ဘုရင်မကြီးအတွက် ဂုဏ်ပြုချင်တဲ့ ပရိသတ်တွေ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပြီ

ဘုရင်မကြီး ကွယ်လွန်အနိစ္စရောက်သွားတဲ့အတွက်ကြောင့် ဘောလုံးပွဲစဉ် တွေရွှေ့ဆိုင်းတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေသလို အလားတူပဲ ဘုရင်မကြီးကို ချစ်မြတ်နိုးပြီး လေးစားမှုရှိတဲ့ ဘောလုံးပရိသတ်တွေဟာလည်း သူတို့ရဲ့ အထွဋ်အမြတ်ထားရာ

ဥသျှောင်တစ်ပါးရဲ့ နောက်ဆုံးခရီးကို မှန်ကန်သင့်တော်တဲ့ နည်းလမ်းမျိုးနဲ့ ဂုဏ်ပြုခွင့်ရသင့်တယ်လို့ Daily Mail သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် မာတင်ဆင်မြူရယ်က ဝေဖန်လိုက်ပါတယ်။ အားကစားပွဲစဉ်တွေနဲ့ပတ်သက်ပြီး အစိုးရက တိုက်ရိုက်

အမိန့်ပေးညွှန်ကြားချက်မျိုး မရှိတာကြောင့် ပရီးမီးယားလိဂ်ဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တဲ့ အခြေအနေမျိုးမှာ မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ ဆင်မြူရယ် က သုံးသပ်ထားပါတယ်။ ‘’ဒါက မလေးမစား လုပ်တာမဟုတ်ပါဘူး။

ဂရုမစိုက်တာမျိုးလည်းမဟုတ်ဘူး။ နောက်ပြီး ချစ်လှစွာသော ဘုရင်မကြီးရဲ့ နတ်ရွာစံမှုအပေါ်မှာလည်း ချင်းနင်းဝင်ရောက်စွက်ဖက်တာမျိုး မဟုတ်ပါဘူး’’ လို့ ဆင်မြူရယ်က စကားပလ္လင်ခံခဲ့ပါတယ်။ ဝန်ကြီးချုပ်သစ် လဇ်ထရပ်စ် အစိုးရအနေနဲ့ အလုပ်များနေတဲ့

အချိန်မှာ အားကစားနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို လှည့်မကြည့်နိုင်တဲ့အတွက် ညွှန်ကြားချက်မထုတ်ခဲ့တာကြောင့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်တွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးလိုက် သလိုဖြစ်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ဟာ သက်ဆိုင်ရာ အဖွဲ့ချုပ်အပေါ်မှာပဲ

မူတည်နေတယ်လို့ ဆင်မြူရယ်က ထောက်ပြပါတယ်။ ဒါကြောင့် အခုလိုမျိုး ပရီးမီးယားလိဂ်ပွဲတွေကို ရပ်ဆိုင်းဖို့အတွက် အချိန်တိုအတွင်းမှာ ဆုံးဖြတ် လိုက်တာဟာ ထောင်ပေါင်းများစွာသော ပရိသတ်တွေအတွက်

သူတို့ချစ်မြတ်နိုးတဲ့ ဘုရင်မကြီးရဲ့ နောက်ဆုံးခရီးအပေါ် အားကစားရပ်ဝန်းကနေတစ်ဆင့် သင့်တော်ကောင်းမွန်တဲ့ အချိန်မှာ မှန်ကန် ဆီလျော်တဲ့ နည်းလမ်းမျိုးနဲ့ ဂုဏ်ပြုခွင့်ကို ပယ်ချခံလိုက်ရတာ ဖြစ်တယ်လို့ ဆင်မြူရယ်က

ထောက်ပြ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးပွဲစဉ်တွေ အတွင်းမှာ ပရိသတ်တွေဟာ သူတို့ချစ်မြတ်နိုးတဲ့ ဘုရင်မကြီးကို နည်းလမ်းပေါင်းစုံနဲ့ ဂုဏ်ပြုခွင့်တွေ ဆုံးရှုံးသွားခဲ့ပြီဖြစ်တယ်လို့လည်း အဲဒီဆောင်းပါးမှာ ထောက်ပြရေးသားသွားခဲ့ပါတယ်။

(zawgyi)

ဘုရင္မႀကီး ကြယ္လြန္အနိစၥေရာက္သြားတဲ့အတြက္ေၾကာင့္ ေဘာလုံးပြဲစဥ္ ေတြေ႐ႊ႕ဆိုင္းတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနသလို အလားတူပဲ ဘုရင္မႀကီးကို ခ်စ္ျမတ္ႏိုးၿပီး ေလးစားမႈရွိတဲ့ ေဘာလုံးပရိသတ္ေတြဟာလည္း သူတို႔ရဲ႕ အထြဋ္အျမတ္ထားရာ

ဥေသွ်ာင္တစ္ပါးရဲ႕ ေနာက္ဆုံးခရီးကို မွန္ကန္သင့္ေတာ္တဲ့ နည္းလမ္းမ်ိဳးနဲ႔ ဂုဏ္ျပဳခြင့္ရသင့္တယ္လို႔ Daily Mail သတင္းစာရဲ႕ ပင္တိုင္ေဆာင္းပါးရွင္ မာတင္ဆင္ျမဴရယ္က ေဝဖန္လိုက္ပါတယ္။ အားကစားပြဲစဥ္ေတြနဲ႔ပတ္သက္ၿပီး အစိုးရက တိုက္႐ိုက္

အမိန႔္ေပးၫႊန္ၾကားခ်က္မ်ိဳး မရွိတာေၾကာင့္ ပရီးမီးယားလိဂ္ဟာ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေတာ့တဲ့ အေျခအေနမ်ိဳးမွာ မိုက္မဲတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တယ္လို႔ ဆင္ျမဴရယ္ က သုံးသပ္ထားပါတယ္။ ‘’ဒါက မေလးမစား လုပ္တာမဟုတ္ပါဘူး။

ဂ႐ုမစိုက္တာမ်ိဳးလည္းမဟုတ္ဘူး။ ေနာက္ၿပီး ခ်စ္လွစြာေသာ ဘုရင္မႀကီးရဲ႕ နတ္႐ြာစံမႈအေပၚမွာလည္း ခ်င္းနင္းဝင္ေရာက္စြက္ဖက္တာမ်ိဳး မဟုတ္ပါဘူး’’ လို႔ ဆင္ျမဴရယ္က စကားပလႅင္ခံခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္သစ္ လဇ္ထရပ္စ္ အစိုးရအေနနဲ႔ အလုပ္မ်ားေနတဲ့ အခ်ိန္မွာ

အားကစားနဲ႔သက္ဆိုင္တဲ့ ကိစၥေတြကို လွည့္မၾကည့္ႏိုင္တဲ့အတြက္ ၫႊန္ၾကားခ်က္မထုတ္ခဲ့တာေၾကာင့္ သက္ဆိုင္ရာ အားကစားအဖြဲ႕ခ်ဳပ္ေတြဟာ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ေပးလိုက္ သလိုျဖစ္ခဲ့ၿပီး အဲဒီဆုံးျဖတ္ခ်က္ဟာ သက္ဆိုင္ရာ အဖြဲ႕ခ်ဳပ္အေပၚမွာပဲ

မူတည္ေနတယ္လို႔ ဆင္ျမဴရယ္က ေထာက္ျပပါတယ္။ ဒါေၾကာင့္ အခုလိုမ်ိဳး ပရီးမီးယားလိဂ္ပြဲေတြကို ရပ္ဆိုင္းဖို႔အတြက္ အခ်ိန္တိုအတြင္းမွာ ဆုံးျဖတ္ လိုက္တာဟာ ေထာင္ေပါင္းမ်ားစြာေသာ ပရိသတ္ေတြအတြက္

သူတို႔ခ်စ္ျမတ္ႏိုးတဲ့ ဘုရင္မႀကီးရဲ႕ ေနာက္ဆုံးခရီးအေပၚ အားကစားရပ္ဝန္းကေနတစ္ဆင့္ သင့္ေတာ္ေကာင္းမြန္တဲ့ အခ်ိန္မွာ မွန္ကန္ ဆီေလ်ာ္တဲ့ နည္းလမ္းမ်ိဳးနဲ႔ ဂုဏ္ျပဳခြင့္ကို ပယ္ခ်ခံလိုက္ရတာ ျဖစ္တယ္လို႔ ဆင္ျမဴရယ္က ေထာက္ျပ ေရးသားခဲ့ပါတယ္။

ဒါ့အျပင္ ေဘာလုံးပြဲစဥ္ေတြ အတြင္းမွာ ပရိသတ္ေတြဟာ သူတို႔ခ်စ္ျမတ္ႏိုးတဲ့ ဘုရင္မႀကီးကို နည္းလမ္းေပါင္းစုံနဲ႔ ဂုဏ္ျပဳခြင့္ေတြ ဆုံးရႈံးသြားခဲ့ၿပီျဖစ္တယ္လို႔လည္း အဲဒီေဆာင္းပါးမွာ ေထာက္ျပေရးသားသြားခဲ့ပါတယ္။