ဘောကောက်လေးတွေ အချိန်ဆွဲလို့မရအောင် ဘောလုံး ၁၀ လုံး ထားပေးမယ့် ပရီးမီးယားလိဂ်

ဒါကတော့ ဘောကောက်လေးတွေနဲ့ ဗျူဟာကျကျချဉ်းကပ်မှုကို ထိန်းချုပ်ဖို့ကြိုးစားတာပါ။ ဘောလုံးပွဲတွေမှာ ဘောကောက်လေးတွေနဲ့ အချိန်ဆွဲတတ်တာမျိုးက ဖြစ်နေကျပါ။

ကိုယ့်အသင်းနိုင်နေရင် မကောက်ချင်သလိုလို မပေးချင်သလိုလို လုပ်တတ်လွန်းလို့ ဘောကောက်လေးတွေနဲ့ ကစားသမားတွေကြား ပြဿနာတွေလည်းတက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ရှုံးနေရင် ကိုယ်တိုင် တန်ပြန်တိုက်စစ်ကစားသလို ဘေးကလိုက်ပြေးပြီး အမြန်ကောက်၊ အမြန်ပေးတတ်တာကြောင့် အရေးကြီးဂိုးတွေရဖူးတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ ဒီပြဿနာကိုဖြေရှင်းဖို့ ကွင်းထဲမှာ ဘောလုံး ၁၀ လုံး ထားတော့မှာပါ။ ပွဲကစားဖို့ ၁ လုံး၊

စတုတ္ထဒိုင်ဆီမှာ ၁ လုံး၊ ဂိုးစည်းနောက်မှာ ၂ လုံးစီ၊ ဘေးစည်းနားမှာ ၂ လုံးစီထားမှာဖြစ်ပြီး “multi-ball” စနစ်လို့ အမည်ပေးထားပါတယ်။

ဒါ့အပြင် ဘောကောက်လေး ၈ ယောက်လည်းထားသွားမှာဖြစ်သလို သူတို့အနေနဲ့ ကိုယ့်အသင်းပဲဖြစ်ဖြစ် ပြိုင်ဘက်ပဲဖြစ်ဖြစ် ပုံမှန်အရှိန်နဲ့သာ ပစ်ပေးရမယ်လို့ သိရပါတယ်။

ဒါဟာ လူစားလဲကစားသမားဦးရေကို ၅ ယောက်အထိ တိုးမြှင့်ပေးတာအပါအဝင် ပရီးမီးယားလိဂ်ချမှတ်လိုက်တဲ့ စည်းမျဉ်းသစ်တွေထဲက တစ်ခုပါပဲ။

(zawgyi)

ဒါကေတာ့ ေဘာေကာက္ေလးေတြနဲ႔ ဗ်ဴဟာက်က်ခ်ဥ္းကပ္မႈကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတာပါ။ ေဘာလုံးပြဲေတြမွာ ေဘာေကာက္ေလးေတြနဲ႔ အခ်ိန္ဆြဲတတ္တာမ်ိဳးက ျဖစ္ေနက်ပါ။

ကိုယ့္အသင္းႏိုင္ေနရင္ မေကာက္ခ်င္သလိုလို မေပးခ်င္သလိုလို လုပ္တတ္လြန္းလို႔ ေဘာေကာက္ေလးေတြနဲ႔ ကစားသမားေတြၾကား ျပႆနာေတြလည္းတက္ခဲ့ဖူးပါတယ္။

ဒါေပမဲ့ ရႈံးေနရင္ ကိုယ္တိုင္ တန္ျပန္တိုက္စစ္ကစားသလို ေဘးကလိုက္ေျပးၿပီး အျမန္ေကာက္၊ အျမန္ေပးတတ္တာေၾကာင့္ အေရးႀကီးဂိုးေတြရဖူးတဲ့ သာဓကေတြလည္း ရွိခဲ့ဖူးပါတယ္။

ဘာပဲျဖစ္ျဖစ္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကေတာ့ ဒီျပႆနာကိုေျဖရွင္းဖို႔ ကြင္းထဲမွာ ေဘာလုံး ၁၀ လုံး ထားေတာ့မွာပါ။ ပြဲကစားဖို႔ ၁ လုံး၊ စတုတၳဒိုင္ဆီမွာ ၁ လုံး၊

ဂိုးစည္းေနာက္မွာ ၂ လုံးစီ၊ ေဘးစည္းနားမွာ ၂ လုံးစီထားမွာျဖစ္ၿပီး “multi-ball” စနစ္လို႔ အမည္ေပးထားပါတယ္။ ဒါ့အျပင္ ေဘာေကာက္ေလး ၈ ေယာက္လည္းထားသြားမွာျဖစ္သလို သူတို႔အေနနဲ႔ ကိုယ့္အသင္းပဲျဖစ္ျဖစ္ ၿပိဳင္ဘက္ပဲျဖစ္ျဖစ္

ပုံမွန္အရွိန္နဲ႔သာ ပစ္ေပးရမယ္လို႔ သိရပါတယ္။ ဒါဟာ လူစားလဲကစားသမားဦးေရကို ၅ ေယာက္အထိ တိုးျမႇင့္ေပးတာအပါအဝင္ ပရီးမီးယားလိဂ္ခ်မွတ္လိုက္တဲ့ စည္းမ်ဥ္းသစ္ေတြထဲက တစ္ခုပါပဲ။