
ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ လစာအများဆုံးရသူ ၁၀ ဦးစာရင်းထွက်ပေါ်လာခဲ့ရာမှာ
ဘိုင်ယန်မြူးနစ်တစ်သင်းတည်းကနေ ၉ ဦးအထိပါဝင်နေတယ်လို့ သိရပါတယ်။
လက်ရှိစာရင်းမှာထိပ်ဆုံးကရပ်တည်နေသူကတော့ တိုက်စစ်မှူး
လီဝန်ဒေါစကီး ဖြစ်ပြီးတစ်ပတ်ကိုပေါင် ၃၇၅၀၀၀ ရရှိနေတာပါ။
ဒီပိုလန်သားဟာဂိုးသွင်းစွမ်းရည်မြင့်မားပြီး ဘိုင်ယန်ရဲ့အဓိကကျသူလည်း
ဖြစ်နေလို့ အခုလိုလစာအများဆုံးရသူဖြစ်နေတာ အံဩစရာမရှိဘူးလို့လည်း
ဆိုကြပါတယ်။ ဘိုင်ယန်ဟာပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းဘွန်ဒက်စ်လီဂါမှာ
လွှမ်းမိုးနိုင်ခဲ့သလို ကစားသမားကောင်းတွေကိုလည်း အများဆုံးခေါ်ယူ
ထားနိုင်တဲ့အတွက် အခုလိုလစာအများဆုံးပေးနေရတာဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါကြောင့်လည်း ဘိုင်ယန် ကိုဘွန်ဒက်စ်လီဂါမှာဘယ်အသင်းကမှ
လိုက်မီခြင်းမရှိသလို ဘဏ္ဍာရေးအရ ကြည့်ရင်လည်း သီးခြားရပ်တည်နေတဲ့
အသင်းလိုဖြစ်နေတာပါ။ ဒါ့အပြင်ပြိုင်ပွဲဝင်အခြားကလပ်လေးတွေဆီကနေလည်း
ကစားသမားကောင်းတွေကို အချိန်မရွေးခေါ်ယူနိုင်စွမ်းရှိနေတာပါ။
မာကာသတင်းစာကြီးရဲ့ဖော်ပြချက်အရ အသက် ၃၃ နှစ်ရှိတဲ့ လီဝန်ဒေါစကီးဟာ
လစာလည်းအများဆုံးရသူဖြစ်နေသလို ဒီရာသီမှာ ၃၇ ပွဲသာကစားရသေးပေမယ့်
၄၅ ဂိုးအထိသွင်းထားနိုင်တဲ့အတွက်ပေးရတာနဲ့ထိုက်တန်တဲ့သူလို့ဆိုပါတယ်။
ဒီပိုလန်သားဟာ လာမယ့်ရာသီကုန်ဆုံးချိန်မှာ ဘိုင်ယန်နဲ့စာချုပ်သက်တမ်း
ကုန်မယ့်သူဖြစ်ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်းကကြိုးစားနေတယ်
လို့လည်း သတင်းတွေထွက်နေတာပါ။ သူဟာဂျာမနီမှာသာလစာအများဆုံး
ရနေပေမယ့် ပရီးမီးယားလိဂ်နဲ့ လီဂူး ၁ ကလစာအများဆုံးရသူတွေနဲ့ယှဉ်ရင်
အရမ်းကိုနည်းပါးနေသေးသူပါ။ သူ့နောက်မှာရပ်တည်နေသူက ဘိုင်ယန်
ဂိုးသမားနူအာဖြစ်ပြီး တစ်ပတ်လစာပေါင် ၃၂၅၀၀၀ ရရှိနေတာပါ။
လစာအများဆုံးရတဲ့ဘိုင်ယန်ကစားသမားတွေထဲမှာ လီဝန်ဒေါစကီးနဲ့
နူအာပြီးရင်တစ်ပတ်ကို ပေါင် ၃ သိန်းကျော်ရနေတဲ့သူ ၃ ဦးရှိနေသေးပြီး
သူတို့ကတော့ ဆာနေး၊ မူလာနဲ့ ကင်မစ်ချ်တို့ဖြစ်ပြီး တစ်ပတ်ကို
ပေါင် ၃၂၅၀၀၀ စီရရှိနေကြတာပါ။ ဒီစာရင်းထဲမှာဘိုင်ယန်ရဲ့ပြင်ပအသင်းက
တစ်ဦးတည်းသောပါဝင်နေသူကတော့ ဒေါ့မန်က မာကိုရူးစ်ဖြစ်ပြီး
တစ်ပတ်ကိုပေါင် ၁၉၄၀၀၀ ရရှိနေတာဖြစ်ပါတယ်။
zawgyi
ဘိုင္ယန္က ၉ ဦးအထိပါဝင္ေနတဲ့ ဘြန္ဒက္စ္လီဂါရဲ႕လစာအမ်ားဆုံးရသူ ၁၀ ဦးစာရင္း
ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲရဲ႕ လစာအမ်ားဆုံးရသူ ၁၀ ဦးစာရင္းထြက္ေပၚလာခဲ့ရာမွာ
ဘိုင္ယန္ျမဴးနစ္တစ္သင္းတည္းကေန ၉ ဦးအထိပါဝင္ေနတယ္လို႔ သိရပါတယ္။
လက္ရွိစာရင္းမွာထိပ္ဆုံးကရပ္တည္ေနသူကေတာ့ တိုက္စစ္မႉး
လီဝန္ေဒါစကီး ျဖစ္ၿပီးတစ္ပတ္ကိုေပါင္ ၃၇၅၀၀၀ ရရွိေနတာပါ။
ဒီပိုလန္သားဟာဂိုးသြင္းစြမ္းရည္ျမင့္မားၿပီး ဘိုင္ယန္ရဲ႕အဓိကက်သူလည္း
ျဖစ္ေနလို႔ အခုလိုလစာအမ်ားဆုံးရသူျဖစ္ေနတာ အံဩစရာမရွိဘူးလို႔လည္း
ဆိုၾကပါတယ္။ ဘိုင္ယန္ဟာၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္းဘြန္ဒက္စ္လီဂါမွာ
လႊမ္းမိုးႏိုင္ခဲ့သလို ကစားသမားေကာင္းေတြကိုလည္း အမ်ားဆုံးေခၚယူ
ထားႏိုင္တဲ့အတြက္ အခုလိုလစာအမ်ားဆုံးေပးေနရတာျဖစ္တယ္လို႔လည္းဆိုပါတယ္။
ဒါေၾကာင့္လည္း ဘိုင္ယန္ ကိုဘြန္ဒက္စ္လီဂါမွာဘယ္အသင္းကမွ
လိုက္မီျခင္းမရွိသလို ဘ႑ာေရးအရ ၾကည့္ရင္လည္း သီးျခားရပ္တည္ေနတဲ့
အသင္းလိုျဖစ္ေနတာပါ။ ဒါ့အျပင္ၿပိဳင္ပြဲဝင္အျခားကလပ္ေလးေတြဆီကေနလည္း
ကစားသမားေကာင္းေတြကို အခ်ိန္မေ႐ြးေခၚယူႏိုင္စြမ္းရွိေနတာပါ။
မာကာသတင္းစာႀကီးရဲ႕ေဖာ္ျပခ်က္အရ အသက္ ၃၃ ႏွစ္ရွိတဲ့ လီဝန္ေဒါစကီးဟာ
လစာလည္းအမ်ားဆုံးရသူျဖစ္ေနသလို ဒီရာသီမွာ ၃၇ ပြဲသာကစားရေသးေပမယ့္
၄၅ ဂိုးအထိသြင္းထားႏိုင္တဲ့အတြက္ေပးရတာနဲ႔ထိုက္တန္တဲ့သူလို႔ဆိုပါတယ္။
ဒီပိုလန္သားဟာ လာမယ့္ရာသီကုန္ဆုံးခ်ိန္မွာ ဘိုင္ယန္နဲ႔စာခ်ဳပ္သက္တမ္း
ကုန္မယ့္သူျဖစ္ၿပီး သူ႔ကိုေခၚယူႏိုင္ဖို႔ ဘာစီလိုနာအသင္းကႀကိဳးစားေနတယ္
လို႔လည္း သတင္းေတြထြက္ေနတာပါ။ သူဟာဂ်ာမနီမွာသာလစာအမ်ားဆုံး
ရေနေပမယ့္ ပရီးမီးယားလိဂ္နဲ႔ လီဂူး ၁ ကလစာအမ်ားဆုံးရသူေတြနဲ႔ယွဥ္ရင္
အရမ္းကိုနည္းပါးေနေသးသူပါ။ သူ႔ေနာက္မွာရပ္တည္ေနသူက ဘိုင္ယန္
ဂိုးသမားႏူအာျဖစ္ၿပီး တစ္ပတ္လစာေပါင္ ၃၂၅၀၀၀ ရရွိေနတာပါ။
လစာအမ်ားဆုံးရတဲ့ဘိုင္ယန္ကစားသမားေတြထဲမွာ လီဝန္ေဒါစကီးနဲ႔
ႏူအာၿပီးရင္တစ္ပတ္ကို ေပါင္ ၃ သိန္းေက်ာ္ရေနတဲ့သူ ၃ ဦးရွိေနေသးၿပီး
သူတို႔ကေတာ့ ဆာေနး၊ မူလာနဲ႔ ကင္မစ္ခ်္တို႔ျဖစ္ၿပီး တစ္ပတ္ကို
ေပါင္ ၃၂၅၀၀၀ စီရရွိေနၾကတာပါ။ ဒီစာရင္းထဲမွာဘိုင္ယန္ရဲ႕ျပင္ပအသင္းက
တစ္ဦးတည္းေသာပါဝင္ေနသူကေတာ့ ေဒါ့မန္က မာကို႐ူးစ္ျဖစ္ၿပီး
တစ္ပတ္ကိုေပါင္ ၁၉၄၀၀၀ ရရွိေနတာျဖစ္ပါတယ္။
Leave a Reply