
ဆာဆင်နယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်က လက်ရှိဘောလုံးလောကမှာ
ကစားသမားတွေရဲ့ အရည်အချင်းက အဓိက ဦးစားပေး မဟုတ်တော့ပဲ
ပွဲတွေက စက်ရုပ်ဆန်လာတယ်လို့ ဆိုပါတယ်။ ကွင်းလယ်ကစားသမားက
စာရင်းအင်း အချက်အလက် နှင့် ဂျီပီအက်စ်တို့ရဲ့ အရေးပါမှုတွေက
အသင်းရဲ့ ပြင်ဆင်မှု နှင့် အားကစားရဲ့ စိတ်ခံစားမှုတွေအပေါ်
လွှမ်းမိုးလာတယ်လို့ ယုံကြည်နေပါတယ်။ ဖာဘရီဂတ်စ်က စပိန်သတင်းစာ
မာကာနဲ့ တွေ့ဆုံစဉ် “ ဘောလုံးက အများကြီး ပြောင်းလဲသွားပါပြီ။
လွန်ခဲ့တဲ့ ( ၄ ) နှစ် ၊ ( ၅ ) နှစ်မှာ အပြောင်းအလဲစခဲ့ပြီး လက်ရှိမှာ
အတော်လေး သိသာလာပါပြီ။”လို့ ဆိုခဲ့ပါတယ်။
“ မန်နေဂျာက ဘယ်လိုအခိုက်အတန့်တွေမှာ ဘောလုံးပေးပို့ရမလဲ
ဆိုတာတွေကို ပြောပြတဲ့ အလိုအလျောက်စနစ် (automatisms) တွေအပေါ်
အခြေခံတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ကစားသမားတွေက နေရာအတိအကျမှာ
နေရာယူထားရပါတယ်။ တဖြည်းဖြည်းနဲ့ စက်ရုပ်အားကစားလိုဖြစ်လာပါတယ်။”
ဖာဘရီဂတ်စ်က မန်စီးတီး ၊ အာဆင်နယ်တို့ကို တိုက်ရိုက်ရည်ညွှန်းပြောဆိုခြင်း
မရှိပေမယ့် လက်ရှိ ပရီးမီးယာလိဂ်ပွဲစဉ်တွေကို ပုံမှန်ကြည့်ရှုပါက ပက် ရဲ့စီးတီး ၊
အာတီတာ ရဲ့ အာဆင်နယ် နှင့် ကွန်တေရဲ့ စပါးအသင်းတွေမှာ အဆိုပါ
automatisms ပုံစံတွေကို မြင်တွေ့ရပါလိမ့်မယ်။
NSftblဆိုတဲ့ အကောင့်ပိုင်ရှင် လူငယ်ဘောလုံးနည်းပြတစ်ဦးကတော့
“ သွင်းဂိုးတွေကိုပဲ အာရုံထားပြီး ကြည့်လေ့ရှိတဲ့ သာမာန်ဘောလုံးပရိသတ်
တစ်ဦးကတော့ positional play အသုံးပြုတဲ့ နည်းပြတွေကို စောဒက
တက်တာ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီလို ထိပ်တန်းဘောလုံးသမား
တစ်ယောက်ရဲ့ အမြင်ကတော့ အံ့သြမိပါတယ်။ နည်းပြတွေဟာ ပွဲတွေ
အနိုင်ရရှိအောင် ကူညီပေးဖို့ ပိုက်ဆံပေးပြီး တာဝန်ပေးခြင်းခံထားရသူတွေပါ။
ကမောက်ကမအဖြစ်အပျက်တွေမရှိမှ ပွဲကို ပိုမိုထိန်းချုပ်နိုင်မှာဖြစ်သလို
အနိုင်ရဖို့ အခွင့်အရေးပိုများမှာဖြစ်ပါတယ်။” လို့ သုံးသပ်ထားပါတယ်။
“ ဒါက ဘောလုံးလောကရဲ့ ဖြစ်သင့်တဲ့ evolution တစ်ခုပါ။
အကူးအပြောင်းကာလများစွာနဲ့ ကမောက်ကမဆန်တဲ့ အားကစားကို
ကြည့်ချင်တယ်ဆိုရင်တော့ ဘတ်စကက်ဘောကို စမ်းကြည့်သင့်ပါတယ်။”
zawgyi
ေဘာလုံးပြဲေတြက စက္႐ုပ္ဆန္လာတယ္လို႔ ေဝဖန္လိုက္တဲ့ အာဆင္နယ္ ကစားသမားေဟာင္း
ဆာဆင္နယ္ ကစားသမားေဟာင္း ဖာဘရီဂတ္စ္က လက္ရွိေဘာလုံးေလာကမွာ
ကစားသမားေတြရဲ႕ အရည္အခ်င္းက အဓိက ဦးစားေပး မဟုတ္ေတာ့ပဲ
ပြဲေတြက စက္႐ုပ္ဆန္လာတယ္လို႔ ဆိုပါတယ္။ ကြင္းလယ္ကစားသမားက
စာရင္းအင္း အခ်က္အလက္ ႏွင့္ ဂ်ီပီအက္စ္တို႔ရဲ႕ အေရးပါမႈေတြက
အသင္းရဲ႕ ျပင္ဆင္မႈ ႏွင့္ အားကစားရဲ႕ စိတ္ခံစားမႈေတြအေပၚ
လႊမ္းမိုးလာတယ္လို႔ ယုံၾကည္ေနပါတယ္။ ဖာဘရီဂတ္စ္က စပိန္သတင္းစာ
မာကာနဲ႔ ေတြ႕ဆုံစဥ္ “ ေဘာလုံးက အမ်ားႀကီး ေျပာင္းလဲသြားပါၿပီ။
လြန္ခဲ့တဲ့ ( ၄ ) ႏွစ္ ၊ ( ၅ ) ႏွစ္မွာ အေျပာင္းအလဲစခဲ့ၿပီး လက္ရွိမွာ
အေတာ္ေလး သိသာလာပါၿပီ။”လို႔ ဆိုခဲ့ပါတယ္။
“ မန္ေနဂ်ာက ဘယ္လိုအခိုက္အတန႔္ေတြမွာ ေဘာလုံးေပးပို႔ရမလဲ
ဆိုတာေတြကို ေျပာျပတဲ့ အလိုအေလ်ာက္စနစ္ (automatisms) ေတြအေပၚ
အေျခခံတဲ့ နည္းလမ္းေတြ ရွိပါတယ္။ ကစားသမားေတြက ေနရာအတိအက်မွာ
ေနရာယူထားရပါတယ္။ တျဖည္းျဖည္းနဲ႔ စက္႐ုပ္အားကစားလိုျဖစ္လာပါတယ္။”
ဖာဘရီဂတ္စ္က မန္စီးတီး ၊ အာဆင္နယ္တို႔ကို တိုက္႐ိုက္ရည္ၫႊန္းေျပာဆိုျခင္း
မရွိေပမယ့္ လက္ရွိ ပရီးမီးယာလိဂ္ပြဲစဥ္ေတြကို ပုံမွန္ၾကည့္ရႈပါက ပက္ ရဲ႕စီးတီး ၊
အာတီတာ ရဲ႕ အာဆင္နယ္ ႏွင့္ ကြန္ေတရဲ႕ စပါးအသင္းေတြမွာ အဆိုပါ
automatisms ပုံစံေတြကို ျမင္ေတြ႕ရပါလိမ့္မယ္။
NSftblဆိုတဲ့ အေကာင့္ပိုင္ရွင္ လူငယ္ေဘာလုံးနည္းျပတစ္ဦးကေတာ့
“ သြင္းဂိုးေတြကိုပဲ အာ႐ုံထားၿပီး ၾကည့္ေလ့ရွိတဲ့ သာမာန္ေဘာလုံးပရိသတ္
တစ္ဦးကေတာ့ positional play အသုံးျပဳတဲ့ နည္းျပေတြကို ေစာဒက
တက္တာ နားလည္ေပးလို႔ရပါတယ္။ ဒါေပမယ့္ ဒီလို ထိပ္တန္းေဘာလုံးသမား
တစ္ေယာက္ရဲ႕ အျမင္ကေတာ့ အံ့ၾသမိပါတယ္။ နည္းျပေတြဟာ ပြဲေတြ
အႏိုင္ရရွိေအာင္ ကူညီေပးဖို႔ ပိုက္ဆံေပးၿပီး တာဝန္ေပးျခင္းခံထားရသူေတြပါ။
ကေမာက္ကမအျဖစ္အပ်က္ေတြမရွိမွ ပြဲကို ပိုမိုထိန္းခ်ဳပ္ႏိုင္မွာျဖစ္သလို
အႏိုင္ရဖို႔ အခြင့္အေရးပိုမ်ားမွာျဖစ္ပါတယ္။” လို႔ သုံးသပ္ထားပါတယ္။
“ ဒါက ေဘာလုံးေလာကရဲ႕ ျဖစ္သင့္တဲ့ evolution တစ္ခုပါ။
အကူးအေျပာင္းကာလမ်ားစြာနဲ႔ ကေမာက္ကမဆန္တဲ့ အားကစားကို
ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ဘတ္စကက္ေဘာကို စမ္းၾကည့္သင့္ပါတယ္။”
Leave a Reply