
ဘောလုံးပွဲစဉ်တွေရဲ့ ကြာချိန်ကို မိနစ် ( ၆၀ ) ထိ လျော့ချမယ့် အစီအစဉ်အား





ယခုလအတွင်း စတင်စမ်းသပ်မှု ပြုလုပ်သွားမယ်လို့ inews ရဲ့ သီးသန့်
ဖော်ပြချက်အရ သိရပါတယ်။ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ယူ – ၂၃





Revelation Cup မှာ ဘောလုံးပွဲစဉ်တွေကို တစ်ပိုင်းလျှင် မိနစ် ( ၃၀ ) ထိ
လျော့ချကာ ကစားသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် ပွဲချိန်နာရီကတော့
ဘောလုံးကို အမှန်တကယ် ကစားနေတဲ့ အခါမှသာ အသက်ဝင်မှာဖြစ်ပါတယ်။





ဒီအဆိုပြုမှုက တရားဝင် မဟုတ်သေးပေမယ့် စမ်းသပ်ချက်မှာ အောင်မြင်ပါက
ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က တက္ကသိုလ်တစ်ခုကို ကော်မရှင်ခပေးပြီး





အဆိုပါ ရှာဖွေတွေ့ရှိချက်တွေနဲ့ ပက်သက်တဲ့ အသေးစိတ် မှတ်တမ်းတွေ
ဒေတာတွေကို သုံးသပ်မှု ပြုလုပ်စေမယ်လို့ သိရပါတယ်။
ယခုလို ဘောလုံးပွဲချိန်တွေကို လျော့ချပြီး ပြစ်ဒဏ်ဘောတွေ ၊





လက်ပစ်ဘောတွေ ၊ လူစားလဲတာတွေ ၊ ဂိုးကနေ ကန်တင်မှုတွေ ပြုလုပ်စဉ်
နာရီကို ရပ်ထားတာက အချိန်ဖြုန်းမှုတွေကို ကာကွယ်ပေးနိုင်ပြီး





ဘောလုံးပွဲရဲ့ ရသကို ပိုမို ပေးစွမ်းနိုင်ပါလိမ့်မယ်။
zawgyi






























Leave a Reply