
ယူနိုက်တက်နဲ့ ပြင်သစ်ဂန္ထဝင်နောက်ခံလူဟောင်း ပက်ထရစ် အီဗရာဟာ
လာမယ့်ဧပြီ လအတွင်း လက်ဝှေ့သမားဘ၀ ပွဲဦးထွက်ပွဲစဉ်ကို
ယှဉ်ပြိုင်ထိုးသတ်တော့မှာဖြစ်ပါတယ်။ အသက် ၄၀နှစ်ရှိပြီဖြစ်တဲ့
ယူနိုက်တက်ဘယ်နောက်ခံလူဟောင်းဟာ လာမယ့်ဧပြီ ၃၀ မှာ YouTube မှာ
ဗီဒီယိုတွေတင်ပြီး လူသိများထင်ရှားလာတဲ့ အဒမ်ဆာလက်ရှ်နဲ့
လန်ဒန်မြို့ O2 Arena မှာထိုးသတ်ပြီး လက်ဝှေ့သမားဘဝအစပြုတော့မှာပါ။
ကမ္ဘာဂြိုလ်ပေါ်မှာ ကြောက်စရာအကောင်းဆုံးလူသားလို့တင်စားခေါ်ဝေါ်ခံရတဲ့
ကာယ ဗလမောင် မာတင်ဖို့ဒ်နဲ့ Iranian Hulk အဖြစ်တင်စားခံရတဲ့
အီရန်အလေးမကစား သမား ဆာဂျက်ဂါရီဘီတို့ထိုးသတ်မယ့်မကျေပွဲမှာ
အီဗရာနဲ့ အဒမ်ဆာလက်ရှ်တို့ရဲ့ပွဲမှာ ရှေ့ထွက်ပွဲတစ်ပွဲအဖြစ်ထိုးသတ်သွားမှာပါ။
ယူနိုက်တက်မှာ ၈နှစ်ကြာကစားခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၅လုံးနဲ့
ချန်ပီယံလိဂ်ဖလား ၁လုံးအပါအဝင် အဓိကဆုဖလား ၁၄လုံးဆွတ်ခူးနိုင်ခဲ့တဲ့
အီဗရာဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်ကမှ ဘောလုံးသမားဘဝကနေအနားယူခဲ့သူပါ။
အနားယူပြီးမကြာမီမှာပဲ အသင်းဟောင်းယူနိုက်တက်ရဲ့ နည်းပြသင်တန်းသားတစ်ဦးဖြစ်ခဲ့သလို
အကယ်ဒမီအသင်းနည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။
ဒါ့အပြင် Sky Sports ရုပ်သံ ဘောလုံးပွဲအစီအစဉ် ဆန်းစစ်ဝေဖန်သူအဖြစ်လည်း
ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ လက်ဝှေ့လောကထဲဝင်ရောက်လာပြီး
ပွဲဦးထွက်ပွဲထိုးသတ်ဖို့တောင်တစ်လကျော်လောက်သာလိုပါတော့တယ်။
အီဗရာဟာ ဘောလုံးသမားဘဝကနေအနားယူပြီးကတည်းက
လက်ဝှေ့အားကစားကိုလေ့လာလိုက်စားပြီး လေ့ကျင့်မှုလည်းမပြတ်ပြုလုပ်ခဲ့ပါတယ်။
လာမယ့် ဧပြီ ၃၀ မှာ လက်ဝှေ့သမားဘ၀ ပွဲဦးထွက်ပွဲထိုးသတ်တော့မယ်ဆိုတာကို
အင်စတာဂရမ်မှာ live လွှင့်ပြီး အတည်ပြုပြောကြားခဲ့တာပါ။
အဲဒီလိုပြောကြားရာမှာ အီဗရာက ရူးသွပ်လောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့
ပွဲဖြစ်တာမို့ လန်ဒန်သာမက ဗြိတိန်နိုင်ငံတစ်ဝန်းကပရိသတ်တွေရဲ့
အားပေးထောက်ခံမှုလိုအပ်တယ်လို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
အီဗရာဟာ ၂၀၂၂ အစောပိုင်းမှာကတည်းက Boxstar UK နဲ့တွေ့ဆုံရာမှာ
” ကျွန်တော့ဘဝရဲ့ ပထမဆုံးလက်ဝှေ့ပွဲကိုဆင်နွှဲရတော့မှာမို့ တကယ့်ကို
စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်ဟာ လက်ဝှေ့လောကသားတွေအပေါ်
အမြဲလေး စားတန်ဖိုးထားသူပါ။ လက်ဝှေ့ပွဲတွေဟာ ပါဝါနဲ့ အင်အားသာမကဘဲ
နည်းဗျူဟာနဲ့ နည်းစနစ်ကျွမ်းကျင်မှုလည်းလိုအပ်တာမို့ စစ်တုရင်ပွဲတစ်ပွဲလိုပါပဲ ” လို့
ပြောခဲ့ပါသေးတယ်။ အီဗရာက အခုမှပွဲဦးထွက်ထိုးမှာဖြစ်ပေမယ့် သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့
အဒမ်ဆာလက်ရှ်ကတော့ အီဗရာထက် ၁၂နှစ်ငယ်သလို အပျော်တမ်းလက်ဝှေ့ပွဲ
၃ပွဲထိုးသတ်ခဲ့ရာမှာလည်း ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ရှုံးပွဲမရှိသေးပါဘူး။
အီဗရာဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၇၉ပွဲကစားခဲ့သလို
ဝက်စ်ဟမ်း၊ ဂျူဗင်တပ်၊ မိုနာကိုနဲ့ မာဆေးတို့မှာလည်း ကစားခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ၈၁ပွဲကစားပေးခဲ့ပါတယ်။
အီဗရာလိုပဲ စပါးကွင်းလယ်လူဟောင်း ဂျာမီအိုဟာရာလည်း လာမယ့်
ဧပြီ ၂မှာ အလှူငွေလက်ဝှေ့ပွဲတစ်ပွဲထိုးသတ်ဖို့ရှိနေတာပါ။
zawgyi
ေဘာလုံးကစားသမားဘ၀ကေန လက္ေ၀ွ႔ႀကိဳး၀ုိင္းဆီကုိ လွမ္းတက္လုိက္တဲ့ သရဲနီဂႏၳ၀င္
ယူႏိုက္တက္နဲ႔ ျပင္သစ္ဂႏၴဝင္ေနာက္ခံလူေဟာင္း ပက္ထရစ္ အီဗရာဟာ
လာမယ့္ဧၿပီ လအတြင္း လက္ေဝွ႔သမားဘ၀ ပြဲဦးထြက္ပြဲစဥ္ကို
ယွဥ္ၿပိဳင္ထိုးသတ္ေတာ့မွာျဖစ္ပါတယ္။ အသက္ ၄၀ႏွစ္ရွိၿပီျဖစ္တဲ့
ယူႏိုက္တက္ဘယ္ေနာက္ခံလူေဟာင္းဟာ လာမယ့္ဧၿပီ ၃၀ မွာ YouTube မွာ
ဗီဒီယိုေတြတင္ၿပီး လူသိမ်ားထင္ရွားလာတဲ့ အဒမ္ဆာလက္ရွ္နဲ႔
လန္ဒန္ၿမိဳ႕ O2 Arena မွာထိုးသတ္ၿပီး လက္ေဝွ႔သမားဘဝအစျပဳေတာ့မွာပါ။
ကမာၻၿဂိဳလ္ေပၚမွာ ေၾကာက္စရာအေကာင္းဆုံးလူသားလို႔တင္စားေခၚေဝၚခံရတဲ့
ကာယ ဗလေမာင္ မာတင္ဖို႔ဒ္နဲ႔ Iranian Hulk အျဖစ္တင္စားခံရတဲ့
အီရန္အေလးမကစား သမား ဆာဂ်က္ဂါရီဘီတို႔ထိုးသတ္မယ့္မေက်ပြဲမွာ
အီဗရာနဲ႔ အဒမ္ဆာလက္ရွ္တို႔ရဲ႕ပြဲမွာ ေရွ႕ထြက္ပြဲတစ္ပြဲအျဖစ္ထိုးသတ္သြားမွာပါ။
ယူႏိုက္တက္မွာ ၈ႏွစ္ၾကာကစားခဲ့စဥ္အတြင္း ပရီးမီးယားလိဂ္ဖလား ၅လုံးနဲ႔
ခ်န္ပီယံလိဂ္ဖလား ၁လုံးအပါအဝင္ အဓိကဆုဖလား ၁၄လုံးဆြတ္ခူးႏိုင္ခဲ့တဲ့
အီဗရာဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ဇူလိုင္ကမွ ေဘာလုံးသမားဘဝကေနအနားယူခဲ့သူပါ။
အနားယူၿပီးမၾကာမီမွာပဲ အသင္းေဟာင္းယူႏိုက္တက္ရဲ႕ နည္းျပသင္တန္းသားတစ္ဦးျဖစ္ခဲ့သလို
အကယ္ဒမီအသင္းနည္းျပအဖြဲ႕ဝင္တစ္ဦးအျဖစ္လည္း တာဝန္ယူခဲ့ပါတယ္။
ဒါ့အျပင္ Sky Sports ႐ုပ္သံ ေဘာလုံးပြဲအစီအစဥ္ ဆန္းစစ္ေဝဖန္သူအျဖစ္လည္း
ေဆာင္႐ြက္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ လက္ေဝွ႔ေလာကထဲဝင္ေရာက္လာၿပီး
ပြဲဦးထြက္ပြဲထိုးသတ္ဖို႔ေတာင္တစ္လေက်ာ္ေလာက္သာလိုပါေတာ့တယ္။
အီဗရာဟာ ေဘာလုံးသမားဘဝကေနအနားယူၿပီးကတည္းက
လက္ေဝွ႔အားကစားကိုေလ့လာလိုက္စားၿပီး ေလ့က်င့္မႈလည္းမျပတ္ျပဳလုပ္ခဲ့ပါတယ္။
လာမယ့္ ဧၿပီ ၃၀ မွာ လက္ေဝွ႔သမားဘ၀ ပြဲဦးထြက္ပြဲထိုးသတ္ေတာ့မယ္ဆိုတာကို
အင္စတာဂရမ္မွာ live လႊင့္ၿပီး အတည္ျပဳေျပာၾကားခဲ့တာပါ။
အဲဒီလိုေျပာၾကားရာမွာ အီဗရာက ႐ူးသြပ္ေလာက္ေအာင္ စိတ္လႈပ္ရွားစရာေကာင္းတဲ့
ပြဲျဖစ္တာမို႔ လန္ဒန္သာမက ၿဗိတိန္ႏိုင္ငံတစ္ဝန္းကပရိသတ္ေတြရဲ႕
အားေပးေထာက္ခံမႈလိုအပ္တယ္လို႔လည္း ဖိတ္ေခၚခဲ့ပါတယ္။
အီဗရာဟာ ၂၀၂၂ အေစာပိုင္းမွာကတည္းက Boxstar UK နဲ႔ေတြ႕ဆုံရာမွာ
” ကြၽန္ေတာ့ဘဝရဲ႕ ပထမဆုံးလက္ေဝွ႔ပြဲကိုဆင္ႏႊဲရေတာ့မွာမို႔ တကယ့္ကို
စိတ္လႈပ္ရွားမိပါတယ္။ ကြၽန္ေတာ္ဟာ လက္ေဝွ႔ေလာကသားေတြအေပၚ
အၿမဲေလး စားတန္ဖိုးထားသူပါ။ လက္ေဝွ႔ပြဲေတြဟာ ပါဝါနဲ႔ အင္အားသာမကဘဲ
နည္းဗ်ဴဟာနဲ႔ နည္းစနစ္ကြၽမ္းက်င္မႈလည္းလိုအပ္တာမို႔ စစ္တုရင္ပြဲတစ္ပြဲလိုပါပဲ ” လို႔
ေျပာခဲ့ပါေသးတယ္။ အီဗရာက အခုမွပြဲဦးထြက္ထိုးမွာျဖစ္ေပမယ့္ သူ႔ရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့
အဒမ္ဆာလက္ရွ္ကေတာ့ အီဗရာထက္ ၁၂ႏွစ္ငယ္သလို အေပ်ာ္တမ္းလက္ေဝွ႔ပြဲ
၃ပြဲထိုးသတ္ခဲ့ရာမွာလည္း ၂ပြဲႏိုင္၊ ၁ပြဲသေရ၊ ရႈံးပြဲမရွိေသးပါဘူး။
အီဗရာဟာ ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း ၃၇၉ပြဲကစားခဲ့သလို
ဝက္စ္ဟမ္း၊ ဂ်ဴဗင္တပ္၊ မိုနာကိုနဲ႔ မာေဆးတို႔မွာလည္း ကစားခဲ့သူျဖစ္ပါတယ္။
ဒါ့အျပင္ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္လည္း ၈၁ပြဲကစားေပးခဲ့ပါတယ္။
အီဗရာလိုပဲ စပါးကြင္းလယ္လူေဟာင္း ဂ်ာမီအိုဟာရာလည္း လာမယ့္
ဧၿပီ ၂မွာ အလႉေငြလက္ေဝွ႔ပြဲတစ္ပြဲထိုးသတ္ဖို႔ရွိေနတာပါ။
Leave a Reply