ဘုရင်မကြီး ချစ်မြတ်နိုးတဲ့အားကစားကို မရပ်ဘဲဆက်လုပ်သင့်တာလို့ ခရော့ချ်၊ နဗီးလ်နဲ့ မော်ဂန်တို့ ဝေဖန်

ဗြိတိန်ဘုရင်မကြီး နတ်ရွာစံ ကံတော်ကုန်လို့ ဝမ်းနည်းခြမ်းအထိမ်းအမှတ်အတွက် အားကစားရပ်ဝန်းက လုပ်ပုံကိုင်ပုံတွေကို တည့်တည့်ကြီး ဝေဖန်ခဲ့ကြသူတွေထဲမှာတော့ လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့ချ်၊ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်နဲ့

ဘောလုံးရေးရာ ဝေဖန်သူပီးယား့စ်မော်ဂန်တို့ ထိပ်ဆုံးက ပြေးနေပါပြီ။ ဗြိတိန်ရဲ့ ထီးနန်းဥသျှောင်ကြီး ကွယ်လွန်လို့ဆိုပြီး ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေအပါအဝင် ဗြိတိန်နိုင်ငံတစ်ဝန်းလုံးက အားကစားနည်းပေါင်း မြောက်မြားစွာကို

ချက်ချင်းကြီး ရပ်ဆိုင်းပစ်လိုက်တဲ့အပေါ် ပီတာခရော့ချ်၊ မော်ဂန်နဲ့ ဂယ်ရီနဗီးလ်တို့က ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ အမှန်တကယ်တော့ အားကစားပွဲစဉ်တွေ ရပ်ဆိုင်းဖို့အတွက် ဗြိတိန်အစိုးရက တိုက်ရိုက် အမိန့်ပေးညွှန်ကြားတာမျိုးမရှိခဲ့ပါဘူး။

အားကစားအဖွဲ့ချုပ် တစ်ခုချင်းစီတိုင်းဟာ ကိုယ့်ရဲ့ ခံယူချက်သဘောတရားအပေါ်မှာသာ ဆုံးဖြတ်ရမှာဖြစ်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ပေးထားပြီးသားဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ တခြား ကဏ္ဍတွေမှာလည်း သူတို့ရဲ့ လုပ်ငန်းစဉ်တွေအားလုံးကို

ရပ်ဆိုင်းဖို့အတွက် အစိုးရက အမိန့်ပေးတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကတော့ အခုတစ်ပတ်မှာ ကစားမယ့် ပွဲစဉ်တွေအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ‘’ အနက်ရောင်လက်ပတ်၊ ခဏာတာငြိမ်သက်မှု၊ နိုင်ငံတော်သီချင်းဆိုတာနဲ့

တော်ဝင်သီချင်းတီးမှုတ်ကြတာ အစရှိသဖြင့်ပေါ့လေ။ အဲဒါကို တစ်ကမ္ဘာလုံး က စောင့်ကြည့်ရမယ်တဲ့လား။ ဒီထက်ပိုပြီး ကောင်းတာ မရှိကြတော့ ဘူးလား ’’ ဆိုပြီး ပီတာခရော့ချ်က ဝေဖန်သွားခဲ့ပါတယ်။

ပီးယာ့စ်မော်ဂန်ကတော့ ‘’ ပြီးစလွယ် ဆုံးဖြတ်ချက်တွေပါကွာ။ အားကစားပြိုင်ပွဲတွေက ဆက်လုပ်ရမှာကွ။ ဘုရင်မကြီးက အားကစားကို မြတ်နိုးတာ။ ပြီးခဲ့တဲ့ ညတုန်းက ဝက်စ်ဟမ်းပရိသတ်တွေ လုပ်ခဲ့ကြသလိုမျိုး နိုင်ငံတော်သီချင်းကို ဆိုနေတာကို သူကြားခဲ့မယ်ဆိုရင် ပိုကောင်းမှာဟ ’’ လို့

တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ကတော့ ‘’ ကျွန်တော်ကတော့ ပီယာ့စ်မော်ဂန်ပြောတာ သဘောတူပါတယ်။ ဘုရင်မကြီးကို လေးစားမှုပြသရာ အရောက်ဆုံးအရာက အားကစားပဲ ဖြစ်နိုင်တယ်ဆိုတာကို လက်ခံပါတယ် ’’ လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

(zawgyi)

ၿဗိတိန္ဘုရင္မႀကီး နတ္႐ြာစံ ကံေတာ္ကုန္လို႔ ဝမ္းနည္းျခမ္းအထိမ္းအမွတ္အတြက္ အားကစားရပ္ဝန္းက လုပ္ပုံကိုင္ပုံေတြကို တည့္တည့္ႀကီး ေဝဖန္ခဲ့ၾကသူေတြထဲမွာေတာ့ လီဗာပူးတိုက္စစ္မႉးေဟာင္း ပီတာခေရာ့ခ်္၊ မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္နဲ႔

ေဘာလုံးေရးရာ ေဝဖန္သူပီးယား့စ္ေမာ္ဂန္တို႔ ထိပ္ဆုံးက ေျပးေနပါၿပီ။ ၿဗိတိန္ရဲ႕ ထီးနန္းဥေသွ်ာင္ႀကီး ကြယ္လြန္လို႔ဆိုၿပီး ပရီးမီးယားလိဂ္ ေဘာလုံးပြဲစဥ္ေတြအပါအဝင္ ၿဗိတိန္ႏိုင္ငံတစ္ဝန္းလုံးက အားကစားနည္းေပါင္း ေျမာက္ျမားစြာကို

ခ်က္ခ်င္းႀကီး ရပ္ဆိုင္းပစ္လိုက္တဲ့အေပၚ ပီတာခေရာ့ခ်္၊ ေမာ္ဂန္နဲ႔ ဂယ္ရီနဗီးလ္တို႔က ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ အားကစားပြဲစဥ္ေတြ ရပ္ဆိုင္းဖို႔အတြက္ ၿဗိတိန္အစိုးရက တိုက္႐ိုက္ အမိန႔္ေပးၫႊန္ၾကားတာမ်ိဳးမရွိခဲ့ပါဘူး။

အားကစားအဖြဲ႕ခ်ဳပ္ တစ္ခုခ်င္းစီတိုင္းဟာ ကိုယ့္ရဲ႕ ခံယူခ်က္သေဘာတရားအေပၚမွာသာ ဆုံးျဖတ္ရမွာျဖစ္ၿပီး လြတ္လပ္စြာ ဆုံးျဖတ္ပိုင္ခြင့္ ေပးထားၿပီးသားျဖစ္ပါတယ္။ အဲဒီလိုပါပဲ။ တျခား က႑ေတြမွာလည္း သူတို႔ရဲ႕ လုပ္ငန္းစဥ္ေတြအားလုံးကို

ရပ္ဆိုင္းဖို႔အတြက္ အစိုးရက အမိန႔္ေပးတာမ်ိဳး မရွိခဲ့ပါဘူး။ ဒါေပမဲ့ ပရီးမီးယားလိဂ္ကေတာ့ အခုတစ္ပတ္မွာ ကစားမယ့္ ပြဲစဥ္ေတြအားလုံးကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ပါတယ္။ ‘’ အနက္ေရာင္လက္ပတ္၊ ခဏာတာၿငိမ္သက္မႈ၊ ႏိုင္ငံေတာ္သီခ်င္းဆိုတာနဲ႔ ေတာ္ဝင္သီခ်င္းတီးမႈတ္ၾကတာ

အစရွိသျဖင့္ေပါ့ေလ။ အဲဒါကို တစ္ကမာၻလုံး က ေစာင့္ၾကည့္ရမယ္တဲ့လား။ ဒီထက္ပိုၿပီး ေကာင္းတာ မရွိၾကေတာ့ ဘူးလား ’’ ဆိုၿပီး ပီတာခေရာ့ခ်္က ေဝဖန္သြားခဲ့ပါတယ္။ ပီးယာ့စ္ေမာ္ဂန္ကေတာ့ ‘’ ၿပီးစလြယ္ ဆုံးျဖတ္ခ်က္ေတြပါကြာ။

အားကစားၿပိဳင္ပြဲေတြက ဆက္လုပ္ရမွာကြ။ ဘုရင္မႀကီးက အားကစားကို ျမတ္ႏိုးတာ။ ၿပီးခဲ့တဲ့ ညတုန္းက ဝက္စ္ဟမ္းပရိသတ္ေတြ လုပ္ခဲ့ၾကသလိုမ်ိဳး ႏိုင္ငံေတာ္သီခ်င္းကို ဆိုေနတာကို သူၾကားခဲ့မယ္ဆိုရင္ ပိုေကာင္းမွာဟ ’’ လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဂယ္ရီနဗီးလ္ကေတာ့ ‘’ ကြၽန္ေတာ္ကေတာ့ ပီယာ့စ္ေမာ္ဂန္ေျပာတာ သေဘာတူပါတယ္။ ဘုရင္မႀကီးကို ေလးစားမႈျပသရာ အေရာက္ဆုံးအရာက အားကစားပဲ ျဖစ္ႏိုင္တယ္ဆိုတာကို လက္ခံပါတယ္ ’’ လို႔ မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။