ဒီနေ့ညမှာ ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကိုအဝေးကွင်း
ဘာနေဗျူးမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို
သွားရောက်ရင်ဆိုင် ကစားရမှာပါ။ အဲဒီပွဲစဉ်ဟာ ပထမအကျော့ ချဲလ်ဆီးအိမ်ကွင်းမှာ
ရီးရဲလ်မက်ဒရစ် အသင်းက ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။
မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်
အသင်းနဲ့တွေ့ဆုံစဉ် ဘာနေဗျူးမှာ တစ်ဖက် တစ်ဂိုးဆီ သရေရလဒ် ထွက်ပေါ်အောင်
ကစားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ချဲလ်ဆီးအသင်းကို
လေးစားမှုအပြည့်ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အန်ဆယ်လော့တီက “လက်ရှိ လူစာရင်းကို ပိုင်ဆိုင်ထားတာ ကျွန်တော့်အတွက်
အရမ်းကံကောင်းပါတယ်။ အသင်းကစားသမားတွေဟာ ဒီလိုအခြေအနေမျိုးမှာ
ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို သိကြပါတယ်။
သူတို့အနေနဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်တက်ဖို့ ကြိုးစားကြပါလိမ့်မယ်။
ဒါပေမဲ့ ချဲလ်ဆီးက တောင့်တင်းတဲ့အသင်း ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ သူတို့ကို လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ရမှာပါ။
အဲဒီစိတ်နဲ့ပဲ ချဲလ်ဆီးကို ကျွန်တော်တို့ ရင်ဆိုင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ဘာနေဗျူးမှာ ချဲလ်ဆီးကို အပီသိပ်ဖို့ ကြိုးစားမယ့် အန်ဆယ်လော့တီ
Leave a Reply