သောမတ် တူဟယ်က ပထမအကျာ့ ( ၃-၁ ) ရှုံးနိမ့်မှုကို ဆန်တီယာဂို
ဘာနေဗျူးမှာ ပြန်လှန်ပစ်နိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဒါပေမယ့် ဘယ်အင်္ဂလိပ်
ကလပ်ကမှ ဘာနေဗျူးမှာ တစ်ဂိုးထက်ပိုတဲ့ ရလာဒ်နဲ့ ရီးရဲမက်ဒရစ်ကို အနိုင်မရဖူးပါဘူး။
ဒါကြောင့် တူဟယ်အနေနဲ့ မဖြစ်နိုင်လုနီးပါး ခက်ခဲတဲ့ အလုပ်ကို ဘယ်လို
စွမ်းဆောင်ပြလို့ရနိုင်မလဲဆိုတာ သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ ) ဗင်နီဆီးယပ် ဂျူနီယာကို ပိတ်ဆို့ထားပါ။
ပထမအကျော့မှာ ကာရင် ဘင်ဇီးမားက ဟက်ထရစ်သွင်းယူပြီး ချဲလ်ဆီးကို
အဓိက ဖျက်ဆီးခဲ့ပေမယ့် သောမတ် တူဟယ်ရဲ့ အသင်းက ဗင်နီးဆီးယက်
ဂျူနီယာဦးဆောင်တဲ့ ရီးရဲဘယ်တောင်ပံကို တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
တူဟယ်ကလည်း ဒါဟာ သူ့ရဲ့ အမှားလို့ ဝန်ခံထားပြီး ယခုပွဲစဉ်မှာ ဒါမျိုးထပ်လုပ်လို့မရတော့ပါဘူး။
တူဟယ်က တခါတလေ ပိုပြီးမြန်တဲ့ ရိစ်ဂျိမ်းစ်ကို ခံစစ်( ၃ ) ယောက်တန်းမှာထားပြီး
ကစားဖူးပါတယ်။ အင်္ဂလန်လက်ရွေးစင်က မက်ဒရစ် ဘယ်ခြမ်းကို တားဆီးရာမှာ
ပိုမိုထိရောက်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ တိုက်စစ်လိုက်ပါနိုင်မှုစွမ်းရည်တွေကိုတော့
ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဂျိမ်းစ်က ခရစ္စတင်ဆန်ထက်တော့ ဗင်နီကို
တစ်ယောက်ချင်းထိန်းတဲ့နေရာမှာ ပိုပြီး သက်သောင့်သက်သာရှိပါလိမ့်မယ်။
( ၂ ) ဝါရင့်ကွင်းလယ်ကို ဖျက်ဆီးပါ။
တူဟယ်က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲမက်ဒရစ်က ပထမအကျော့အတွင်း
ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲကို ထိန်းချုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
( ၂ ) ယောက်ပေါင်း အသက် ( ၆၈ ) နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူကာ မိုဒရစ် နှင့် တိုနီ ခရူစ်တို့သာ
ဒီပွဲမှာလည်း ပုံမှန်ခြေစွမ်းရနေမယ်ဆိုရင် ချဲလ်ဆီးရဲ့ ပြန်လာဖို့ မျှော်လင့်ချက်
မရှိသလောက်နည်းသွားပါပြီ။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်
အခက်တွေစေဖို့ press တွေ ၊ counter-press တွေကို ထိထိရောက်ရောက် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ရီးရဲနဲ့ တွေ့ဆုံမှုတွေမှာ ကန်တေက ကွင်းလယ်ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး
ယခုပွဲစဉ်မှာလည်း သူ့ထံကနေ အကောင်းဆုံးခြေစွမ်း လိုအပ်ပါတယ်။
( ၃ ) ဖြတ်တင်ဘောတွေကနေ တိုက်စစ်ဆင်ပါ။
ရီးရဲရဲ့ ဖြတ်တင်ဘောတွေကို တားဆီးရာမှာ အားနည်းမှုရှိတဲ့ အချက်က ဘာစီလိုနာနဲ့
ပွဲစဉ်ကိုကြည့်ရင်သိနိုင်ပါတယ်။ ကတ်တလန်ကလပ်က ပထမပိုင်းအတွင်း တောင်ပံကနေ
တိကျတဲ့ ဖြတ်တင်ဘောတွေမှတစ်ဆင့် သွင်းဂိုး ( ၂ ) ဂိုး ရယူနိုင်ခဲ့ပါတယ်။
ပထမအကျော့ စတန်ဖို့ဒ်ဘရစ်ချ်မှာလည်း ကိုင်ဟားဗတ်က ဂျော်ဂျင်ဟိုရဲ့
ဖြတ်တင်ဘောကို အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း ဖြတ်တင်ဘောတွေကနေ နောက်ထပ်အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။
တူဟယ်ရဲ့ game plan က ဧရိယာထဲ ဖြတ်တင်ဘောတွေပို့ပြီး ချဲလ်ဆီးက အရင်ဦးပြီး
ခေါင်းတိုက်ခွင့်ရဖို့ မျှော်လင့်တာထက် ပိုနိုင်ပေမယ့် သူတို့ကစားသမားတွေအနေနဲ့
ရီးရဲနောက်ခံလူတွေနဲ့ အမြင့်ဘောယှဉ်လုရာမှာ တုန့်ဆိုင်းမနေသင့်ပါဘူး။
လူကာကူ ဒဏ်ရာရနေတာကြောင့် ယခုပွဲစဉ်မှာလည်း ဟားဗတ်ကပဲ
ချဲလ်ဆီးတိုက်စစ်ကို ဦးဆောင်လာနိုင်ပြီး အရပ် ( ၆ ) ပေ ( ၃ ) လက်မ ရှိတာကြောင့်
ရီးရဲခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။
zawgyi
ဘာနေဗျူးမှာ ရီးရဲကို ချဲလ်ဆီးက ဒီနည်းလမ်း ( ၃ ) ခုနဲ့ အနိုင်ယူနိုင်မလား?
ပထမအကျော့ စတန်ဖို့ဒ်ဘရစ်ခ်ျမှာလည်း ကိုင်ဟားဗတ်က ဂျော်ဂျင်ဟိုရဲ့
Leave a Reply