ဘိုင်ယန်သာ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ နာဂယ်စ်မန်းလည်း ခွက်ပျောက်မယ့်ကိန်းပဲ

စနေညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ စတုဂတ် ကို ဦးဆောင်ဂိုးတွေသွင်းနိုင်ခဲ့ပေမယ့် အနိုင်ရလဒ်ကို မရယူနိုင်ခဲ့ဘဲ ပွဲအပြီး မှာ ၂-၂ ဂိုးနဲ့ သရေကျသွားခဲ့တယ်။ တစ်ကောင်တည်းပြေးတဲ့ မြင်းပြိုင်ပွဲလို့ အများစုကသုံးသပ်ခဲ့ကြတဲ့

ဘွန်ဒက်စ်လီဂါဟာ ပွဲစဉ် (၆) အပြီးမှာတော့ လက်ရှိချန်ပီယံကို ခြေရာတိုင်းမယ့် အသင်းတွေ ပိုများလာပြီဖြစ်ပါတယ်။ အဲဒီ ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဘိုင်ယန်ဟာ အိမ်ရှင်အသင်းပီပီ မိနစ် ၉၀ လုံးနီးပါး ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း

ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းအတွက် အဓိက လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကိုတော့ အရမယူနိုင်ခဲ့ ပါဘူး။ ဒါကြောင့် ပွဲအပြီးမှာတော့ ဒေါသထွက်နေတဲ့ တိုက်စစ်မှူး မူလာက ရင်ဖွင့်ခဲ့ပါတယ်။ ‘’ဒီနေ့ကတော့ ဒီရာသီရဲ့ ပထမဆုံး ဒေါသထွက်ရတဲ့ နေ့ပါ။

ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဒေါသထွက်တာပါ။ ကျွန်တော်တို့ရဲ့ ပြင်း ပြတဲ့ ဆန္ဒရည်မှန်းချက်ဖြစ်တဲ့ ပွဲတိုင်းကို အနိုင်လိုချင်တယ်ဆိုရင် နောက်ဆုံး အထိ သွားဖို့ လိုပါတယ်။ အင်္ဂလိပ်တွေ ကစားသည်ဖြစ်စေ မကစားသည်ဖြစ် စေ၊ အရေးပါတဲ့ ပွဲမျိုး

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နောက်ဆုံး ၁၀ မိနစ်အထိကို အားထုတ်ရမယ်။ စတုဂတ်ကို ကျွန်တော်တို့ ပင်နယ်တီဧရီယာ ထဲမှာ ဘောလုံးထိခွင့်ထပ်ပေးတယ်။ ကျွန်တော်တို့ ဘယ်လိုမျိုး ရဲရဲရင့်ရင့်နဲ့ ချုပ်ကိုင်မလဲဆိုတာကိုလည်း လုပ်ပြဖို့ လိုနေပါပြီ။

ဒီနေ့တော့ ကျွန်တော်တို့ တစ်ခုခု ဆုံးရှုံးလိုက်ရတယ်လို့ ခံစားရတဲ့ ပထမဆုံးနေ့ပါပဲ’’ လို့ မူလာက စတုဂတ်နဲ့ ပွဲစဉ်အပြီးမှာ ရင်ဖွင့်ခဲ့ပါတယ်။ စတုဂတ်နဲ့ပွဲစဉ်ကို သရေကျခဲ့တဲ့ အတွက်ကြောင့် ဘိုင်ယန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၃ ပွဲ ဆက်တိုက် သရေကျခဲ့ပြီး ၃ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဟော့ဖန် ဟိန်း၊ ဖရိုင်းဘတ်၊ ဒေါ့တ်မန်စတဲ့အသင်းတွေနဲ့ ရမှတ် ၁၂ မှတ်ချင်းလည်း တူညီသွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုးအတိုင်းသာ ရမှတ်တွေ ဆုံးရှုံးနေပြီး လမ်း ပျောက်နေမယ်ဆိုရင်တော့ နည်းပြနာဂယ်စ်မန်းကိုယ်တိုင်လည်း ခွက်ပျောက် တော့မယ့်ကိန်း ဆိုက်တော့မှာ အမှန်ပါပဲ။

(zawgyi)

စေနညက ကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္ဟာ စတုဂတ္ ကို ဦးေဆာင္ဂိုးေတြသြင္းႏိုင္ခဲ့ေပမယ့္ အႏိုင္ရလဒ္ကို မရယူႏိုင္ခဲ့ဘဲ ပြဲအၿပီး မွာ ၂-၂ ဂိုးနဲ႔ သေရက်သြားခဲ့တယ္။ တစ္ေကာင္တည္းေျပးတဲ့ ျမင္းၿပိဳင္ပြဲလို႔ အမ်ားစုကသုံးသပ္ခဲ့ၾကတဲ့ ဘြန္ဒက္စ္လီဂါဟာ

ပြဲစဥ္ (၆) အၿပီးမွာေတာ့ လက္ရွိခ်န္ပီယံကို ေျခရာတိုင္းမယ့္ အသင္းေတြ ပိုမ်ားလာၿပီျဖစ္ပါတယ္။ အဲဒီ ပြဲစဥ္မွာ လက္ရွိခ်န္ပီယံ ဘိုင္ယန္ဟာ အိမ္ရွင္အသင္းပီပီ မိနစ္ ၉၀ လုံးနီးပါး ပြဲကို စိုးမိုးထားႏိုင္ခဲ့ၿပီး အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အသင္းအတြက္

အဓိက လိုအပ္ေနတဲ့ အႏိုင္ ၃ မွတ္ကိုေတာ့ အရမယူႏိုင္ခဲ့ ပါဘူး။ ဒါေၾကာင့္ ပြဲအၿပီးမွာေတာ့ ေဒါသထြက္ေနတဲ့ တိုက္စစ္မႉး မူလာက ရင္ဖြင့္ခဲ့ပါတယ္။ ‘’ဒီေန႔ကေတာ့ ဒီရာသီရဲ႕ ပထမဆုံး ေဒါသထြက္ရတဲ့ ေန႔ပါ။ ကြၽန္ေတာ္တို႔ကိုယ္ ကြၽန္ေတာ္တို႔ ေဒါသထြက္တာပါ။

ကြၽန္ေတာ္တို႔ရဲ႕ ျပင္း ျပတဲ့ ဆႏၵရည္မွန္းခ်က္ျဖစ္တဲ့ ပြဲတိုင္းကို အႏိုင္လိုခ်င္တယ္ဆိုရင္ ေနာက္ဆုံး အထိ သြားဖို႔ လိုပါတယ္။ အဂၤလိပ္ေတြ ကစားသည္ျဖစ္ေစ မကစားသည္ျဖစ္ ေစ၊ အေရးပါတဲ့ ပြဲမ်ိဳး ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ၊ ေနာက္ဆုံး ၁၀ မိနစ္အထိကို အားထုတ္ရမယ္။

စတုဂတ္ကို ကြၽန္ေတာ္တို႔ ပင္နယ္တီဧရီယာ ထဲမွာ ေဘာလုံးထိခြင့္ထပ္ေပးတယ္။ ကြၽန္ေတာ္တို႔ ဘယ္လိုမ်ိဳး ရဲရဲရင့္ရင့္နဲ႔ ခ်ဳပ္ကိုင္မလဲဆိုတာကိုလည္း လုပ္ျပဖို႔ လိုေနပါၿပီ။ ဒီေန႔ေတာ့ ကြၽန္ေတာ္တို႔ တစ္ခုခု ဆုံးရႈံးလိုက္ရတယ္လို႔ ခံစားရတဲ့ ပထမဆုံးေန႔ပါပဲ’’ လို႔

မူလာက စတုဂတ္နဲ႔ ပြဲစဥ္အၿပီးမွာ ရင္ဖြင့္ခဲ့ပါတယ္။ စတုဂတ္နဲ႔ပြဲစဥ္ကို သေရက်ခဲ့တဲ့ အတြက္ေၾကာင့္ ဘိုင္ယန္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါ ၃ ပြဲ ဆက္တိုက္ သေရက်ခဲ့ၿပီး ၃ မွတ္သာ ရယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ေဟာ့ဖန္ ဟိန္း၊ ဖ႐ိုင္းဘတ္၊

ေဒါ့တ္မန္စတဲ့အသင္းေတြနဲ႔ ရမွတ္ ၁၂ မွတ္ခ်င္းလည္း တူညီသြားခဲ့ၿပီျဖစ္ပါတယ္။ ဒီလိုမ်ိဳးအတိုင္းသာ ရမွတ္ေတြ ဆုံးရႈံးေနၿပီး လမ္း ေပ်ာက္ေနမယ္ဆိုရင္ေတာ့ နည္းျပနာဂယ္စ္မန္းကိုယ္တိုင္လည္း ခြက္ေပ်ာက္ ေတာ့မယ့္ကိန္း ဆိုက္ေတာ့မွာ အမွန္ပါပဲ။