ဘုန်းမောက်အသင်းပိုင်ရှင်တွေ အကြောက်လွန်နေပြီး ပြိုင်ဘက်တွေကိုလည်း နိုင်ငံပိုင်အသင်းတွေလို့ ကလော့ပ်ဝေဖန်

ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးထုတ်ပယ်ခံရတဲ့နည်းပြအဖြစ် စကော့ပါကားမှတ်တမ်းဝင်သွားတဲ့နောက် လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်ဆီက ပေါက်ကွဲသံတွေထွက်ကျလာပါတယ်။ အန်ဖီးလ်မှာ ဘုန်းမောက်ကို မညှာမတာ ၉-၀ ဂိုးနဲ့

အနိုင်ယူမိခဲ့တဲ့အကြောင်းကြောင့်လည်း သူ့မှာတာဝန်မကင်းဘူးလို့ ခံစားရပုံပေါ်ပါတယ်။ စကော့ပါကားဟာ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှုကင်းမဲ့ခဲ့တဲ့ ဘုန်းမောက်ရဲ့မြေဇာပင် ဖြစ်ခဲ့ရတာလို့ ဂျာမန်သားနည်းပြက ပြစ်တင်ဝေဖန်လိုက်တာပါ။

ဒါ့အပြင် အသက် ၄၁ နှစ်အရွယ် ဖူလ်ဟမ်နည်းပြဟောင်း ထုတ်ပယ်ခံရတာဟာ မယုံနိုင်စရာဖြစ်သလို အင်္ဂလန်ကစားသမားဟောင်းဟာ ထူးချွန်သူတစ်ဦးလို့လည်း ပြောသွားခဲ့ပါသေးတယ်။ ပြီးတော့ ဒီဈေးကွက်မှာ နာမည်ကြီးတွေခေါ်ယူနေတဲ့

မန်စီးတီး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ကို နိုင်ငံပိုင်ကလပ်တွေလို့ ပုတ်ခတ်လိုက်ပြီး အကြောက်လွန်နေတဲ့ အသင်းပိုင်ရှင်တွေဟာ နည်းပြသစ်ရှာဖို့ပဲ ပြင်ဆင်နေတာလို့စွပ်စွဲသွားတာပါ။ “ ဒီနေ့ စကော့ပါကားရဲ့သတင်းကိုကြားလိုက်ရတာနဲ့

ဘောလုံးကလပ်တွေမှာ မှန်ကန်တဲ့ပိုင်ရှင်တွေရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော် သိလိုက်ရပါတယ်။ တစ်ချို့ကလပ်တွေကို နိုင်ငံတွေကပိုင်ဆိုင်ထားပေမယ့် တစ်ချို့တွေကတော့ ကျွန်တော်တို့လို ဖွဲ့စည်းပုံမျိုးရှိပါတယ်။

အာဆင်နယ်လည်း ဖြစ်နိုင်ပါတယ်။ တန်းတက်လာတဲ့ ၃ သင်းထဲမှာ နော်တင်ဟမ်က ငွေသုံးနေပြီး ဖူလ်ဟမ်နဲ့ ဘုန်းမောက်ရော အများကြီးသုံးနေလားဆိုတာတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ ဒါက နည်းပြတစ်ယောက်အတွက် ခက်ခဲပါတယ်။

စကော့အတွက် ကျွန်တော် ခံစားရပါတယ်။ သူတို့ဟာ ပထမ ၄ ပွဲမှာ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အကြောက်လွန်တဲ့အသင်းပိုင်ရှင်တွေကတော့ နည်းပြသစ်ရှာဖို့သာ ပြင်ဆင်နေကြတာပါ။ တကယ်တော့ စကော့ဟာ ထူးချွန်တဲ့နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ် ” လို့ ဂျာဂင်ကလော့ပ်က ဖွင့်ဟသွားခဲ့တာပါ။

(zawgyi)

ဒီရာသီ ပရီးမီးယားလိဂ္မွာ ပထမဆုံးထုတ္ပယ္ခံရတဲ့နည္းျပအျဖစ္ စေကာ့ပါကားမွတ္တမ္းဝင္သြားတဲ့ေနာက္ လီဗာပူးလ္နည္းျပဂ်ာဂင္ကေလာ့ပ္ဆီက ေပါက္ကြဲသံေတြထြက္က်လာပါတယ္။ အန္ဖီးလ္မွာ ဘုန္းေမာက္ကို မညႇာမတာ ၉-၀ ဂိုးနဲ႔

အႏိုင္ယူမိခဲ့တဲ့အေၾကာင္းေၾကာင့္လည္း သူ႔မွာတာဝန္မကင္းဘူးလို႔ ခံစားရပုံေပၚပါတယ္။ စေကာ့ပါကားဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လႈပ္ရွားမႈကင္းမဲ့ခဲ့တဲ့ ဘုန္းေမာက္ရဲ႕ေျမဇာပင္ ျဖစ္ခဲ့ရတာလို႔ ဂ်ာမန္သားနည္းျပက

ျပစ္တင္ေဝဖန္လိုက္တာပါ။ ဒါ့အျပင္ အသက္ ၄၁ ႏွစ္အ႐ြယ္ ဖူလ္ဟမ္နည္းျပေဟာင္း ထုတ္ပယ္ခံရတာဟာ မယုံႏိုင္စရာျဖစ္သလို အဂၤလန္ကစားသမားေဟာင္းဟာ ထူးခြၽန္သူတစ္ဦးလို႔လည္း ေျပာသြားခဲ့ပါေသးတယ္။

ၿပီးေတာ့ ဒီေဈးကြက္မွာ နာမည္ႀကီးေတြေခၚယူေနတဲ့ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္တို႔ကို ႏိုင္ငံပိုင္ကလပ္ေတြလို႔ ပုတ္ခတ္လိုက္ၿပီး အေၾကာက္လြန္ေနတဲ့ အသင္းပိုင္ရွင္ေတြဟာ နည္းျပသစ္ရွာဖို႔ပဲ ျပင္ဆင္ေနတာလို႔စြပ္စြဲသြားတာပါ။

“ ဒီေန႔ စေကာ့ပါကားရဲ႕သတင္းကိုၾကားလိုက္ရတာနဲ႔ ေဘာလုံးကလပ္ေတြမွာ မွန္ကန္တဲ့ပိုင္ရွင္ေတြရွိဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ ကြၽန္ေတာ္ သိလိုက္ရပါတယ္။ တစ္ခ်ိဳ႕ကလပ္ေတြကို ႏိုင္ငံေတြကပိုင္ဆိုင္ထားေပမယ့္

တစ္ခ်ိဳ႕ေတြကေတာ့ ကြၽန္ေတာ္တို႔လို ဖြဲ႕စည္းပုံမ်ိဳးရွိပါတယ္။ အာဆင္နယ္လည္း ျဖစ္ႏိုင္ပါတယ္။ တန္းတက္လာတဲ့ ၃ သင္းထဲမွာ ေနာ္တင္ဟမ္က ေငြသုံးေနၿပီး ဖူလ္ဟမ္နဲ႔ ဘုန္းေမာက္ေရာ အမ်ားႀကီးသုံးေနလားဆိုတာေတာ့

ကြၽန္ေတာ္ မမွတ္မိေတာ့ပါဘူး။ ဒါက နည္းျပတစ္ေယာက္အတြက္ ခက္ခဲပါတယ္။ စေကာ့အတြက္ ကြၽန္ေတာ္ ခံစားရပါတယ္။ သူတို႔ဟာ ပထမ ၄ ပြဲမွာ အာဆင္နယ္၊ မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔ ရင္ဆိုင္ခဲ့ရတာပါ။

အေၾကာက္လြန္တဲ့အသင္းပိုင္ရွင္ေတြကေတာ့ နည္းျပသစ္ရွာဖို႔သာ ျပင္ဆင္ေနၾကတာပါ။ တကယ္ေတာ့ စေကာ့ဟာ ထူးခြၽန္တဲ့နည္းျပတစ္ေယာက္လို႔ ကြၽန္ေတာ္ထင္ပါတယ္ ” လို႔ ဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟသြားခဲ့တာပါ။