ္ဘူး။ အၾကာႀကီးလည္း မေစာင့္ႏိုင္ပုံပဲ။ အိုး .. မိုက္တယ္ဗ်ာ။ အဆင္ေျပတဲ့ေန႔မွာ

ကြၽန္ေတာ့္ကို သူ ဖုန္းေခၚလို႔ရပါတယ္။ အေမရိကမွာရွိတဲ့အားကစားပြဲႀကီးေတြမွာ ကစားသမားေတြဟာ ၄ လ ေလာက္နားရတာကို သူေမ့ေနပုံရပါတယ္။ ဒါေၾကာင့္ အားလပ္ရက္မွာ အားကစားနည္းနည္းလုပ္ရတာ သူတို႔ေပ်ာ္ၾကတာေပါ့။

ေဘာလုံးနဲ႔ လုံးဝမတူပါဘူး။ ကြၽန္ေတာ္ ဘာေျပာႏိုင္မွာလဲ။ သူက Harlem Globetrotters( အေမရိကန္သ႐ုပ္ျပဘတ္စကက္ေဘာအသင္း)ကို ေခၚလာၿပီး ေဘာလုံးအသင္းတစ္သင္းနဲ႔ ကစားေစခ်င္တာလား။ ဒီေမးခြန္းေၾကာင့္ ကြၽန္ေတာ္အံ့ၾသမိပါတယ္။

ဒါေၾကာင့္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ရဲ႕အေျဖေတြကို အရမ္းႀကီးမဆုံးျဖတ္လိုက္ပါနဲ႔ဦး။ ဒါေပမဲ့ တစ္ခ်ိန္ခ်ိန္မွာေတာ့ ဒီပြဲေတြကစားဖို႔ သင့္ေတာ္မယ့္ရက္စြဲနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္ကို သူ ရွင္းျပႏိုင္ပါလိမ့္မယ္ ” လို႔ ေအဂ်က္ဇ္ကိုအႏိုင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲအၿပီးမွာ ေျပာသြားခဲ့တာပါ။