ဘိုင်စကယ်ကစ်နဲ့ ဂိုးသွင်းယူပြီး မက်ဆီရဲ့စံချိန်ကို ကျော်တက်သွားတဲ့ ဆွာရက်ဇ်

ချီလီနဲ့ နောက်ဆုံးပွဲမှာ ဘိုင်စကယ်ကစ်နဲ့ ဂိုးသွင်းနိုင်ခဲ့ပြီးနောက်

ဆွာရက်ဇ်ဟာ မက်ဆီကိုကျော်တက်ပြီး တောင်အမေရိကဇုန်ခြေစစ်ပွဲ

သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ပါတယ်။

ဆွာရက်ဇ်ရဲ့ဥရုဂွေးအသင်းဟာ ခြေစစ်ပွဲအောင်ပြီးသားဖြစ်ပေမယ့်

ချီလီနဲ့ပွဲမှာ ၂-၀ နဲ့အနိုင်ရအောင် ကစားခဲ့တာပါ။ အဲဒီပွဲမှာ သူဟာ

ဥရုဂွေးအတွက် ပထမဂိုးကို နောက်ပြန်ကန်ချက်နဲ့ သွင်းခဲ့တာ ဖြစ်ပါတယ်။

သူတို့နဲ့ တစ်ချိန်တည်းကစားတဲ့ အာဂျင်တီးနားရဲ့ပွဲစဉ်မှာတော့ မက်ဆီဟာ

ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဆွာရက်ဇ်ဟာ မက်ဆီနဲ့စံချိန်တူ

ဖြစ်နေရာကနေ စံချိန်သစ်ရှင်ဖြစ်လာပါတယ်။ အဲဒီအက်သလက်တီကို

တိုက်စစ်မှုးဟာ တောင်အမေရိကဇုန်ခြေစစ်ပွဲ ၆၂ ပွဲမှာ ၂၉ ဂိုးသွင်းနိုင်ခဲ့ပြီး

မက်ဆီကတော့ တောင်အမေရိကဇုန်က သူ့ရဲ့ပွဲ ၆၀ မြောက်မှာ ဂိုးမသွင်းနိုင်ခဲ့တာပါ။

မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြီးရင် နိုင်ငံအသင်းက အနားယူဖွယ်

ရှိနေတာကြောင့် ဒီစံချိန်အတွက် ဆွာရက်ဇ်ကို ပြန်ကျော်တက်ဖို့

မဖြစ်နိုင်သလောက်ပါပဲ။ ဆွာရက်ဇ်ကတော့ နည်းပြအလွန်ဆိုလက်ထက်

နိုင်ငံအသင်းရဲ့ ၄ ပွဲဆက်နိုင်ပွဲအတွက် ဝမ်းမြောက်နေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာမှာ တာဘာရက်ဇ်နေရာအစားဝင်လာတဲ့ အလွန်ဆိုဟာ

ဥရုဂွေးကို ရလဒ်တွေဆက်တိုက်ကောင်းစေပြီး ခြေစစ်ပွဲအောင်မြင်အောင်

စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် ဆွာရက်ဇ်ဟာ စံချိန်တင်ဂိုးသွင်းခဲ့တဲ့

အဲဒီပွဲက သူ့ရဲ့ဂျာစီကိုလည်း အမှတ်တရအနေနဲ့ သိမ်းဆည်းပြီး

ဆိုရှယ်မီဒီယာပေါ်မှာ အခုလိုပို့စ်တင်ခဲ့ပါတယ်။

”စပါမယ်ရှယ်ည၊ စပါယ်ရှယ်ပွဲ၊ စပါယ်ရှယ်အင်္ကျီနဲ့ သွင်းဂိုးတစ်ဂိုးပါ။

ကျွန်တော့်တိုင်းပြည်အတွက် ထူးခြားပြီး မေ့မရနိုင်တဲ့အခိုက်အတန့်တွေအတွက်

ဒီထက်ပိုပြီး တောင်းဆိုနိုင်လို့ မရပါဘူး”လို့ ဆွာရက်ဇ်က ရေးတင်ခဲ့တာပါ။

zawgyi

ဘိုင္စကယ္ကစ္နဲ႔ ဂိုးသြင္းယူၿပီး မက္ဆီရဲ႕စံခ်ိန္ကို ေက်ာ္တက္သြားတဲ့ ဆြာရက္ဇ္

ခ်ီလီနဲ႔ ေနာက္ဆုံးပြဲမွာ ဘိုင္စကယ္ကစ္နဲ႔ ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္

ဆြာရက္ဇ္ဟာ မက္ဆီကိုေက်ာ္တက္ၿပီး ေတာင္အေမရိကဇုန္ေျခစစ္ပြဲ

သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့ပါတယ္။

ဆြာရက္ဇ္ရဲ႕ဥ႐ုေဂြးအသင္းဟာ ေျခစစ္ပြဲေအာင္ၿပီးသားျဖစ္ေပမယ့္

ခ်ီလီနဲ႔ပြဲမွာ ၂-၀ နဲ႔အႏိုင္ရေအာင္ ကစားခဲ့တာပါ။ အဲဒီပြဲမွာ သူဟာ

ဥ႐ုေဂြးအတြက္ ပထမဂိုးကို ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းခဲ့တာ ျဖစ္ပါတယ္။

သူတို႔နဲ႔ တစ္ခ်ိန္တည္းကစားတဲ့ အာဂ်င္တီးနားရဲ႕ပြဲစဥ္မွာေတာ့ မက္ဆီဟာ

ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါေၾကာင့္ ဆြာရက္ဇ္ဟာ မက္ဆီနဲ႔စံခ်ိန္တူ

ျဖစ္ေနရာကေန စံခ်ိန္သစ္ရွင္ျဖစ္လာပါတယ္။ အဲဒီအက္သလက္တီကို

တိုက္စစ္မႈးဟာ ေတာင္အေမရိကဇုန္ေျခစစ္ပြဲ ၆၂ ပြဲမွာ ၂၉ ဂိုးသြင္းႏိုင္ခဲ့ၿပီး

မက္ဆီကေတာ့ ေတာင္အေမရိကဇုန္က သူ႔ရဲ႕ပြဲ ၆၀ ေျမာက္မွာ ဂိုးမသြင္းႏိုင္ခဲ့တာပါ။

မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပီးရင္ ႏိုင္ငံအသင္းက အနားယူဖြယ္

ရွိေနတာေၾကာင့္ ဒီစံခ်ိန္အတြက္ ဆြာရက္ဇ္ကို ျပန္ေက်ာ္တက္ဖို႔

မျဖစ္ႏိုင္သေလာက္ပါပဲ။ ဆြာရက္ဇ္ကေတာ့ နည္းျပအလြန္ဆိုလက္ထက္

ႏိုင္ငံအသင္းရဲ႕ ၄ ပြဲဆက္ႏိုင္ပြဲအတြက္ ဝမ္းေျမာက္ေနပါတယ္။

ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ တာဘာရက္ဇ္ေနရာအစားဝင္လာတဲ့ အလြန္ဆိုဟာ

ဥ႐ုေဂြးကို ရလဒ္ေတြဆက္တိုက္ေကာင္းေစၿပီး ေျခစစ္ပြဲေအာင္ျမင္ေအာင္

စြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ဆြာရက္ဇ္ဟာ စံခ်ိန္တင္ဂိုးသြင္းခဲ့တဲ့

အဲဒီပြဲက သူ႔ရဲ႕ဂ်ာစီကိုလည္း အမွတ္တရအေနနဲ႔ သိမ္းဆည္းၿပီး

ဆိုရွယ္မီဒီယာေပၚမွာ အခုလိုပို႔စ္တင္ခဲ့ပါတယ္။

”စပါမယ္ရွယ္ည၊ စပါယ္ရွယ္ပြဲ၊ စပါယ္ရွယ္အက်ႌနဲ႔ သြင္းဂိုးတစ္ဂိုးပါ။

ကြၽန္ေတာ့္တိုင္းျပည္အတြက္ ထူးျခားၿပီး ေမ့မရႏိုင္တဲ့အခိုက္အတန႔္ေတြအတြက္

ဒီထက္ပိုၿပီး ေတာင္းဆိုႏိုင္လို႔ မရပါဘူး”လို႔ ဆြာရက္ဇ္က ေရးတင္ခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*