ဘာမှတောင် လုပ်မပြရသေးတဲ့ နည်းပြကို မဟားတရားတွေ ချီးမွမ်းနေတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေ

ချဲလ်ဆီးဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဂရေဟမ်ပေါ်တာကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်သားနည်း ပြဟာ လန်ဒန်ကလပ်နဲ့အတူ ၅ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဘရိုက်တန်မှာရှိနေတုန်းက အတူလက်တွဲခဲ့ဖူးတဲ့

သူ့ ရဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံးနီးပါးလည်း စတမ်းဖို့ဒ်ဘရစ်ချ်ကို လိုက်ပါလာကြလိမ့်မယ်လို့ မျှော် လင့်ရပါတယ်။ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဖူလ်ဟမ်ရဲ့ နည်းပြခုံတန်းလျားမှာ အသက် ၄၇ နှစ်ရှိနေပြီဖြစ်တဲ့ ပေါ်တာနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို တွေ့မြင်ရဖို့ ရှိနေပြီဖြစ်ပါတယ်။

‘’ချဲလ်ဆီးအသင်းကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ကျွန်တော် အလွန်အမင်းကို ဝမ်းမြောက်ဂုဏ်ယူရပြီး အရမ်းလည်း စိတ်လှုပ်ရှားရပါတယ်။ ဒီအသင်းက အံ့အားသင့်စရာ ကောင်း တဲ့ ဘောလုံးအသင်းပါ။ ချဲလ်ဆီးရဲ့ အသင်းပိုင်ရှင်သစ်တွေနဲ့အတူ လက်တွဲ ဖော်ဖြစ်ခွင့်ရလို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားရပါတယ်။

တွေ့ဆုံဆွေးနွေး ဖို့လည်း ရှိပါတယ်။ အံ့အားသင့်စရာကောင်းလွန်းတဲ့ ပရိသတ်တွေကြောင့် ဂုဏ်ယူစရာဖြစ်ရတဲ့ ဓလေ့စရိုက်မျိုးရှိတဲ့ အသင်းနဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်တဲ့ကစားသမားမျိုးတွေရှိတဲ့ အသင်းမျိုးမှာ အလုပ်လုပ်ရတော့ မှာဖြစ်ပါတယ်။ နောက်ပြီး ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရအောင် အခွင့်အရေး ပေးခဲ့တဲ့

ဘရိုက်တန်အသင်းတာဝန်ရှိသူတွေကိုလည်းပဲ ကျွန်တော် အထူး ကျေးဇူးတင်ရှိပါတယ်’’ လို့ ပေါ်တာက ပြောဆိုခဲ့ပါတယ်။ ဘုတ် ကျီးမြှောက်၊ ကျီး ဘုတ်မြှောက်ဆိုတဲ့ စကားပုံလို ဆိုရလေမလားပါပဲ။ တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေက ပေါ်တာကို မဟားတရားတွေ ချီး မွမ်းနေပါတယ်။

‘’ကျွန်တော်တို့ဟာ ဂရေဟမ်ပေါ်တာကို ချဲလ်ဆီးအသင်းဆီ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ခေါ်ယူခဲ့တာပါ။ သူက သက်သေပြခဲ့ပြီးသား နည်း ပြဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ရဲ့ အမြင်တွေနဲ့ အံဝင်ခွင်ကျရှိစေနိုင်တဲ့ အသင်းမျိုးဖြစ်လာစေဖို့ စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ပါတယ်။

ကွင်းအတွင်းမှာ ပါရမီထူးချွန်ပြောင်မြောက်ရုံတင် မဟုတ်ပါဘူး။ ကျွမ်းကျင်မှုရှိပြီး ချဲလ်ဆီးကို ကွင်းပြင်ပမှာရော ပိုမိုအောင်မြင်စေဖို့ စွမ်းဆောင်ပေးနိုင်တဲ့ စွမ်းရည်မျိုးလည်း ပိုင်ဆိုင်သူဖြစ်ပါတယ်။ ဘရိုက်တန်မှာ တုန်းကလည်း သူ့ရဲ့ အခန်းကဏ္ဍတွေက အများကြီး အရေးပါခဲ့တာပါ’’ လို့

တော့ဒ်ဘိုလေက ချီးမွမ်းခဲ့တာပါ။ ဘာမှတောင် လုပ်မပြရသေးဘူး မဟား တရားတွေ ချီးမွမ်းနေပုံထောက်ရင်တော့ တော့ဒ်ဘိုလေတစ်ယောက် ကိုယ့် သိက္ခာ ကိုယ်ပြန်ဆယ်နိုင်ဖို့ ကြိုးစားနေပြီလားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပါပြီ။

(zawgyi)

ခ်ဲလ္ဆီးဟာ လစ္လပ္ေနတဲ့ နည္းျပရာထူးအတြက္ ဂေရဟမ္ေပၚတာကို အသင္းရဲ႕ နည္းျပသစ္အျဖစ္ ခန႔္အပ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အဂၤလန္သားနည္း ျပဟာ လန္ဒန္ကလပ္နဲ႔အတူ ၅ ႏွစ္သက္တမ္း စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္မွာရွိေနတုန္းက အတူလက္တြဲခဲ့ဖူးတဲ့

သူ႔ ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြ အားလုံးနီးပါးလည္း စတမ္းဖို႔ဒ္ဘရစ္ခ်္ကို လိုက္ပါလာၾကလိမ့္မယ္လို႔ ေမွ်ာ္ လင့္ရပါတယ္။ လာမယ့္ စေနေန႔မွာ ယွဥ္ၿပိဳင္ကစားမယ့္ ဖူလ္ဟမ္ရဲ႕ နည္းျပခုံတန္းလ်ားမွာ အသက္ ၄၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေပၚတာနဲ႔ သူ႔ရဲ႕ နည္းျပ အဖြဲ႕ဝင္ေတြကို

ေတြ႕ျမင္ရဖို႔ ရွိေနၿပီျဖစ္ပါတယ္။ ‘’ခ်ဲလ္ဆီးအသင္းကို ကိုယ္စားျပဳခြင့္ရတဲ့အတြက္ ကြၽန္ေတာ္ အလြန္အမင္းကို ဝမ္းေျမာက္ဂုဏ္ယူရၿပီး အရမ္းလည္း စိတ္လႈပ္ရွားရပါတယ္။ ဒီအသင္းက အံ့အားသင့္စရာ ေကာင္း တဲ့ ေဘာလုံးအသင္းပါ။ ခ်ဲလ္ဆီးရဲ႕ အသင္းပိုင္ရွင္သစ္ေတြနဲ႔အတူ

လက္တြဲ ေဖာ္ျဖစ္ခြင့္ရလို႔ ကြၽန္ေတာ္ အရမ္းစိတ္လႈပ္ရွားရပါတယ္။ ေတြ႕ဆုံေဆြးေႏြး ဖို႔လည္း ရွိပါတယ္။ အံ့အားသင့္စရာေကာင္းလြန္းတဲ့ ပရိသတ္ေတြေၾကာင့္ ဂုဏ္ယူစရာျဖစ္ရတဲ့ ဓေလ့စ႐ိုက္မ်ိဳးရွိတဲ့ အသင္းနဲ႔ စိတ္လႈပ္ရွားမႈေတြကို ေပးစြမ္းႏိုင္တဲ့ကစားသမားမ်ိဳးေတြရွိတဲ့

အသင္းမ်ိဳးမွာ အလုပ္လုပ္ရေတာ့ မွာျဖစ္ပါတယ္။ ေနာက္ၿပီး ဒီအသင္းကို ေျပာင္းေ႐ႊ႕ခြင့္ရေအာင္ အခြင့္အေရး ေပးခဲ့တဲ့ ဘ႐ိုက္တန္အသင္းတာဝန္ရွိသူေတြကိုလည္းပဲ ကြၽန္ေတာ္ အထူး ေက်းဇူးတင္ရွိပါတယ္’’ လို႔ ေပၚတာက ေျပာဆိုခဲ့ပါတယ္။ ဘုတ္ က်ီးေျမႇာက္၊ က်ီး ဘုတ္ေျမႇာက္ဆိုတဲ့

စကားပုံလို ဆိုရေလမလားပါပဲ။ တစ္ဖက္မွာလည္း ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလက ေပၚတာကို မဟားတရားေတြ ခ်ီး မြမ္းေနပါတယ္။ ‘’ကြၽန္ေတာ္တို႔ဟာ ဂေရဟမ္ေပၚတာကို ခ်ဲလ္ဆီးအသင္းဆီ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ ေခၚယူခဲ့တာပါ။ သူက သက္ေသျပခဲ့ၿပီးသား နည္း ျပျဖစ္ၿပီး

ပရီးမီးယားလိဂ္မွာ ကြၽန္ေတာ္တို႔ရဲ႕ အျမင္ေတြနဲ႔ အံဝင္ခြင္က်ရွိေစႏိုင္တဲ့ အသင္းမ်ိဳးျဖစ္လာေစဖို႔ စြန႔္ဦးတီထြင္သူတစ္ေယာက္ ျဖစ္ပါတယ္။ ကြင္းအတြင္းမွာ ပါရမီထူးခြၽန္ေျပာင္ေျမာက္႐ုံတင္ မဟုတ္ပါဘူး။ ကြၽမ္းက်င္မႈရွိၿပီး ခ်ဲလ္ဆီးကို ကြင္းျပင္ပမွာေရာ ပိုမိုေအာင္ျမင္ေစဖို႔

စြမ္းေဆာင္ေပးႏိုင္တဲ့ စြမ္းရည္မ်ိဳးလည္း ပိုင္ဆိုင္သူျဖစ္ပါတယ္။ ဘ႐ိုက္တန္မွာ တုန္းကလည္း သူ႔ရဲ႕ အခန္းက႑ေတြက အမ်ားႀကီး အေရးပါခဲ့တာပါ’’ လို႔ ေတာ့ဒ္ဘိုေလက ခ်ီးမြမ္းခဲ့တာပါ။

ဘာမွေတာင္ လုပ္မျပရေသးဘူး မဟား တရားေတြ ခ်ီးမြမ္းေနပုံေထာက္ရင္ေတာ့ ေတာ့ဒ္ဘိုေလတစ္ေယာက္ ကိုယ့္ သိကၡာ ကိုယ္ျပန္ဆယ္ႏိုင္ဖို႔ ႀကိဳးစားေနၿပီလားလို႔ ေမးခြန္းထုတ္ရမလိုျဖစ္ေနပါၿပီ။