ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက်နဲ့ ပျော်မဆုံးဖြစ်နေကြတဲ့ တန်းဟတ်နဲ့ ဆန်ချို

ယူနိုက်တက်ဟာ ကင်းပါဝါမှာ လက်စတာကိုအနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ တက်နိုင်ခဲ့ပါတယ်။ ဒါဟာ သရဲနီတွေအတွက် လိဂ် ၃ ပွဲဆက်အနိုင်ဖြစ်ပြီး ပထမပိုင်းကတည်းကသွင်းယူပေးခဲ့တဲ့

ဆန်ချိုရဲ့ဂိုးကြောင့် အဖိုးတန်အဝေးကွင်း ၃ မှတ်ရခဲ့တာပါ။ ပွဲအပြီးမှာတော့ နည်းပြတန်းဟတ်က အင်္ဂလန်လက်ရွေးစင်ဟာ တိုးတက်လာဦးမှာဖြစ်သလို အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်လာနိုင်တယ်လို့

ချီးကျူးသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံတိုက်စစ်မှူးကလည်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ရှိအချိန် သက်သောင့်သက်သာရှိနေပြီလို့ ဖွင့်ဟလိုက်ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်က ပြောင်းရွှေ့ကြေး

ပေါင် ၇၃ သန်းနဲ့ ဒေါ့တ်မန်ကနေ ရောက်လာခဲ့သူပါ။ အိုးလ်ထရက်ဖို့ဒ် ပထမရာသီမှာ သူရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၃ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ အခုတော့ ၂ ဂိုးသွင်းနိုင်ပြီဖြစ်တာကြောင့် တောက်ပတဲ့အနာဂတ်တစ်ခုကို

မျှော်လင့်လို့ရနေပါပြီ။ ဒါဟာ နွေရာသီခြေစမ်းပွဲကာလကတည်းက တန်းဟတ်ရဲ့မောင်းနှင်မှုခံခဲ့ရတာကြောင့်လို့ ဆန်ချိုက အသိအမှတ်ပြုသွားခဲ့ပါတယ်။ “ ကျွန်တော့်ရဲ့ပထမဆုံးရာသီကြိုကာလကို လွဲချော်ခဲ့ပေမယ့် ဒီနှစ်မှာတော့

အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခွင့်ရခဲ့တယ်။ ဒါကြောင့် ဒီနှစ်မှာ ကစားသမားတွေအကြောင်း အများကြီးပိုသိလာခဲ့တယ်။ အကြောင်းအရာအနည်းငယ်ကို ကျွန်တော်တို့လုပ်ခဲ့ကြတယ်။ အခုတော့ ကျွန်တော် အဆင်ပြေနေပါပြီ ” လို့ ဆန်ချိုက BT Sport ကို ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ယူႏိုက္တက္ဟာ ကင္းပါဝါမွာ လက္စတာကိုအႏိုင္ယူၿပီး အမွတ္ေပးဇယား အဆင့္ ၅ ေနရာအထိ တက္ႏိုင္ခဲ့ပါတယ္။ ဒါဟာ သရဲနီေတြအတြက္ လိဂ္ ၃ ပြဲဆက္အႏိုင္ျဖစ္ၿပီး ပထမပိုင္းကတည္းကသြင္းယူေပးခဲ့တဲ့ ဆန္ခ်ိဳရဲ႕ဂိုးေၾကာင့္

အဖိုးတန္အေဝးကြင္း ၃ မွတ္ရခဲ့တာပါ။ ပြဲအၿပီးမွာေတာ့ နည္းျပတန္းဟတ္က အဂၤလန္လက္ေ႐ြးစင္ဟာ တိုးတက္လာဦးမွာျဖစ္သလို အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္လည္း ျဖစ္လာႏိုင္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံတိုက္စစ္မႉးကလည္း

အိုးလ္ထရက္ဖို႔ဒ္မွာ လက္ရွိအခ်ိန္ သက္ေသာင့္သက္သာရွိေနၿပီလို႔ ဖြင့္ဟလိုက္ပါတယ္။ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ႏွစ္က ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃ သန္းနဲ႔ ေဒါ့တ္မန္ကေန ေရာက္လာခဲ့သူပါ။ အိုးလ္ထရက္ဖို႔ဒ္ ပထမရာသီမွာ သူ႐ုန္းကန္ခဲ့ရၿပီး

ပရီးမီးယားလိဂ္ ၃ ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။ အခုေတာ့ ၂ ဂိုးသြင္းႏိုင္ၿပီျဖစ္တာေၾကာင့္ ေတာက္ပတဲ့အနာဂတ္တစ္ခုကို ေမွ်ာ္လင့္လို႔ရေနပါၿပီ။ ဒါဟာ ေႏြရာသီေျခစမ္းပြဲကာလကတည္းက တန္းဟတ္ရဲ႕ေမာင္းႏွင္မႈခံခဲ့ရတာေၾကာင့္လို႔

ဆန္ခ်ိဳက အသိအမွတ္ျပဳသြားခဲ့ပါတယ္။ “ ကြၽန္ေတာ့္ရဲ႕ပထမဆုံးရာသီႀကိဳကာလကို လြဲေခ်ာ္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ အသင္းနဲ႔အတူ ရာသီႀကိဳေလ့က်င့္ခြင့္ရခဲ့တယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ ကစားသမားေတြအေၾကာင္း

အမ်ားႀကီးပိုသိလာခဲ့တယ္။ အေၾကာင္းအရာအနည္းငယ္ကို ကြၽန္ေတာ္တို႔လုပ္ခဲ့ၾကတယ္။ အခုေတာ့ ကြၽန္ေတာ္ အဆင္ေျပေနပါၿပီ ” လို႔ ဆန္ခ်ိဳက BT Sport ကို ဖြင့္ဟသြားခဲ့ပါတယ္။