ဘုန်းမောက် ဂိုးအလှူလာပေးပေမယ့် တစ်ဂိုးမှ မသွင်းနိုင်ဘဲ အလွဲကြီးလွဲခဲ့တဲ့ ဆာလက်

လီဗာပူးလ်ဟာ အိမ်ကွင်းအန်ဖီးလ်မှာ တန်းတက်ဘုန်းမောက်ကို ၉-၀ ဂိုးနဲ့အနိုင်ယူပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ ကြိုးကြာနီတွေဟာ ပထမပိုင်းမှာတင် လူးဝစ္စဒိုင်ယက်ဇ်၊ အီလီယော့၊

အာနိုး၊ ဖာမီနို၊ ဗန်ဒိုက်တို့ရဲ့သွင်းဂိုးတွေနဲ့ ၅ ဂိုးပြတ်အနိုင်ရနေခဲ့တာပါ။ ဒုတိယပိုင်းအစမှာ ဘုန်းမောက်နောက်ခံလူ ဂျိမ်းစ်မီဖန်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့နောက်မှာလည်း ဖာမီနို၊ ကာဗယ်ဟိုနဲ့ ဒိုင်ယက်ဇ်တို့က

ဂိုးတွေထပ်သွင်းနိုင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်က အက်ဝှစ်ချ်ကို မန်ယူအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ဂိုးအပြတ်ဆုံးနိုင်ပွဲစံချိန်ကို လိုက်မီခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးဆာလက်ကတော့ ဒီပွဲရဲ့ဂိုးသွင်းသူစာရင်းမှာ

မပါဝင်နိုင်ခဲ့သလို အခွင့်အရေးတစ်ချို့လွဲချော်ခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ အထူးသဖြင့် ပွဲချိန် ၁၆ မိနစ်မှာရတဲ့ အကောင်းဆုံးအခွင့်အရေးကို အသုံးမချနိုင်ခဲ့တာပါ။ ဒိုင်ယက်ဇ်၊ အီလီယော့တို့သွင်းဂိုးတွေနဲ့

လီဗာပူးလ် ၂ ဂိုးအသာနဲ့ ဦးဆောင်နေချိန်မှာဖြစ်ပါတယ်။ ဘယ်တောင်ပံကနေ ဖာမီနိုနဲ့အပေးအယူလုပ်ပြီး ဂိုးဧရိယာထဲဆွဲဝင်ကာ အီလီယော့ဖန်တီးပေးလိုက်တဲ့ဘောလုံးဟာ ဂိုးရဖို့သေချာသလောက်ဖြစ်ခဲ့တာပါ။

ဘုန်းမောက်ခံစစ်မှူးတွေနောက်မှာရောက်နေတဲ့ ဆာလက် ပြေးဝင်ပိတ်ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် ဂိုးပေါက်လွဲခဲ့ပါတယ်။ တကယ်ဆို အီဂျစ်တိုက်စစ်မှူးရဲ့ ဘယ်နေရာနဲ့ထိထိ

ဂိုးဝင်သင့်လောက်အောင် သူနဲ့ဂိုးပေါက်ပဲရှိနေခဲ့တာပါ။ အခုလို ငှက်ပစ်ခဲ့တဲ့အတွက် ဆာလက်ဟာ ဒီရာသီ အဆိုးရွားဆုံးဂိုးပေါက်လွဲချော်မှုဖြစ်လိမ့်မယ်လို့ ဝေဖန်ခံနေရပါတယ်။

(zawgyi)

လီဗာပူးလ္ဟာ အိမ္ကြင္းအန္ဖီးလ္မွာ တန္းတက္ဘုန္းေမာက္ကို ၉-၀ ဂိုးနဲ႔အႏိုင္ယူၿပီး ဒီရာသီ ပရီးမီးယားလိဂ္ ပထမဆုံးႏိုင္ပြဲ ရရွိသြားခဲ့ပါတယ္။ ႀကိဳးၾကာနီေတြဟာ ပထမပိုင္းမွာတင္ လူးဝစၥဒိုင္ယက္ဇ္၊

အီလီေယာ့၊ အာႏိုး၊ ဖာမီႏို၊ ဗန္ဒိုက္တို႔ရဲ႕သြင္းဂိုးေတြနဲ႔ ၅ ဂိုးျပတ္အႏိုင္ရေနခဲ့တာပါ။ ဒုတိယပိုင္းအစမွာ ဘုန္းေမာက္ေနာက္ခံလူ ဂ်ိမ္းစ္မီဖန္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ေနာက္မွာလည္း ဖာမီႏို၊

ကာဗယ္ဟိုနဲ႔ ဒိုင္ယက္ဇ္တို႔က ဂိုးေတြထပ္သြင္းႏိုင္ခဲ့တာေၾကာင့္ ၁၉၉၄ ခုႏွစ္က အက္ဝွစ္ခ်္ကို မန္ယူအႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ဂိုးအျပတ္ဆုံးႏိုင္ပြဲစံခ်ိန္ကို လိုက္မီခဲ့ပါတယ္။ ဒါေပမဲ့ တိုက္စစ္မႉးဆာလက္ကေတာ့

ဒီပြဲရဲ႕ဂိုးသြင္းသူစာရင္းမွာ မပါဝင္ႏိုင္ခဲ့သလို အခြင့္အေရးတစ္ခ်ိဳ႕လြဲေခ်ာ္ခဲ့တာေၾကာင့္ ေဝဖန္ခံေနရပါတယ္။ အထူးသျဖင့္ ပြဲခ်ိန္ ၁၆ မိနစ္မွာရတဲ့ အေကာင္းဆုံးအခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တာပါ။

ဒိုင္ယက္ဇ္၊ အီလီေယာ့တို႔သြင္းဂိုးေတြနဲ႔ လီဗာပူးလ္ ၂ ဂိုးအသာနဲ႔ ဦးေဆာင္ေနခ်ိန္မွာျဖစ္ပါတယ္။ ဘယ္ေတာင္ပံကေန ဖာမီႏိုနဲ႔အေပးအယူလုပ္ၿပီး ဂိုးဧရိယာထဲဆြဲဝင္ကာ အီလီေယာ့ဖန္တီးေပးလိုက္တဲ့ေဘာလုံးဟာ

ဂိုးရဖို႔ေသခ်ာသေလာက္ျဖစ္ခဲ့တာပါ။ ဘုန္းေမာက္ခံစစ္မႉးေတြေနာက္မွာေရာက္ေနတဲ့ ဆာလက္ ေျပးဝင္ပိတ္ေပမယ့္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ဂိုးေပါက္လြဲခဲ့ပါတယ္။ တကယ္ဆို အီဂ်စ္တိုက္စစ္မႉးရဲ႕

ဘယ္ေနရာနဲ႔ထိထိ ဂိုးဝင္သင့္ေလာက္ေအာင္ သူနဲ႔ဂိုးေပါက္ပဲရွိေနခဲ့တာပါ။ အခုလို ငွက္ပစ္ခဲ့တဲ့အတြက္ ဆာလက္ဟာ ဒီရာသီ အဆိုး႐ြားဆုံးဂိုးေပါက္လြဲေခ်ာ္မႈျဖစ္လိမ့္မယ္လို႔ ေဝဖန္ခံေနရပါတယ္။