ဘောလုံးမပေးလို့ စိတ်ကောက်သလို စိတ်ပျက်စရာအောင်ပွဲခံခဲ့တဲ့ အမ်ဘာပီ ဝေဖန်ခံနေရ

ပရီးမီးယားလိဂ်ကမ္ဘာဘက်ခြမ်းမှာ သရဲနီတွေလောင်နေတဲ့သတင်းတွေ ဖုံးလွှမ်းနေသလို လီဂူး-၁ မှာလည်း အမ်ဘာပီရဲ့လုပ်ပေါက်ကို ပီအက်စ်ဂျီပရိသတ်တွေ ဝေဖန်နေကြပါတယ်။ ပါရီအခြေစိုက်ကလပ်ဟာ မနေ့ညကစားခဲ့တဲ့

လီဂူး-၁ ဒုတိယပွဲစဉ်မှာ မောင့်ပယ်လီယာကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နည်းပြသစ်ဂယ်လ်တီယာလက်ထက် လိဂ်အဖွင့် ၂ ပွဲဆက် အနိုင်ရတာဖြစ်ပြီး သွင်းဂိုးကလည်း ၁၀ ဂိုးရှိသွားပြီဖြစ်တာကြောင့် ပီအက်စ်ဂျီပရိသတ်တွေအတွက်

ပျော်စရာပါပဲ။ ဒါပေမဲ့ သူတို့ဟာ အမ်ဘာပီရဲ့အပြုအမူကြောင့် အပြည့်အဝမပျော်နိုင်ဘဲ အကုသိုလ်များနေရပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ပထမပိုင်းမှာရတဲ့ ပင်နယ်တီကို ဝင်အောင်မသွင်းနိုင်ခဲ့ပါဘူး။

ဒါ့အပြင် တန်ပြန်တိုက်စစ်ကနေ ဗီတင်ဟာ ဘောလုံးယူလာရာမှာ သူ့ကိုမပေးတာကြောင့် စိတ်ကောက်သွားခဲ့ပါတယ်။ ဗီတင်ဟာက ဘယ်ဘက်ခြမ်းမှာ အမ်ဘာပီ၊ ညာဘက်ခြမ်းမှာ မက်ဆီရှိနေတာကို

အာဂျင်တီးနားတိုက်စစ်မှူးဆီ ပေးပို့ခဲ့တာပါ။ ဒါကို ပေါက်ကွဲသွားတဲ့ ပြင်သစ်သားက ဆက်မပြေးတော့ဘဲ ရပ်လိုက်ပြီး လက်တစ်ခါခါနဲ့ စိတ်ကောက်သွားခဲ့ပါတယ်။ အသင်းရဲ့ကစားကွက်ကနေ

သွေဖယ်သွားတဲ့အထိလုပ်ရပ်ဟာ ပရော်ဖက်ရှင်နယ်မဆန်သလို မရင့်ကျက်မှုကိုပြရာလည်းရောက်တယ်လို့ ပီအက်စ်ဂျီပရိသတ်တွေက ဝေဖန်နေကြပါတယ်။ တစ်ချို့ကလည်း ဒီလုပ်ရပ်ကြောင့် အမ်ဘာပီကို

ချက်ချင်းလူစားလဲလိုက်ရမှာလို့ မှတ်ချက်ပေးနေကြပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ဒုတိယပိုင်းမှာ ဂိုးတစ်ဂိုးသွင်းနိုင်တော့လည်း အသင်းဖော်တွေနဲ့ပျော်ပျော်ရွှင်ရွှင် အောင်ပွဲမခံခဲ့ပါဘူး။

(zawgyi)

ပရီးမီးယားလိဂ္ကမာၻဘက္ျခမ္းမွာ သရဲနီေတြေလာင္ေနတဲ့သတင္းေတြ ဖုံးလႊမ္းေနသလို လီဂူး-၁ မွာလည္း အမ္ဘာပီရဲ႕လုပ္ေပါက္ကို ပီအက္စ္ဂ်ီပရိသတ္ေတြ ေဝဖန္ေနၾကပါတယ္။

ပါရီအေျခစိုက္ကလပ္ဟာ မေန႔ညကစားခဲ့တဲ့ လီဂူး-၁ ဒုတိယပြဲစဥ္မွာ ေမာင့္ပယ္လီယာကို ၅-၂ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ နည္းျပသစ္ဂယ္လ္တီယာလက္ထက္ လိဂ္အဖြင့္ ၂ ပြဲဆက္ အႏိုင္ရတာျဖစ္ၿပီး သြင္းဂိုးကလည္း

၁၀ ဂိုးရွိသြားၿပီျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီပရိသတ္ေတြအတြက္ ေပ်ာ္စရာပါပဲ။ ဒါေပမဲ့ သူတို႔ဟာ အမ္ဘာပီရဲ႕အျပဳအမူေၾကာင့္ အျပည့္အဝမေပ်ာ္ႏိုင္ဘဲ အကုသိုလ္မ်ားေနရပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ

ပထမပိုင္းမွာရတဲ့ ပင္နယ္တီကို ဝင္ေအာင္မသြင္းႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ တန္ျပန္တိုက္စစ္ကေန ဗီတင္ဟာ ေဘာလုံးယူလာရာမွာ သူ႔ကိုမေပးတာေၾကာင့္ စိတ္ေကာက္သြားခဲ့ပါတယ္။ ဗီတင္ဟာက ဘယ္ဘက္ျခမ္းမွာ

အမ္ဘာပီ၊ ညာဘက္ျခမ္းမွာ မက္ဆီရွိေနတာကို အာဂ်င္တီးနားတိုက္စစ္မႉးဆီ ေပးပို႔ခဲ့တာပါ။ ဒါကို ေပါက္ကြဲသြားတဲ့ ျပင္သစ္သားက ဆက္မေျပးေတာ့ဘဲ ရပ္လိုက္ၿပီး လက္တစ္ခါခါနဲ႔ စိတ္ေကာက္သြားခဲ့ပါတယ္။

အသင္းရဲ႕ကစားကြက္ကေန ေသြဖယ္သြားတဲ့အထိလုပ္ရပ္ဟာ ပေရာ္ဖက္ရွင္နယ္မဆန္သလို မရင့္က်က္မႈကိုျပရာလည္းေရာက္တယ္လို႔ ပီအက္စ္ဂ်ီပရိသတ္ေတြက ေဝဖန္ေနၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း

ဒီလုပ္ရပ္ေၾကာင့္ အမ္ဘာပီကို ခ်က္ခ်င္းလူစားလဲလိုက္ရမွာလို႔ မွတ္ခ်က္ေပးေနၾကပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ ဒုတိယပိုင္းမွာ ဂိုးတစ္ဂိုးသြင္းႏိုင္ေတာ့လည္း အသင္းေဖာ္ေတြနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေအာင္ပြဲမခံခဲ့ပါဘူး။