ဘုရင်မကြီးအတွက် ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ်အဖြစ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံး ရွှေ့ဆိုင်းလိုက်ပြီ

ဗြိတိန်တော်ဝင်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် နတ်ရွာစံကံတော် ကုန်သွားတဲ့အတွက်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ

ဘုရင်မကြီး ကွယ်လွန်တဲ့အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက် အားကစားအဖွဲ့စည်းတွေနဲ့ သက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။ နောက်ပြီး ကြာသပတေးညမှာ

ကစားခဲ့ကြတဲ့ မန်ယူ၊ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာလည်း ဘုရင်မကြီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။ ‘’ကျွန်တော်တို့ရဲ့ ပူဆွေးသောကနဲ့ ဝမ်းနည်းခြင်းတွေဟာ

တော်ဝင်မိသားစု၊ ဘုရင်မကြီး ကိုဆုံးရှုံးလိုက်ရတဲ့အတွက် ပူဆွေးသောကရောက်နေ ကမ္ဘာတစ်ဝန်းလုံး မှာရှိကြတဲ့ လူတိုင်းနဲ့အတူ ထပ်တူထပ်မျှ ရှိနေကြပါတယ်’’ လို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး အင်္ဂလိပ်ဘောလုံးလိဂ်ပြိုင်ပွဲ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရစ်ပယ်ရီကလည်း လိဂ်ပြိုင်ပွဲ တွေနဲ့ အသင်းတွေရဲ့ကိုယ်စား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီးဖြစ် ပါတယ်။ မန်ယူနဲ့ အင်္ဂလန်ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ် ဘက်ဟမ်းကလည်း

‘’ဘုရင်မကြီးဟာ နိုင်ငံတော်အတွက် ကျက်သရေမင်္ဂလာ၊ ဂုဏ်သိက္ခာတို့နဲ့အတူ ထမ်းရွက်သွားခဲ့တာပါ’’ ဆိုပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာကို သူ့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာ တွေကတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံတစ်ဝန်းမှာ ဘုရင်မကြီး အနှစ်သက်ဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ့ မြင်းပြိုင်ပွဲအပြင် အခြားသော အားကစားပြိုင်ပွဲတွေလည်း ရပ်ဆိုင်းထားဖို့ရှိတယ်လို့ သိရပါတယ်။ ဘုရင်မ ကြီး ကံတော်ကုန်မှုအတွက် ဝမ်းနည်းကြောင်း

သဝဏ်လွှာပေးပို့ကြတဲ့ အား ကစားနည်းတွေထဲမှာ ဘောလုံးပြိုင်ပွဲက တာဝန်ရှိသူတွေအပြင်၊ ဖော်မြူလာ ဝမ်း၊ ခရစ်ကတ်၊ ဂေါက်သီး၊ အိုလံပစ်၊ ရပ်ဘီလိဂ်၊ တင်းနစ်၊ စက်ဘီး၊ ဘောက်ဆင် အစရှိတဲ့ အားကစားနည်းတွေကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

(zawgyi)

ၿဗိတိန္ေတာ္ဝင္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလိဇဘက္ နတ္႐ြာစံကံေတာ္ ကုန္သြားတဲ့အတြက္ေၾကာင့္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အေနနဲ႔ ဒီတစ္ပတ္ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အားလုံးကို ေ႐ႊ႕ဆိုင္းလိုက္ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ ဘုရင္မႀကီး ကြယ္လြန္တဲ့အေၾကာင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီးတဲ့ေနာက္ အားကစားအဖြဲ႕စည္းေတြနဲ႔ သက္ဆိုင္ရာ ထိပ္တန္းပုဂၢိဳလ္ေတြဟာ ဝမ္းနည္းေၾကာင္း သဝဏ္လႊာေတြ အသီးသီး ေပးပို႔ခဲ့ၾကပါတယ္။

ေနာက္ၿပီး ၾကာသပေတးညမွာ ကစားခဲ့ၾကတဲ့ မန္ယူ၊ အာဆင္နယ္နဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာလည္း ဘုရင္မႀကီးအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ တစ္မိနစ္ ၿငိမ္သက္ခဲ့ၾကပါတယ္။ ‘’ကြၽန္ေတာ္တို႔ရဲ႕

ပူေဆြးေသာကနဲ႔ ဝမ္းနည္းျခင္းေတြဟာ ေတာ္ဝင္မိသားစု၊ ဘုရင္မႀကီး ကိုဆုံးရႈံးလိုက္ရတဲ့အတြက္ ပူေဆြးေသာကေရာက္ေန ကမာၻတစ္ဝန္းလုံး မွာရွိၾကတဲ့ လူတိုင္းနဲ႔အတူ ထပ္တူထပ္မွ် ရွိေနၾကပါတယ္’’ လို႔

ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဳပ္က ဝမ္းနည္းေၾကာင္းသဝဏ္လႊာ ထုတ္ျပန္ခဲ့ပါတယ္။ ေနာက္ၿပီး အဂၤလိပ္ေဘာလုံးလိဂ္ၿပိဳင္ပြဲ အဖြဲ႕ခ်ဳပ္ဥကၠ႒ ရစ္ပယ္ရီကလည္း လိဂ္ၿပိဳင္ပြဲ ေတြနဲ႔ အသင္းေတြရဲ႕ကိုယ္စား ဝမ္းနည္းေၾကာင္း သဝဏ္လႊာ

ေပးပို႔ခဲ့ၿပီးျဖစ္ ပါတယ္။ မန္ယူနဲ႔ အဂၤလန္ဂႏၴဝင္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေဒးဗစ္ ဘက္ဟမ္းကလည္း ‘’ဘုရင္မႀကီးဟာ ႏိုင္ငံေတာ္အတြက္ က်က္သေရမဂၤလာ၊ ဂုဏ္သိကၡာတို႔နဲ႔အတူ ထမ္း႐ြက္သြားခဲ့တာပါ’’ ဆိုၿပီး ဝမ္းနည္းေၾကာင္း

သဝဏ္လႊာကို သူ႔ရဲ႕ တရားဝင္ လူမႈကြန္ရက္ စာမ်က္ႏွာ ေတြကတစ္ဆင့္ ထုတ္ျပန္ခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံတစ္ဝန္းမွာ ဘုရင္မႀကီး အႏွစ္သက္ဆုံး အားကစားၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ျမင္းၿပိဳင္ပြဲအျပင္ အျခားေသာ အားကစားၿပိဳင္ပြဲေတြလည္း ရပ္ဆိုင္းထားဖို႔ရွိတယ္လို႔ သိရပါတယ္။ ဘုရင္မ ႀကီး ကံေတာ္ကုန္မႈအတြက္

ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔ၾကတဲ့ အား ကစားနည္းေတြထဲမွာ ေဘာလုံးၿပိဳင္ပြဲက တာဝန္ရွိသူေတြအျပင္၊ ေဖာ္ျမဴလာ ဝမ္း၊ ခရစ္ကတ္၊ ေဂါက္သီး၊ အိုလံပစ္၊ ရပ္ဘီလိဂ္၊ တင္းနစ္၊ စက္ဘီး၊ ေဘာက္ဆင္ အစရွိတဲ့ အားကစားနည္းေတြကလည္း ဝမ္းနည္းေၾကာင္း သဝဏ္လႊာေတြ ေပးပို႔ခဲ့ၾကတယ္လို႔ သိရပါတယ္။