ဘီယာဈေးလျှော့မပေးရင် ကွင်းပိုင်ရှင်တွေကို တရားစွဲမယ်လို့ ဝက်စ်ဟမ်း ခြိမ်းခြောက်

ဝက်စ်ဟမ်းအသင်းကတော့ လာမယ့်အိမ်ကွင်းပွဲစဉ်မတိုင်ခင် ဘီယာဈေးတွေလျှော့မပေးရင် သူတို့ရဲ့ London Stadium ကွင်းပိုင်ရှင်တွေကို တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

မန်စီးတီးနဲ့ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် ဈေးအသက်သာဆုံး ဘီယာတစ်ပိုင့်ကို ပေါင် ၇.၃၀နဲ့ ရောင်းချခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဒေါသထွက်နေတာပါ။ ဒါဟာ အိမ်နီးချင်းစပါးကွင်းမှာ

ရောင်းချနေတဲ့နှုန်းထက် ပေါင် ၂.၁၁ လောက် ဈေးကြီးနေတာဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်အားကစားကွင်းနဲ့ သူတို့ရဲ့ပံ့ပိုးကူညီမှုဆိုင်ရာ သဘောတူညီချက်မှာပါဝင်တဲ့

နှိုင်းယှဉ်နိုင်သောကလပ်များဆိုင်ရာဆိုတဲ့ စာပိုဒ်ကိုကိုးကားပြီး အပြောင်းအလဲလုပ်မပေးရင် တရားစွဲဖို့အထိခြိမ်းခြောက်လာတာပါ။ ပရိသတ်တွေကလည်း ရာသီအဖွင့်ပွဲမှာ ဈေးကြီးမိသွားတာကြောင့်

ဒေါသထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းကတော့ ဒီဈေးနှုန်းတွေကို သူတို့သတ်မှတ်တာမဟုတ်သလို ကွင်းအတွင်းအစားအသောက်ရောင်းချမှုကနေ ဘာအကျိုးအမြတ်မှ မရပါဘူးလို့

ဖြေရှင်းထားပါတယ်။ ဝက်စ်ဟမ်းပရိသတ်တွေကတော့ အခုလိုချောင်ပိတ်ရိုက်ခဲ့တဲ့အကွက်ကြောင့် အတော်လေးပေါက်ကွဲနေကြပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်နေကြပါတယ်။

အခုလို ပွဲကြီးတွေမှာ အမြတ်ထုတ်ခွင့်မရအောင် အာဆင်နယ်၊ စပါး၊ ချဲလ်ဆီးတို့ရဲ့ကွင်းတွေမှာရောင်းချတဲ့ ဈေးနှုန်းအတိုင်းဖြစ်သင့်တယ်ဆိုတဲ့ သဘောတူညီမှုတစ်ခု ဝက်စ်ဟမ်းနဲ့

ကွင်းပိုင်ရှင် E20Stadium, LLP ကုမ္ပဏီကြားမှာရှိထားတယ်လို့ သိရပါတယ်။ အဲဒါကတော့ ဈေးအပေါဆုံးဘီယာတစ်ပိုင့်ကို ပေါင် ၅.၇၅ ဝန်းကျင်ဖြစ်ပြီး လက်ရှိနှုန်းထက် ပေါင် ၁.၅၅ ဈေးသက်သာပါတယ်။

(zawgyi)

ဝက္စ္ဟမ္းအသင္းကေတာ့ လာမယ့္အိမ္ကြင္းပြဲစဥ္မတိုင္ခင္ ဘီယာေဈးေတြေလွ်ာ့မေပးရင္ သူတို႔ရဲ႕ London Stadium ကြင္းပိုင္ရွင္ေတြကို တရားစြဲမယ္လို႔ ၿခိမ္းေျခာက္လိုက္ပါတယ္။

မန္စီးတီးနဲ႔ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အတြက္ ေဈးအသက္သာဆုံး ဘီယာတစ္ပိုင့္ကို ေပါင္ ၇.၃၀နဲ႔ ေရာင္းခ်ခဲ့တာေၾကာင့္ ဝက္စ္ဟမ္းအသင္းေဒါသထြက္ေနတာပါ။ ဒါဟာ အိမ္နီးခ်င္းစပါးကြင္းမွာ

ေရာင္းခ်ေနတဲ့ႏႈန္းထက္ ေပါင္ ၂.၁၁ ေလာက္ ေဈးႀကီးေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ လန္ဒန္အားကစားကြင္းနဲ႔ သူတို႔ရဲ႕ပံ့ပိုးကူညီမႈဆိုင္ရာ သေဘာတူညီခ်က္မွာပါဝင္တဲ့ ႏႈိင္းယွဥ္ႏိုင္ေသာကလပ္မ်ားဆိုင္ရာဆိုတဲ့

စာပိုဒ္ကိုကိုးကားၿပီး အေျပာင္းအလဲလုပ္မေပးရင္ တရားစြဲဖို႔အထိၿခိမ္းေျခာက္လာတာပါ။ ပရိသတ္ေတြကလည္း ရာသီအဖြင့္ပြဲမွာ ေဈးႀကီးမိသြားတာေၾကာင့္ ေဒါသထြက္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ဝက္စ္ဟမ္းကေတာ့

ဒီေဈးႏႈန္းေတြကို သူတို႔သတ္မွတ္တာမဟုတ္သလို ကြင္းအတြင္းအစားအေသာက္ေရာင္းခ်မႈကေန ဘာအက်ိဳးအျမတ္မွ မရပါဘူးလို႔ ေျဖရွင္းထားပါတယ္။ ဝက္စ္ဟမ္းပရိသတ္ေတြကေတာ့

အခုလိုေခ်ာင္ပိတ္႐ိုက္ခဲ့တဲ့အကြက္ေၾကာင့္ အေတာ္ေလးေပါက္ကြဲေနၾကၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာ ေဝဖန္ေနၾကပါတယ္။ အခုလို ပြဲႀကီးေတြမွာ အျမတ္ထုတ္ခြင့္မရေအာင္ အာဆင္နယ္၊ စပါး၊ ခ်ဲလ္ဆီးတို႔ရဲ႕

ကြင္းေတြမွာေရာင္းခ်တဲ့ ေဈးႏႈန္းအတိုင္းျဖစ္သင့္တယ္ဆိုတဲ့ သေဘာတူညီမႈတစ္ခု ဝက္စ္ဟမ္းနဲ႔ ကြင္းပိုင္ရွင္ E20Stadium, LLP ကုမၸဏီၾကားမွာရွိထားတယ္လို႔ သိရပါတယ္။ အဲဒါကေတာ့ ေဈးအေပါဆုံးဘီယာတစ္ပိုင့္ကို ေပါင္ ၅.၇၅ ဝန္းက်င္ျဖစ္ၿပီး လက္ရွိႏႈန္းထက္ ေပါင္ ၁.၅၅ ေဈးသက္သာပါတယ္။