ဘိုင်ယန်မြူးနစ်ရဲ့ရိုးရာဘီယာပွဲတော်မှာ ခွက်ကိုလက်နဲ့မထိဘဲ အဆင်ပြေအောင်နေပေးခဲ့တဲ့ မာနေး

ဘိုင်ယန်တိုက်စစ်မှူးသစ်မာနေးဟာ အသင်းရဲ့နှစ်စဉ်ကျင်းပနေကျ ဘီယာပွဲတော်မှာ အဆင်ပြေအောင်နေပေးခဲ့ပေမယ့် ဘာသာရေးယုံကြည်ချက်ကြောင့် ခွက်ကိုင်ပြီး ဓာတ်ပုံအရိုက်မခံခဲ့ပါဘူး။ Oktoberfest ဆိုတဲ့ ကမ္ဘာ့အကြီးမားဆုံးဘီယာပွဲတော်ကို

မြူးနစ်မှာ နှစ်တိုင်းအစဉ်အလာမပျက် ကျင်းပလေ့ရှိပါတယ်။ အဲဒီကာလရောက်ရင် ဘိုင်ယန်ကလည်း ဒေသခံဘီယာစက်ရုံ Paulaner နဲ့စပွန်ဆာစာချုပ်တစ်စိတ်တစ်ပိုင်းအရ ရိုးရာ Lederhosen ဝတ်စုံဝတ်ပြီး ၃ လီတာ ဘီယာခွက်တွေကိုင်လို့

အမှတ်တရဓါတ်ပုံရိုက်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ဘိုင်ယန်အတွက် ဒီပွဲတော်ဟာ မထူးခြားခဲ့ဘဲ ထုံးစံအတိုင်းဆင်နွှဲခဲ့ကြတာပါ။ ဒါပေမဲ့ လီဗာပူးလ်ကရောက်လာတဲ့ တိုက်စစ်မှူးမာနေးအတွက်တော့ အတွေ့အကြုံသစ်ဖြစ်နေပါတယ်။

ဆီနီဂေါကြယ်ပွင့်ဟာ အသင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ပဲ ရိုးရာဓလေ့အတိုင်း ဓါတ်ပုံရိုက်ရာမှာ ပါဝင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်ကစားသမားနဲ့ဝန်ထမ်း စုစုပေါင်း ၃၁ ဦးပါဝင်တဲ့ ဒီဓါတ်ပုံမှာ ဘီယာခွက်မကိုင်ထားတာ မာနေးနဲ့ မော်ရိုကိုလက်ရွေးစင်

မက်ဇ်ယူရီသာရှိခဲ့တာပါ။ နှစ်ဦးလုံးဟာ ဘာသာရေးယုံကြည်မှုအရ ဘီယာခွက်ကို လက်ဖျားနဲ့တောင် မထိခဲ့ကြပါဘူး။ မာနေးက ရှေ့ဆုံးတန်းမှာထိုင်နေပြီး မက်ဇ်ယူရီက တတိယတန်းမှာရှိနေခဲ့ပါတယ်။

ဆီနီဂေါကြယ်ပွင့်ဟာ ဘိုင်ယန်ရောက်မှ ဒါမျိုးလုပ်ပြနေတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီတုန်းကလည်း ကာရာဘောင်းဖလားနဲ့အတူ အောင်ပွဲခံချိန်မှာ လီဗာပူးလ်အသင်းဖော် မီနာမီနိုကို ရှန်ပိန်မဖြန်းဖို့ ယဉ်ယဉ်ကျေးကျေးပဲ

တောင်းဆိုခဲ့ဖူးပါတယ်။ မီနာမီနိုကလည်း မာနေးကိုလေးစားတာကြောင့် ရှန်ပိန်ပုလင်းကို ပြန်ချထားခဲ့သလို အသင်းလိုက်ပက်ဖြန်းအောင်ပွဲခံကြတော့လည်း ဆီနီဂေါတိုက်စစ်မှူးက ရှောင်ထွက်သွားခဲ့တာပါ။

(zawgyi)

ဘိုင္ယန္တိုက္စစ္မႉးသစ္မာေနးဟာ အသင္းရဲ႕ႏွစ္စဥ္က်င္းပေနက် ဘီယာပြဲေတာ္မွာ အဆင္ေျပေအာင္ေနေပးခဲ့ေပမယ့္ ဘာသာေရးယုံၾကည္ခ်က္ေၾကာင့္ ခြက္ကိုင္ၿပီး ဓာတ္ပုံအ႐ိုက္မခံခဲ့ပါဘူး။ Oktoberfest ဆိုတဲ့

ကမာၻ႔အႀကီးမားဆုံးဘီယာပြဲေတာ္ကို ျမဴးနစ္မွာ ႏွစ္တိုင္းအစဥ္အလာမပ်က္ က်င္းပေလ့ရွိပါတယ္။ အဲဒီကာလေရာက္ရင္ ဘိုင္ယန္ကလည္း ေဒသခံဘီယာစက္႐ုံ Paulaner နဲ႔စပြန္ဆာစာခ်ဳပ္တစ္စိတ္တစ္ပိုင္းအရ ႐ိုးရာ Lederhosen ဝတ္စုံဝတ္ၿပီး

၃ လီတာ ဘီယာခြက္ေတြကိုင္လို႔ အမွတ္တရဓါတ္ပုံ႐ိုက္ေလ့ရွိပါတယ္။ ဒီႏွစ္မွာလည္း ဘိုင္ယန္အတြက္ ဒီပြဲေတာ္ဟာ မထူးျခားခဲ့ဘဲ ထုံးစံအတိုင္းဆင္ႏႊဲခဲ့ၾကတာပါ။ ဒါေပမဲ့ လီဗာပူးလ္ကေရာက္လာတဲ့ တိုက္စစ္မႉးမာေနးအတြက္ေတာ့

အေတြ႕အႀကဳံသစ္ျဖစ္ေနပါတယ္။ ဆီနီေဂါၾကယ္ပြင့္ဟာ အသင္းနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ႐ိုးရာဓေလ့အတိုင္း ဓါတ္ပုံ႐ိုက္ရာမွာ ပါဝင္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ဘိုင္ယန္ကစားသမားနဲ႔ဝန္ထမ္း စုစုေပါင္း ၃၁ ဦးပါဝင္တဲ့ ဒီဓါတ္ပုံမွာ

ဘီယာခြက္မကိုင္ထားတာ မာေနးနဲ႔ ေမာ္႐ိုကိုလက္ေ႐ြးစင္ မက္ဇ္ယူရီသာရွိခဲ့တာပါ။ ႏွစ္ဦးလုံးဟာ ဘာသာေရးယုံၾကည္မႈအရ ဘီယာခြက္ကို လက္ဖ်ားနဲ႔ေတာင္ မထိခဲ့ၾကပါဘူး။ မာေနးက ေရွ႕ဆုံးတန္းမွာထိုင္ေနၿပီး မက္ဇ္ယူရီက

တတိယတန္းမွာရွိေနခဲ့ပါတယ္။ ဆီနီေဂါၾကယ္ပြင့္ဟာ ဘိုင္ယန္ေရာက္မွ ဒါမ်ိဳးလုပ္ျပေနတာေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ေဖေဖၚဝါရီတုန္းကလည္း ကာရာေဘာင္းဖလားနဲ႔အတူ ေအာင္ပြဲခံခ်ိန္မွာ လီဗာပူးလ္အသင္းေဖာ္ မီနာမီႏိုကို ရွန္ပိန္မျဖန္းဖို႔

ယဥ္ယဥ္ေက်းေက်းပဲ ေတာင္းဆိုခဲ့ဖူးပါတယ္။ မီနာမီႏိုကလည္း မာေနးကိုေလးစားတာေၾကာင့္ ရွန္ပိန္ပုလင္းကို ျပန္ခ်ထားခဲ့သလို အသင္းလိုက္ပက္ျဖန္းေအာင္ပြဲခံၾကေတာ့လည္း ဆီနီေဂါတိုက္စစ္မႉးက ေရွာင္ထြက္သြားခဲ့တာပါ။