ဘောလုံးသမားဘဝကနေ စီရော်နယ်လ်ဒို အနားယူသွားနိုင်တယ်လို့ ယူနိုက်တက် အသင်းဖော်ဟောင်း အီဗရာ သုံးသပ်

မန်ချက်စတာယူနိုက်တက် နာမည်ကျော်နောက်ခံလူဟောင်း အီဗရာက စီရော်နယ်လ်ဒို

အနေနဲ့ လာမယ့်ဇန်နဝါရီကျရင် ကလပ်အသင်းသစ်ရှာဖွေဖို့ထက် ဘောလုံးသမားဘဝက
အနားယူသွားဖို့က ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။

အီဗရာနဲ့ စီရော်နယ်လ်ဒိုတို့ဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်အထိ
လက်တွဲကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားတွေ
အများကြီး ရယူနိုင်ခဲ့ကြပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းနဲ့
နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် Free Agent ဖြစ်နေပြီး ကလပ်
အသင်းသစ်တစ်သင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့လည်း အီဗရာကတော့
စီရော်နယ်လ်ဒိုဟာ ဘောလုံးသမားဘဝကနေ ရုတ်တရက် အနားယူသွားဖို့ရှိတယ်လို့

ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

Sky Sports News ရုပ်သံနဲ့ အင်တာဗျူးမှာ အီဗရာက “ကျွန်တော် စီရော်နယ်လ်ဒိုနဲ့ ဆက်သွယ်

စကားပြောတဲ့အခါ သူ ဘာဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး။
စီရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ကစားပြီး
ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ဖို့ အိပ်မက်,မက်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ အိပ်မက်က
အဆုံးသတ်ခဲ့ရပါပြီ။

စီရော်နယ်လ်ဒိုအနေနဲ့ ဘောလုံးသမားဘဝက အနားမလား . . ဘောလုံးဆက်ကစားမလား
ဆိုတာ ကျွန်တော် အတိအကျမသိပေမယ့် တကယ်လို့ သူ ဘောလုံးသမားဘဝကနေ အနားယူ
သွားမယ်ဆိုရင်လည်း ကျွန်တော် အံ့သြနေမှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္ေနာက္ခံလူေဟာင္း အီဗရာက စီေရာ္နယ္လ္ဒို
အေနနဲ႔ လာမယ့္ဇန္နဝါရီက်ရင္ ကလပ္အသင္းသစ္ရွာေဖြဖို႔ထက္ ေဘာလုံးသမားဘဝက

အနားယူသြားဖို႔က ပိုၿပီးျဖစ္ႏိုင္ေျခရွိတယ္လို႔ ခန႔္မွန္းသုံးသပ္ခဲ့ပါတယ္။

အီဗရာနဲ႔ စီေရာ္နယ္လ္ဒိုတို႔ဟာ ယူႏိုက္တက္အသင္းမွာ ၂၀၀၆ ကေန ၂၀၀၉ ခုႏွစ္အထိ

လက္တြဲကစားခဲ့ဖူးၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္အပါအဝင္ အဓိကဆုဖလားေတြ
အမ်ားႀကီး ရယူႏိုင္ခဲ့ၾကပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့လက ယူႏိုက္တက္အသင္းနဲ႔
ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးတဲ့ေနာက္ Free Agent ျဖစ္ေနၿပီး ကလပ္
အသင္းသစ္တစ္သင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးပမ္းေနပါတယ္။ ဒါေပမဲ့လည္း အီဗရာကေတာ့
စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမားဘဝကေန ႐ုတ္တရက္ အနားယူသြားဖို႔ရွိတယ္လို႔
ခန႔္မွန္းခဲ့တာျဖစ္ပါတယ္။

Sky Sports News ႐ုပ္သံနဲ႔ အင္တာဗ်ဴးမွာ အီဗရာက “ကြၽန္ေတာ္ စီေရာ္နယ္လ္ဒိုနဲ႔ ဆက္သြယ္
စကားေျပာတဲ့အခါ သူ ဘာဆက္လုပ္မယ္ဆိုတာနဲ႔ပတ္သက္ၿပီး ေဆြးေႏြးတာမ်ိဳး မရွိခဲ့ပါဘူး။

စီေရာ္နယ္လ္ဒိုဟာ လက္ေ႐ြးစင္အသင္းအတြက္ ႀကံ့ခိုင္မႈအျပည့္နဲ႔ ပါဝင္ကစားၿပီး
ကမာၻ႔ဖလားခ်န္ပီယံဆုရယူႏိုင္ဖို႔ အိပ္မက္,မက္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ သူ႔ အိပ္မက္က
အဆုံးသတ္ခဲ့ရပါၿပီ။

စီေရာ္နယ္လ္ဒိုအေနနဲ႔ ေဘာလုံးသမားဘဝက အနားမလား . . ေဘာလုံးဆက္ကစားမလား
ဆိုတာ ကြၽန္ေတာ္ အတိအက်မသိေပမယ့္ တကယ္လို႔ သူ ေဘာလုံးသမားဘဝကေန အနားယူ
သြားမယ္ဆိုရင္လည္း ကြၽန္ေတာ္ အံ့ၾသေနမွာ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။