ဘောလုံးနဲ့ပတ်သက်လာရင် ပရိသတ်တွေရဲ့ဆန္ဒကို ဦးထိပ်တင်ထားရမှာ အဓိကပါ

ဥရောပစူပါလိဂ်ပြိုင်ပွဲကြီး လုပ်မယ်ဆိုတော့ အလိုကျတဲ့အသင်းတွေရှိသလို လိုတစ်မျိုး မလိုတစ်မျိုး လုပ်တဲ့သူတွေလည်း ရှိခဲ့တာ အားလုံးအသိပါ။ ဘောလုံးရာသီတစ်လျှောက် ပွဲစဉ်တွေ ပြွတ်သိပ်ကျပ်ညပ်နေတဲ့ကြားထဲမှာမှ ရေပေါ်ဆီပြိုင်ပွဲတစ်ရပ် ဖန်တီးချင်တယ်ဆိုပြီး

ဝေဖန်ခဲ့တဲ့သူတွေကလည်း ဒုနဲ့ဒေးပါ။ အခုလည်း အဲဒီစူပါလိဂ်နဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ဟာဘာ့တ်ဟိုင်ဒယ်က ရီးရဲလ်နဲ့ ဘာစီလိုနာကို ပြင်းပြင်းထန်ထန် အပြစ်တင် လိုက်ပါတယ်။ ဟိုင်ဒယ်ဆိုတာက ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်သလို

ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နဲ့လည်း မစိမ်းသူပါ။ ဒါပေမဲ့ စူပါလိဂ်ကို တစ်စင်ထောင်ချင်တဲ့ ဂုရုကြီးနှစ်ယောက်ကိုတော့ ဟိုင်ဒယ်က ဒဲ့ပဲ ရွှေ့ပါတယ်။ ‘’ပီရက်ဇ်က ဆွေးနွေးပြောဆိုရတာ လက်ပေါက်ကပ်သူတစ်ယောက်ပါ။ ဘာတွေပဲလုပ်လုပ် ပရိသတ်တွေရဲ့ ရည်မှန်းချက်ဆန္ဒကို

ဦးထိပ်မှာ တင်ထားရမှာပဲဖြစ်ပါတယ်။ နောက်ပြီး ပရိသတ်တွေရဲ့ တုံ့ပြန်မှု အကုန် လုံးကိုရောပဲ။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ကို ကျွန်တော် ကြိုက်တယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အကောင်းဆုံး ကလပ်တွေ ယှဉ်ပြိုင်နေကြတဲ့ ရင်သပ်ရှုမောဖွယ်ရာ ပြိုင်ပွဲတစ်ခုဖြစ်လို့ပါ။

ကွာတားဖိုင်နယ်၊ ဒါမှမဟုတ် ၁၆ သင်းအဆင့်ကို ကြည့်လိုက်ရင် ဂုဏ်သတင်းကြီးမားတဲ့ အသင်းတွေ ယှဉ် ပြိုင်နေကြတာပါ။ ရီးရဲလ်ဆို အမြဲတမ်းပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်၊ မန်စီးတီး လီဗာပူး အစရှိသဖြင့်ပေါ့လေ’’ လို့ ဟိုင်ဒယ်က အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

စူပါလိဂ်ဖြစ်မြောက်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့က တစ်ပြေးနေတဲ့ အသင်းတွေပါ။ ဒါပေမဲ့ ဘိုင်ယန်ကတော့ အဲဒီလို ကြိုးစားနေတဲ့ အသင်းပေါင်း ၁၂ သင်းထဲမှာ မပါဝင်ပါဘူး။

စူပါလိဂ်ဆိုတဲ့သဘောမျိုးဟာ ကလပ်အသင်းတွေဆီက ရနိုင်သမျှ ငွေတွေကို ယိုပေါက်သေးသေးလေးတွေ ကတစ်ဆင့် ရနိုင်သမျှ ကဲ့ထုတ်တဲ့ပုံစံမျိုး ဖြစ်နေတာကြောင့် ဘိုင်ယန်ဥက္ကဋ္ဌက ပရိသတ်တွေဘက်ကို ငဲ့ညှာပြီး ထောက်ပြခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန် ဆိုတာဟာ အများပိုင်အသင်းဖြစ်ပြီး ပရိသတ်တွေနဲ့ ပတ်သက်ပြီးလည်း ထူးခြားတဲ့ပြောင်းလဲပေးနိုင်မှု မှတ်တမ်းကောင်းတွေ ရှိခဲ့တဲ့အသင်းပါ။ ဒါကြောင့် ဟိုင်ဒယ်က ဘာပဲလုပ်လုပ် ပရိသတ်တွေရဲ့ ဆန္ဒကို ဦးထိပ်မှာ တင်ထားရမယ်ဆိုပြီး ညွှန်းဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

(zawgyi)

ဥေရာပစူပါလိဂ္ၿပိဳင္ပြဲႀကီး လုပ္မယ္ဆိုေတာ့ အလိုက်တဲ့အသင္းေတြရွိသလို လိုတစ္မ်ိဳး မလိုတစ္မ်ိဳး လုပ္တဲ့သူေတြလည္း ရွိခဲ့တာ အားလုံးအသိပါ။ ေဘာလုံးရာသီတစ္ေလွ်ာက္ ပြဲစဥ္ေတြ ႁပြတ္သိပ္က်ပ္ညပ္ေနတဲ့ၾကားထဲမွာမွ ေရေပၚဆီၿပိဳင္ပြဲတစ္ရပ္ ဖန္တီးခ်င္တယ္ဆိုၿပီး

ေဝဖန္ခဲ့တဲ့သူေတြကလည္း ဒုနဲ႔ေဒးပါ။ အခုလည္း အဲဒီစူပါလိဂ္နဲ႔ပတ္သက္ၿပီး ဘိုင္ယန္ျမဴးနစ္ဥကၠ႒ ဟာဘာ့တ္ဟိုင္ဒယ္က ရီးရဲလ္နဲ႔ ဘာစီလိုနာကို ျပင္းျပင္းထန္ထန္ အျပစ္တင္ လိုက္ပါတယ္။ ဟိုင္ဒယ္ဆိုတာက ဘာစီလိုနာဥကၠ႒ လာေပၚတာနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူျဖစ္သလို

ရီးရဲလ္ဥကၠ႒ ပီရက္ဇ္နဲ႔လည္း မစိမ္းသူပါ။ ဒါေပမဲ့ စူပါလိဂ္ကို တစ္စင္ေထာင္ခ်င္တဲ့ ဂု႐ုႀကီးႏွစ္ေယာက္ကိုေတာ့ ဟိုင္ဒယ္က ဒဲ့ပဲ ေ႐ႊ႕ပါတယ္။ ‘’ပီရက္ဇ္က ေဆြးေႏြးေျပာဆိုရတာ လက္ေပါက္ကပ္သူတစ္ေယာက္ပါ။ ဘာေတြပဲလုပ္လုပ္ ပရိသတ္ေတြရဲ႕ ရည္မွန္းခ်က္ဆႏၵကို

ဦးထိပ္မွာ တင္ထားရမွာပဲျဖစ္ပါတယ္။ ေနာက္ၿပီး ပရိသတ္ေတြရဲ႕ တုံ႔ျပန္မႈ အကုန္ လုံးကိုေရာပဲ။ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ကို ကြၽန္ေတာ္ ႀကိဳက္တယ္လို႔ ေျပာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေကာင္းဆုံး ကလပ္ေတြ ယွဥ္ၿပိဳင္ေနၾကတဲ့ ရင္သပ္ရႈေမာဖြယ္ရာ

ၿပိဳင္ပြဲတစ္ခုျဖစ္လို႔ပါ။ ကြာတားဖိုင္နယ္၊ ဒါမွမဟုတ္ ၁၆ သင္းအဆင့္ကို ၾကည့္လိုက္ရင္ ဂုဏ္သတင္းႀကီးမားတဲ့ အသင္းေတြ ယွဥ္ ၿပိဳင္ေနၾကတာပါ။ ရီးရဲလ္ဆို အၿမဲတမ္းပါတယ္။ ဘာစီလိုနာ၊ ဘိုင္ယန္၊ မန္စီးတီး လီဗာပူး အစရွိသျဖင့္ေပါ့ေလ’’ လို႔ ဟိုင္ဒယ္က အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုသြားခဲ့ပါတယ္။

စူပါလိဂ္ျဖစ္ေျမာက္ေရးအတြက္ က်ားကုတ္က်ားခဲ ႀကိဳးစားေနတဲ့ အသင္းေတြထဲမွာ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔က တစ္ေျပးေနတဲ့ အသင္းေတြပါ။ ဒါေပမဲ့ ဘိုင္ယန္ကေတာ့ အဲဒီလို ႀကိဳးစားေနတဲ့ အသင္းေပါင္း ၁၂ သင္းထဲမွာ မပါဝင္ပါဘူး။

စူပါလိဂ္ဆိုတဲ့သေဘာမ်ိဳးဟာ ကလပ္အသင္းေတြဆီက ရႏိုင္သမွ် ေငြေတြကို ယိုေပါက္ေသးေသးေလးေတြ ကတစ္ဆင့္ ရႏိုင္သမွ် ကဲ့ထုတ္တဲ့ပုံစံမ်ိဳး ျဖစ္ေနတာေၾကာင့္ ဘိုင္ယန္ဥကၠ႒က ပရိသတ္ေတြဘက္ကို ငဲ့ညႇာၿပီး ေထာက္ျပခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ ဆိုတာဟာ အမ်ားပိုင္အသင္းျဖစ္ၿပီး ပရိသတ္ေတြနဲ႔ ပတ္သက္ၿပီးလည္း ထူးျခားတဲ့ေျပာင္းလဲေပးႏိုင္မႈ မွတ္တမ္းေကာင္းေတြ ရွိခဲ့တဲ့အသင္းပါ။ ဒါေၾကာင့္ ဟိုင္ဒယ္က ဘာပဲလုပ္လုပ္ ပရိသတ္ေတြရဲ႕ ဆႏၵကို ဦးထိပ္မွာ တင္ထားရမယ္ဆိုၿပီး ၫႊန္းဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။