ဘောလုံးဆိုတာ လူသားဆန်မှုနဲ့အတူ အားကစားနည်းတစ်ခုဆိုတာထက် ပိုပါတယ်

ဘောလုံးဆိုတာ အားကစားနည်းတစ်ခုဆိုတာထက်ကို ပိုတဲ့အကြောင်းအရာ တွေရှိတယ်လို့ လူတွေ အတော်များများ ပြောကြပါတယ်။ ဘယ်ပုံ ဘယ်နည်းနဲ့ ပိုမိုသာလွန်တာလဲဆိုတာကိုတော့ အတိအကျ အဓိပ္ပာယ် ဖွင့်ဆို ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအရာကို ထင်သာမြင်သာရှိစေတဲ့ အချက်ကို တော့

ကာဒစ်ဇ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မျက်ဝါးထင် ထင်တွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်။ မီရန်ဒီလာကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၆ မိနစ်အရောက် ပွဲကြည့်စင်ပေါ်မှာ ပရိသတ်တစ်ယောက် နှလုံးအမောဖောက်လို့ အရေးပေါ်အခြေအနေ ကြုံရတဲ့အခါ အိမ်ရှင်ဂိုးသမား လီဒက်စ်မာက

အရေးပေါ် ဆေးသေတ္တာကို ပြေးယူပြီး လဲကျနေတဲ့ ပရိသတ်ရှိရာ ပွဲကြည့်စင်အပေါ်ကို ပစ်ပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲကို ဆက်မကစားဘဲ ရပ်ထားခဲ့ပြီး ကစားသမားတွေဟာလည်း ကွင်းထဲကနေ ယာယီခဏတာ ထွက်ခွာပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီလဲကျသွားတဲ့ ပရိသတ် သတိပြန်လည်လာပြီး

ဆေးရုံကို ခေါ်ဆောင်သွားနိုင်တဲ့အချိန်အထိ ရောက်တော့မှ ပွဲကို ဆက်ပြီး ကစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ အာဂျင်တီးနားနွယ်ဖွား ဂိုးသမား လီဒက်စ်မာရဲ့ လူသားဆန်တဲ့လုပ်ရပ်ကို ပရိသတ်တွေအားလုံး ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး အထူးသဖြင့် တွစ်တာ၊ အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်စတဲ့

လူမှုကွန်ရက်တွေပေါ်မှာလည်း ချီးမွမ်းသံတွေ ပဲ့တင်ထပ်ခဲ့ပါတယ်။ နောက်ပြီး အခင်းဖြစ်ပွားချိန်မှာ ဘာစီလိုနာဟာ ကာဒစ်ဇ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရနေခဲ့တာပါ။ ဒါပေမဲ့ အခြေအနေတွေ ဒီထက်ပိုဆိုးလာခဲ့ရင် သူတို့အနိုင်ရနေတဲ့ပွဲကို ရပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဘာစီလိုနာနည်းပြ ဇာဗီးကလည်း ဆိုပါတယ်။

‘’ဒါက ထူးခြားဖြစ်စဉ်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့တာပါ။ သူဟာ လဲကျသွားတယ်လို့ ကျွန်တော်တို့ ကြားခဲ့ရတယ်။ တချို့တွေပြောကြတာကတော့ နှလုံးအမော ဖောက်တာတဲ့။ တစ်ချက်လောက် ပိုဆိုးသွားခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ပွဲကို ရပ်ပစ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သူက

အသက်ပြန်ရှူနိုင်ခဲ့ ပြီး ကျွန်တော်တို့လည်း ပွဲကို ဆက်ကစားနိုင်ခဲ့တာပါ။ ကျွန်တော်တို့ဟာ လူ တစ်ယောက်ရဲ့ အသက်အကြောင်း ပြောနေကြတာပါ။ သူ့ရဲ့ အသက်တာဟာ ဘောလုံးရဲ့ အထက်မှာပဲ ရှိပါတယ်။ ကံကောင်းတာကတော့ သူက သတိပြန်လည်လာပါတယ်။ ပြန်ကောင်းလာတော့မယ်လို့လည်း

ကျွန်တော် တို့ မျှော်လင့်ပါတယ်’’ လို့ ကာဒစ်ဇ်ကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဇာဗီးက ပြောဆိုခဲ့ပါတယ်။ လူ့အသက်တစ်ချောင်းကို အမြတ်တနိုး တန်ဖိုးထား ပြီး လူသားဆန်မှုကို ပြသတတ်တဲ့ လူ့အသိုင်းအဝိုင်းမျိုးရှိနေတဲ့ ဘောလုံးဆိုတာဟာ ဒါကြောင့်ပဲ အားကစားနည်းတစ်ခုဆိုတာထက်ပို ပိုမိုသာလွန်နေတာ ဖြစ်ပါတယ်။

(zawgyi)

ေဘာလုံးဆိုတာ အားကစားနည္းတစ္ခုဆိုတာထက္ကို ပိုတဲ့အေၾကာင္းအရာ ေတြရွိတယ္လို႔ လူေတြ အေတာ္မ်ားမ်ား ေျပာၾကပါတယ္။ ဘယ္ပုံ ဘယ္နည္းနဲ႔ ပိုမိုသာလြန္တာလဲဆိုတာကိုေတာ့ အတိအက် အဓိပၸာယ္ ဖြင့္ဆို ဖို႔ ခက္ပါလိမ့္မယ္။ ဒါေပမဲ့ ဒီအရာကို ထင္သာျမင္သာရွိေစတဲ့ အခ်က္ကို ေတာ့

ကာဒစ္ဇ္နဲ႔ ဘာစီလိုနာတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ မ်က္ဝါးထင္ ထင္ေတြ႕ျမင္ခဲ့ရၿပီျဖစ္ပါတယ္။ မီရန္ဒီလာကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဒီပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၈၆ မိနစ္အေရာက္ ပြဲၾကည့္စင္ေပၚမွာ ပရိသတ္တစ္ေယာက္ ႏွလုံးအေမာေဖာက္လို႔ အေရးေပၚအေျခအေန ႀကဳံရတဲ့အခါ အိမ္ရွင္ဂိုးသမား လီဒက္စ္မာက

အေရးေပၚ ေဆးေသတၱာကို ေျပးယူၿပီး လဲက်ေနတဲ့ ပရိသတ္ရွိရာ ပြဲၾကည့္စင္အေပၚကို ပစ္ေပးခဲ့ပါတယ္။ အဲဒီေနာက္ ပြဲကို ဆက္မကစားဘဲ ရပ္ထားခဲ့ၿပီး ကစားသမားေတြဟာလည္း ကြင္းထဲကေန ယာယီခဏတာ ထြက္ခြာေပးဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အဲဒီလဲက်သြားတဲ့ ပရိသတ္ သတိျပန္လည္လာၿပီး

ေဆး႐ုံကို ေခၚေဆာင္သြားႏိုင္တဲ့အခ်ိန္အထိ ေရာက္ေတာ့မွ ပြဲကို ဆက္ၿပီး ကစားခဲ့တာပဲ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္မွာ အာဂ်င္တီးနားႏြယ္ဖြား ဂိုးသမား လီဒက္စ္မာရဲ႕ လူသားဆန္တဲ့လုပ္ရပ္ကို ပရိသတ္ေတြအားလုံး ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကၿပီး အထူးသျဖင့္ တြစ္တာ၊ အင္စတာဂရမ္၊ ေဖ့စ္ဘြတ္ခ္စတဲ့ လူမႈကြန္ရက္ေတြေပၚမွာလည္း

ခ်ီးမြမ္းသံေတြ ပဲ့တင္ထပ္ခဲ့ပါတယ္။ ေနာက္ၿပီး အခင္းျဖစ္ပြားခ်ိန္မွာ ဘာစီလိုနာဟာ ကာဒစ္ဇ္ကို ၂-၀ ဂိုးနဲ႔ အႏိုင္ရေနခဲ့တာပါ။ ဒါေပမဲ့ အေျခအေနေတြ ဒီထက္ပိုဆိုးလာခဲ့ရင္ သူတို႔အႏိုင္ရေနတဲ့ပြဲကို ရပ္ပစ္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ဘာစီလိုနာနည္းျပ ဇာဗီးကလည္း ဆိုပါတယ္။ ‘’ဒါက ထူးျခားျဖစ္စဥ္ျဖစ္ရပ္ တစ္ခုျဖစ္ခဲ့တာပါ။

သူဟာ လဲက်သြားတယ္လို႔ ကြၽန္ေတာ္တို႔ ၾကားခဲ့ရတယ္။ တခ်ိဳ႕ေတြေျပာၾကတာကေတာ့ ႏွလုံးအေမာ ေဖာက္တာတဲ့။ တစ္ခ်က္ေလာက္ ပိုဆိုးသြားခဲ့မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ပြဲကို ရပ္ပစ္ရပါလိမ့္မယ္။ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ပဲ သူက အသက္ျပန္ရႉႏိုင္ခဲ့ ၿပီး ကြၽန္ေတာ္တို႔လည္း ပြဲကို

ဆက္ကစားႏိုင္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ဟာ လူ တစ္ေယာက္ရဲ႕ အသက္အေၾကာင္း ေျပာေနၾကတာပါ။ သူ႔ရဲ႕ အသက္တာဟာ ေဘာလုံးရဲ႕ အထက္မွာပဲ ရွိပါတယ္။ ကံေကာင္းတာကေတာ့ သူက သတိျပန္လည္လာပါတယ္။ ျပန္ေကာင္းလာေတာ့မယ္လို႔လည္း ကြၽန္ေတာ္ တို႔ ေမွ်ာ္လင့္ပါတယ္’’ လို႔

ကာဒစ္ဇ္ကို ၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ဇာဗီးက ေျပာဆိုခဲ့ပါတယ္။ လူ႔အသက္တစ္ေခ်ာင္းကို အျမတ္တႏိုး တန္ဖိုးထား ၿပီး လူသားဆန္မႈကို ျပသတတ္တဲ့ လူ႔အသိုင္းအဝိုင္းမ်ိဳးရွိေနတဲ့ ေဘာလုံးဆိုတာဟာ ဒါေၾကာင့္ပဲ အားကစားနည္းတစ္ခုဆိုတာထက္ပို ပိုမိုသာလြန္ေနတာ ျဖစ္ပါတယ္။