





တစ်ခေတ်တစ်ခါတုန်းက အာဂျန်ရော်ဘင်ရဲ့ဘယ်ခြေကန်ချက်ဟာ
အတော်လေးကို ပြောစမှတ်ပြုခဲ့ရတာပါ။ ချဲလ်ဆီးမှာ စနာမည်ရလာပြီး





အဲဒီနောက် ရီးရဲလ်နဲ့ ဘိုင်ယန်တို့မှာ သူ့ရဲ့ကစားသမားဘဝဟာ အထွတ်အထိပ်ရောက်ခဲ့ပါတယ်။
အခုတော့ ဒီနယ်သာလန်လက်ရွေးစင်ဟာ ဘောလုံးသမားဘဝက နားပြီးနောက်
မာရသွန်အပြေးသမားလုပ်နေပါတယ်။ ၃၇ နှစ်အရွယ် အဲဒီဘိုင်ယန်ကြယ်ပွင့်ဟောင်းဟာ





ပြီးခဲ့တဲ့တနင်္ဂနွေ နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့မှာ ကျင်းပသွားခဲ့တဲ့
မာရသွန်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဝင်ပြိုင်ခဲ့တာပါ။





သူဟာ ပြီးခဲ့တဲ့ ၈ လကျော်ကမှ ဇာတိကလပ်ဂရိုနင်ဂျန်မှာ နောက်ဆုံးကစားခဲ့တာဖြစ်ပြီး
အခုတော့ မတူညီတဲ့အားကစားနည်းတစ်ရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်ဘင်ဝင်ပြိုင်ခဲ့တဲ့ ရော့တာဒမ်မာရသွန်ပြိုင်ပွဲဟာ ပြေးခုန်ပစ်





အားကစားသမားတွေအတွက် အပြေးရာသီရဲ့အရေးပါတဲ့ပြိုင်ပွဲတွေထဲက တစ်ခုပါ။
အဲဒီမှာ ရော်ဘင်ဟာ ဗိုလ်စွဲသွားသူထက် ၆၉ မိနစ်နောက်ကျပြီးမှ ပန်းဝင်ခဲ့ပါတယ်။





”မင်းကတော့ သောက်ရူးပဲလို့ တချို့က ကျွန်တော့်ကို ပြောကြမှာပါ။
ဒါပေမဲ့ ကျွန်တော်က အားကစားပရိသတ်တစ်ယောက်ပါ”လို့ ပြိုင်ပွဲစမခင်လေးမှာ
ရော်ဘင်က ပြောခဲ့တာပါ။ သူဟာ လွန်ခဲ့တဲ့ ၅ ပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို





ခံစားခဲ့ရလို့ ပြိုင်ပွဲဝင်ရေးအတွက် အနှောင့်အယှက်ဖြစ်ခဲ့ပါသေးတယ်။
မောကြီးပမ်းကြီးနဲ့ ပန်းဝင်လာပြီးနောက် သူ့ရဲ့ပထမဆုံးမာရသွန်ပြိုင်ပွဲကို





ဘယ်လိုထင်လဲလို့ မေးမြန်းတော့ ရော်ဘင်က”ပျော်စရာမကောင်းဘူးဗျ။
တကယ်ကို ပျော်စရာမကောင်းတာပါ။ ဒါပေမဲ့ ကျွန်တော်လုပ်နိုင်ခဲ့ပါတယ်။
ဘေးနားက အားပေးကြတဲ့ပရိသတ်တွေကလည်း ကိုယ့်ကို အများကြီး





အကူအညီဖြစ်စေပါတယ်”လို့ ပြန်ဖြေခဲ့တာပါ။
zawgyi





ေဘာလုံးကစားသမားဘဝကေန မာရသြန္အေျပးသမားဘဝကို ေျပာင္းလဲသြားတဲ့ အာဂ်န္ေရာ္ဘင္
တစ္ေခတ္တစ္ခါတုန္းက အာဂ်န္ေရာ္ဘင္ရဲ႕ဘယ္ေျခကန္ခ်က္ဟာ
အေတာ္ေလးကို ေျပာစမွတ္ျပဳခဲ့ရတာပါ။ ခ်ဲလ္ဆီးမွာ စနာမည္ရလာၿပီး





အဲဒီေနာက္ ရီးရဲလ္နဲ႔ ဘိုင္ယန္တို႔မွာ သူ႔ရဲ႕ကစားသမားဘဝဟာ အထြတ္အထိပ္ေရာက္ခဲ့ပါတယ္။
အခုေတာ့ ဒီနယ္သာလန္လက္ေ႐ြးစင္ဟာ ေဘာလုံးသမားဘဝက နားၿပီးေနာက္





မာရသြန္အေျပးသမားလုပ္ေနပါတယ္။ ၃၇ ႏွစ္အ႐ြယ္ အဲဒီဘိုင္ယန္ၾကယ္ပြင့္ေဟာင္းဟာ
ၿပီးခဲ့တဲ့တနဂၤေႏြ နယ္သာလန္ႏိုင္ငံ ေရာ့တာဒမ္ၿမိဳ႕မွာ က်င္းပသြားခဲ့တဲ့
မာရသြန္ၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ ဝင္ၿပိဳင္ခဲ့တာပါ။





သူဟာ ၿပီးခဲ့တဲ့ ၈ လေက်ာ္ကမွ ဇာတိကလပ္ဂ႐ိုနင္ဂ်န္မွာ ေနာက္ဆုံးကစားခဲ့တာျဖစ္ၿပီး
အခုေတာ့ မတူညီတဲ့အားကစားနည္းတစ္ရပ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။





ေရာ္ဘင္ဝင္ၿပိဳင္ခဲ့တဲ့ ေရာ့တာဒမ္မာရသြန္ၿပိဳင္ပြဲဟာ ေျပးခုန္ပစ္
အားကစားသမားေတြအတြက္ အေျပးရာသီရဲ႕အေရးပါတဲ့ၿပိဳင္ပြဲေတြထဲက တစ္ခုပါ။
အဲဒီမွာ ေရာ္ဘင္ဟာ ဗိုလ္စြဲသြားသူထက္ ၆၉ မိနစ္ေနာက္က်ၿပီးမွ ပန္းဝင္ခဲ့ပါတယ္။





”မင္းကေတာ့ ေသာက္႐ူးပဲလို႔ တခ်ိဳ႕က ကြၽန္ေတာ့္ကို ေျပာၾကမွာပါ။
ဒါေပမဲ့ ကြၽန္ေတာ္က အားကစားပရိသတ္တစ္ေယာက္ပါ”လို႔ ၿပိဳင္ပြဲစမခင္ေလးမွာ





ေရာ္ဘင္က ေျပာခဲ့တာပါ။ သူဟာ လြန္ခဲ့တဲ့ ၅ ပတ္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို
ခံစားခဲ့ရလို႔ ၿပိဳင္ပြဲဝင္ေရးအတြက္ အေႏွာင့္အယွက္ျဖစ္ခဲ့ပါေသးတယ္။
ေမာႀကီးပမ္းႀကီးနဲ႔ ပန္းဝင္လာၿပီးေနာက္ သူ႔ရဲ႕ပထမဆုံးမာရသြန္ၿပိဳင္ပြဲကို





ဘယ္လိုထင္လဲလို႔ ေမးျမန္းေတာ့ ေရာ္ဘင္က”ေပ်ာ္စရာမေကာင္းဘူးဗ်။
တကယ္ကို ေပ်ာ္စရာမေကာင္းတာပါ။ ဒါေပမဲ့ ကြၽန္ေတာ္လုပ္ႏိုင္ခဲ့ပါတယ္။





ေဘးနားက အားေပးၾကတဲ့ပရိသတ္ေတြကလည္း ကိုယ့္ကို အမ်ားႀကီး
အကူအညီျဖစ္ေစပါတယ္”လို႔ ျပန္ေျဖခဲ့တာပါ။
Leave a Reply