ဘောလုံးလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်သူ အီတလီဂန္ထဝင်ကြီး ဗီယာလီ ကင်ဆာရောဂါကြောင့် ကွယ်လွန်

အီတလီ၊ ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်စ်ဂန္ထဝင်တိုက်စစ်မှူး ဗီယာလီဟာ

အသက်(၅၈)နှစ်အရွယ်မှာပဲ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဗီယာလီဟာ
ပန်ကရိယကင်ဆာရောဂါကို (၅)နှစ်ကြာ ခံစားခဲ့ရပြီးတဲ့နောက် မနေ့က
လန်ဒန်မြို့က ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ဘောလုံးလောကရဲ့ ကြယ်ပွင့်တွေ
တဖြုတ်ဖြုတ်ကြွေကျခဲ့ပြီး ဗီယာလီမတိုင်ခင်က ယူဂိုဆလားဗီးယားဂန္ထဝင်
မီဟိုင်းလိုဗစ်၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဘရာဇီးလ်ဂန္ထဝင်ကြီး ပီလီတို့ဟာ
သူတို့ ချစ်တဲ့ဘောလုံးလောကနဲ့ မိသားစုတွေကို ကျောခိုင်းပြီးတော့

လူ့လောကကြီးထဲကနေ ထွက်ခွာခဲ့ပါတယ်။

ဗီယာလီရဲ့ နာရေးသတင်းနဲ့ပတ်သက်ပြီး သူ့မိသားစုက ‘ပြီးခဲ့တဲ့နှစ်တွေ

အတွင်း ဗီယာလီအတွက် ချစ်တဲ့စိတ်နဲ့ အားပေးခဲ့ကြသူတွေ အကုန်လုံးကို
ကျေးဇူးတင်ပါတယ်။ ဗီယာလီနဲ့ပတ်သက်တဲ့ အမှတ်တရတွေ၊ သူ့ရဲ့
လေးစားစရာအပြုအမူတွေကို ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း
သိမ်းဆည်းသွားမှာပါ’လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗီယာလီဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ၁၉၈၆၊ ၁၉၉၀ ကမ္ဘာ့ဖလား
ပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားမှာ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။
ကလပ်အသင်းကစားသမားဘဝမှာတော့ ဆီရီမိုနီးစ်၊ ဆမ်ဒိုးရီးယား၊ ဂျူဗင်တပ်စ်၊

ချယ်လ်ဆီးတို့မှာ ကစားခဲ့ပြီး စီးရီးအေ၊ ကိုပါအီတာလီယာ၊ ချနပ်ီယံလိဂ်၊
UEFA ဖလား(ယူရိုပါလိဂ်)၊ FA ဖလား၊ လိဂ်ဖလား၊ UEFA Cup Winners’ Cup

အပါအဝင် ကြီးမားတဲ့ဆုဖလားအောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဗီယာလီဟာ ချယ်လ်ဆီးအသင်းမှာ ကစားသမားအဖြစ်သာမက နည်းပြဘဝနဲ့ပါ

ဆုဖလားအောင်မြင်မှုတွေ ရယူခဲ့ပြီး FA ဖလား၊ ချာရတီဒိုင်း၊ ဥရောပစူပါဖလားတွေ
ဆွတ်ခူးခဲ့ပါတယ်။

ဗီယာလီရဲ့ သတင်းဟာ အီတလီဘောလုံးအတွက်သာမက ကမ္ဘာတစ်ဝန်းက
ဘောလုံးပရိသတ်တွေအတွက်ပါ ဝမ်းနည်းစရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး
ချယ်လ်ဆီးပရိသတ်တွေကလည်း သူတို့ရဲ့ ဂန္ထဝင်အတွက် ဝမ်းနည်းကြောင်း
စကားတွေ ရေးသားခဲ့ကြပါတယ်။

[Zawgyi]

အီတလီ၊ ခ်ယ္လ္ဆီးနဲ႔ ဂ်ဴဗင္တပ္စ္ဂႏၴဝင္တိုက္စစ္မႉး ဗီယာလီဟာ
အသက္(၅၈)ႏွစ္အ႐ြယ္မွာပဲ ကြယ္လြန္သြားၿပီျဖစ္ပါတယ္။ ဗီယာလီဟာ
ပန္ကရိယကင္ဆာေရာဂါကို (၅)ႏွစ္ၾကာ ခံစားခဲ့ရၿပီးတဲ့ေနာက္ မေန႔က

လန္ဒန္ၿမိဳ႕က ေဆး႐ုံမွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္းမွာ ေဘာလုံးေလာကရဲ႕ ၾကယ္ပြင့္ေတြ

တျဖဳတ္ျဖဳတ္ေႂကြက်ခဲ့ၿပီး ဗီယာလီမတိုင္ခင္က ယူဂိုဆလားဗီးယားဂႏၴဝင္
မီဟိုင္းလိုဗစ္၊ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဘရာဇီးလ္ဂႏၴဝင္ႀကီး ပီလီတို႔ဟာ
သူတို႔ ခ်စ္တဲ့ေဘာလုံးေလာကနဲ႔ မိသားစုေတြကို ေက်ာခိုင္းၿပီးေတာ့
လူ႔ေလာကႀကီးထဲကေန ထြက္ခြာခဲ့ပါတယ္။

ဗီယာလီရဲ႕ နာေရးသတင္းနဲ႔ပတ္သက္ၿပီး သူ႔မိသားစုက ‘ၿပီးခဲ့တဲ့ႏွစ္ေတြ
အတြင္း ဗီယာလီအတြက္ ခ်စ္တဲ့စိတ္နဲ႔ အားေပးခဲ့ၾကသူေတြ အကုန္လုံးကို
ေက်းဇူးတင္ပါတယ္။ ဗီယာလီနဲ႔ပတ္သက္တဲ့ အမွတ္တရေတြ၊ သူ႔ရဲ႕

ေလးစားစရာအျပဳအမူေတြကို ကြၽန္ေတာ္တို႔ရဲ႕ ႏွလုံးသားထဲမွာ အၿမဲတမ္း
သိမ္းဆည္းသြားမွာပါ’လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဗီယာလီဟာ အီတလီလက္ေ႐ြးစင္အသင္းနဲ႔အတူ ၁၉၈၆၊ ၁၉၉၀ ကမာၻ႔ဖလား
ၿပိဳင္ပြဲေတြမွာ ပါဝင္ဆင္ႏႊဲခဲ့ၿပီး ၁၉၉၀ ကမာၻ႔ဖလားမွာ ေၾကးတံဆိပ္ဆု ရရွိခဲ့ပါတယ္။
ကလပ္အသင္းကစားသမားဘဝမွာေတာ့ ဆီရီမိုနီးစ္၊ ဆမ္ဒိုးရီးယား၊ ဂ်ဴဗင္တပ္စ္၊

ခ်ယ္လ္ဆီးတို႔မွာ ကစားခဲ့ၿပီး စီးရီးေအ၊ ကိုပါအီတာလီယာ၊ ခ်နပ္ီယံလိဂ္၊
UEFA ဖလား(ယူ႐ိုပါလိဂ္)၊ FA ဖလား၊ လိဂ္ဖလား၊ UEFA Cup Winners’ Cup
အပါအဝင္ ႀကီးမားတဲ့ဆုဖလားေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ဗီယာလီဟာ ခ်ယ္လ္ဆီးအသင္းမွာ ကစားသမားအျဖစ္သာမက နည္းျပဘဝနဲ႔ပါ
ဆုဖလားေအာင္ျမင္မႈေတြ ရယူခဲ့ၿပီး FA ဖလား၊ ခ်ာရတီဒိုင္း၊ ဥေရာပစူပါဖလားေတြ
ဆြတ္ခူးခဲ့ပါတယ္။

ဗီယာလီရဲ႕ သတင္းဟာ အီတလီေဘာလုံးအတြက္သာမက ကမာၻတစ္ဝန္းက
ေဘာလုံးပရိသတ္ေတြအတြက္ပါ ဝမ္းနည္းစရာ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ၿပီး

ခ်ယ္လ္ဆီးပရိသတ္ေတြကလည္း သူတို႔ရဲ႕ ဂႏၴဝင္အတြက္ ဝမ္းနည္းေၾကာင္း
စကားေတြ ေရးသားခဲ့ၾကပါတယ္။