ဘောလုံးကိုရူးသွပ်တဲ့ ရင်ဘတ်ချင်းတူနေတာကြောင့် ဂွါဒီယိုလာကိုကြိုက်တာဆိုတဲ့ ဟာလန်း

နည်းပြဂွါဒီယိုလာဟာ ဘောလုံးရူးသွပ်သူလို့ တိုက်စစ်မှူးဟာလန်းက တံဆိပ်ကပ်လိုက်ပါတယ်။ ပြီးတော့ စပိန်သားနည်းပြရဲ့ဒီရာသီရှုပ်ထွေးလွန်းတဲ့ နည်းဗျူဟာဆိုင်ရာချဉ်းကပ်မှုကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ပေါင် ၅၁ သန်းတန်တိုက်စစ်မှူးဟာ မန်စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမှာတင် ၂ ပွဲဆက် ဟက်ထရစ်အပါအဝင် ၇ ပွဲကစား ၁၂ ဂိုး သွင်းထားနိုင်သူပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကိုခြေချဖို့ သူ ထိတ်လန့်ခြင်း မရှိခဲ့ပါဘူးလို့ Telemundo Sports နဲ့အင်တာဗျူးမှာ

နော်ဝေတိုက်စစ်မှူးက ဖွင့်ဟသွားခဲ့ပါတယ်။ “ ဟုတ်ပါတယ်။ ကျွန်တော် နည်းနည်းတော့ အံ့သြမိပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမား ထိတ်လန့်တာမျိုးတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အရည်အချင်းကို ကျွန်တော်သိလို့ပါ။

ပြီးတော့ ကျွန်တော်ကစားရမှာက အသင်းကောင်းလေ။ ဒီမှာ အသင်းဖော်ကောင်းတွေ အများကြီးရှိနေတယ်။ ဂွါဒီယိုလာကလည်း ကျွန်တော့်လိုပဲ ဘောလုံးရူးသွပ်သူဆိုတော့ ကောင်းတာပေါ့။ ကျွန်တော်တို့နှစ်ယောက်လုံး ဘောလုံးကိုချစ်တယ်။

သူက အဲဒါကို ရူးသွပ်တယ်။ အဲဒါ ကျွန်တော်ကြိုက်တဲ့အရာမျိုးပါ။ အရာရာမှာ ပိုကောင်းအောင် ဘာလုပ်ရမလဲဆိုတာ သူတွေးတယ်။ သူ့ကို ကျွန်တော် သဘောကျတာ အဲဒါပဲ။ မန်စီးတီးမှာက ရှုပ်ထွေးတဲ့စနစ်တစ်ခုရှိနေပြီး အချိန်မဖြုန်းဘဲ ရနိုင်သမျှ အမြန်ဆုံးရအောင်

ကျွန်တော်ကြိုးစားနေပါတယ် ” လို့ ဟာလန်းက ဆိုပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူ အဲလ်ဖီရဲ့ခြေရာကိုနင်းပြီး မန်စီးတီးမှာကစားခွင့်ရတဲ့အတွက် ကောင်းမွန်တဲ့ခံစားချက်မျိုး ဖြစ်နေတယ်လို့လည်း ဖွင့်ဟသွားခဲ့တာပါ။

(zawgyi)

နည္းျပဂြါဒီယိုလာဟာ ေဘာလုံး႐ူးသြပ္သူလို႔ တိုက္စစ္မႉးဟာလန္းက တံဆိပ္ကပ္လိုက္ပါတယ္။ ၿပီးေတာ့ စပိန္သားနည္းျပရဲ႕ဒီရာသီရႈပ္ေထြးလြန္းတဲ့ နည္းဗ်ဴဟာဆိုင္ရာခ်ဥ္းကပ္မႈကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ ေပါင္ ၅၁ သန္းတန္တိုက္စစ္မႉးဟာ

မန္စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမွာတင္ ၂ ပြဲဆက္ ဟက္ထရစ္အပါအဝင္ ၇ ပြဲကစား ၁၂ ဂိုး သြင္းထားႏိုင္သူပါ။ ဒါေပမဲ့ ပရီးမီးယားလိဂ္ကိုေျခခ်ဖို႔ သူ ထိတ္လန႔္ျခင္း မရွိခဲ့ပါဘူးလို႔ Telemundo Sports နဲ႔အင္တာဗ်ဴးမွာ ေနာ္ေဝတိုက္စစ္မႉးက

ဖြင့္ဟသြားခဲ့ပါတယ္။ “ ဟုတ္ပါတယ္။ ကြၽန္ေတာ္ နည္းနည္းေတာ့ အံ့ၾသမိပါတယ္။ ဒါေပမဲ့ ႀကီးႀကီးမားမား ထိတ္လန႔္တာမ်ိဳးေတာ့ မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္အရည္အခ်င္းကို ကြၽန္ေတာ္သိလို႔ပါ။

ၿပီးေတာ့ ကြၽန္ေတာ္ကစားရမွာက အသင္းေကာင္းေလ။ ဒီမွာ အသင္းေဖာ္ေကာင္းေတြ အမ်ားႀကီးရွိေနတယ္။ ဂြါဒီယိုလာကလည္း ကြၽန္ေတာ့္လိုပဲ ေဘာလုံး႐ူးသြပ္သူဆိုေတာ့ ေကာင္းတာေပါ့။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး

ေဘာလုံးကိုခ်စ္တယ္။ သူက အဲဒါကို ႐ူးသြပ္တယ္။ အဲဒါ ကြၽန္ေတာ္ႀကိဳက္တဲ့အရာမ်ိဳးပါ။ အရာရာမွာ ပိုေကာင္းေအာင္ ဘာလုပ္ရမလဲဆိုတာ သူေတြးတယ္။ သူ႔ကို ကြၽန္ေတာ္ သေဘာက်တာ အဲဒါပဲ။ မန္စီးတီးမွာက ရႈပ္ေထြးတဲ့စနစ္တစ္ခုရွိေနၿပီး

အခ်ိန္မျဖဳန္းဘဲ ရႏိုင္သမွ် အျမန္ဆုံးရေအာင္ ကြၽန္ေတာ္ႀကိဳးစားေနပါတယ္ ” လို႔ ဟာလန္းက ဆိုပါတယ္။ ဒါ့အျပင္ ဖခင္ျဖစ္သူ အဲလ္ဖီရဲ႕ေျခရာကိုနင္းၿပီး မန္စီးတီးမွာကစားခြင့္ရတဲ့အတြက္ ေကာင္းမြန္တဲ့ခံစားခ်က္မ်ိဳး ျဖစ္ေနတယ္လို႔လည္း ဖြင့္ဟသြားခဲ့တာပါ။