ဘိုင်ယန်နဲ့ ခွဲခွာကာနီးမှာ အဆင်မပြေခဲ့တာတွေကို အမြန်ဆုံးမေ့နိုင်ဖို့ လီဝမ်ဒေါစကီး မျှော်လင့်

ဒေါ့တ်မန်ကနေ အလိုင်းရင့်ဇ်အရီနာဆီ စတင်ရောက်ရှိခဲ့တဲ့ ၂၀၁၄ ကတည်းက ဘိုင်ယန်မြူးနစ်ပရိသတ်တွေရဲ့ အားပေးမှုကို လီဝမ်ဒေါစကီး ကောင်းကောင်းနားလည်တာပေါ့။

နှစ်တိုင်း ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဖလားပါရအောင် သွင်းဂိုးတွေနဲ့သူ့ရဲ့ကူညီခန်းမှာ ဘာဘေးရီးယန်းတွေရဲ့ ထောက်ပံ့မှုမကင်းခဲ့တာကိုလည်း သဘောပေါက်ထားပါတယ်။

ဒါကြောင့် သဘောထားချင်းမတိုက်ဆိုင်ပဲ အဆင်မပြေဖြစ်ခဲ့ကြတဲ့ ဘိုင်ယန်ကစားသမားဘ၀ နောက်ဆုံးနေ့ရက်တွေအတွက် လီဝမ်ဒေါစကီး စိတ်မကောင်းဖြစ်နေတာပါ။

အသက် ၃၃ နှစ်အရွယ် ပိုလန်သားဟာ ဘာစီလိုနာကို ပေါင် ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူထားပါတယ်။ နူးကမ့်မှာ မကြာခင် ဘဝသစ်စရတော့မှာဖြစ်ပေမယ့်

အပြန်အလှန်ကျေးဇူးရှိခဲ့ကြတဲ့ ဘိုင်ယန်ကို သစ်စိမ်းချိုးချိုးသွားတယ်လို့လည်း သူ အပြောမခံချင်ပါဘူး။ ဒါကြောင့် Bild နဲ့အင်တာဗျူးမှာ “ ဘွန်ဒက်စ်လီဂါမဟုတ်တဲ့

လိဂ်တစ်ခုမှာ ကျွန်တော်ကစားချင်ခဲ့တာပါ။ ဒီလိုဆုံးဖြတ်ထားတာလည်း ကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော့်ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်ပါလို့တော့ အလေးအနက်ထပ်ပြောချင်ပါတယ်။

မိသားစုအတွက်လည်း စဉ်းစားခဲ့ရပါတယ်။ အားလုံးအသစ်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ပြီးတော့ ကျွန်တော့်အသက်အနေအထားအရ ဒီလိုအခွင့်အရေးမျိုး နှစ်ခါမရနိုင်တော့ပါဘူး။

ဒါပေမဲ့ နောက်ဆုံးနေ့ရက်တွေမှာ အမြင်မတူခဲ့ကြတာတွေအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကို ကျွန်တော်တို့ အမြန်ဆုံးမေ့နိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ” လို့ ဖွင့်ဟလိုက်တာပါ။

(zawgyi)

ေဒါ့တ္မန္ကေန အလိုင္းရင့္ဇ္အရီနာဆီ စတင္ေရာက္ရွိခဲ့တဲ့ ၂၀၁၄ ကတည္းက ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြရဲ႕ အားေပးမႈကို လီဝမ္ေဒါစကီး ေကာင္းေကာင္းနားလည္တာေပါ့။

ႏွစ္တိုင္း ဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ခဲ့သလို ခ်န္ပီယံလိဂ္ဖလားပါရေအာင္ သြင္းဂိုးေတြနဲ႔သူ႔ရဲ႕ကူညီခန္းမွာ ဘာေဘးရီးယန္းေတြရဲ႕ ေထာက္ပံ့မႈမကင္းခဲ့တာကိုလည္း သေဘာေပါက္ထားပါတယ္။

ဒါေၾကာင့္ သေဘာထားခ်င္းမတိုက္ဆိုင္ပဲ အဆင္မေျပျဖစ္ခဲ့ၾကတဲ့ ဘိုင္ယန္ကစားသမားဘ၀ ေနာက္ဆုံးေန႔ရက္ေတြအတြက္ လီဝမ္ေဒါစကီး စိတ္မေကာင္းျဖစ္ေနတာပါ။

အသက္ ၃၃ ႏွစ္အ႐ြယ္ ပိုလန္သားဟာ ဘာစီလိုနာကို ေပါင္ ၄၂.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူထားပါတယ္။ ႏူးကမ့္မွာ မၾကာခင္ ဘဝသစ္စရေတာ့မွာျဖစ္ေပမယ့္

အျပန္အလွန္ေက်းဇူးရွိခဲ့ၾကတဲ့ ဘိုင္ယန္ကို သစ္စိမ္းခ်ိဳးခ်ိဳးသြားတယ္လို႔လည္း သူ အေျပာမခံခ်င္ပါဘူး။ ဒါေၾကာင့္ Bild နဲ႔အင္တာဗ်ဴးမွာ “ ဘြန္ဒက္စ္လီဂါမဟုတ္တဲ့ လိဂ္တစ္ခုမွာ

ကြၽန္ေတာ္ကစားခ်င္ခဲ့တာပါ။  ဒီလိုဆုံးျဖတ္ထားတာလည္း ၾကာခဲ့ပါၿပီ။ ဒါေပမဲ့ ကြၽန္ေတာ့္ဘဝရဲ႕အခက္ခဲဆုံး ဆုံးျဖတ္ခ်က္ပါလို႔ေတာ့ အေလးအနက္ထပ္ေျပာခ်င္ပါတယ္။

မိသားစုအတြက္လည္း စဥ္းစားခဲ့ရပါတယ္။ အားလုံးအသစ္ျဖစ္ဖို႔ ဆုံးျဖတ္ခဲ့ရတာပါ။ ၿပီးေတာ့ ကြၽန္ေတာ့္အသက္အေနအထားအရ ဒီလိုအခြင့္အေရးမ်ိဳး ႏွစ္ခါမရႏိုင္ေတာ့ပါဘူး။

ဒါေပမဲ့ ေနာက္ဆုံးေန႔ရက္ေတြမွာ အျမင္မတူခဲ့ၾကတာေတြအတြက္ေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ အျမန္ဆုံးေမ့ႏိုင္ၾကလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္ ” လို႔ ဖြင့္ဟလိုက္တာပါ။