ဘာနာဒိုဆေးလ်ဗားဟာ ပေါင် သန်း ၈၀ ကျော်တန်တယ်လို့ ဘာကာနဲ့သတင်းကို စီးတီးငြင်းဆန်

ဘာနာဒိုဆေးလ်ဗားအတွက် ပေါင် ၄၆ သန်းနဲ့ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တယ်ဆိုတဲ့သတင်းတွေဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလသတင်းတွေသာဖြစ်တယ်လို့ မန်စီးတီးက

ဒေါသတကြီးငြင်းဆန်လိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကွင်းလယ်လူကို လာလီဂါထိပ်သီးကလပ်က နွေဈေးကွက် ၂ ကြိမ်ဆက် စိတ်ဝင်စားနေခဲ့တာပါ။ ဆေးလ်ဗားကလည်း ပေါ်တူဂီကမိသားစုနဲ့

ပိုမိုနီးကပ်စွာနေထိုင်ချင်တာကြောင့် စပိန်ကိုပြောင်းရွှေ့ချင်ကြောင်း ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးပါတယ်။ မနေ့ကတော့ မန်စီးတီးနဲ့ဘာစီလိုနာဟာ ဆေးလ်ဗားအတွက် ပေါင် ၄၆ သန်းနဲ့

သဘောတူညီမှုရသွားပြီလို့ သတင်းထွက်ခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံကတော့ သူတို့ကစားသမားဟာ လက်ရှိဈေးကွက်အရ ပေါင် သန်း ၈၀ ကျော်တန်သူဖြစ်ကြောင်း တုံ့ပြန်လိုက်ပြီး

ကောလာဟလတွေသာဖြစ်တယ်လို့ ငြင်းလိုက်ကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ နည်းပြဂွါဒီယိုလာဟာ ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဆေးလ်ဗားကို

အရန်ခုံထိုင်ခိုင်းခဲ့ပါတယ်။ သူ့ရဲ့နည်းဗျူဟာအပြောင်းအလဲမှာ ဂန်ဒိုဂန်ကိုသုံးဖို့ ပိုမိုနှစ်သက်ခဲ့တာပါ။ ဒါပေမဲ့ ဘာစီလိုနာဟာ သူတို့ကစားသမားသစ်တွေကို အခုထိ မှတ်ပုံမတင်နိုင်သေးတာကလည်း

အကြောင်းတစ်ရပ်ဖြစ်နေပြီး ဒီနွေဈေးကွက်မှာ ဆေးလ်ဗားရောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေလို့ Daily Mail က သုံးသပ်ထားပါတယ်။ ဥက္ကဌလာပေါ်တာဟာ ဗယ်လီကာနိုနဲ့

လာလီဂါအဖွင့်ပွဲမတိုင်ခင် လီဝမ်ဒေါစကီးနဲ့ ကွန်ဒီတို့လို ကစားသမားတွေကို မှတ်ပုံတင်နိုင်ဖို့ အသင်းရဲ့ပိုင်ဆိုင်မှုအချို့ကို ထပ်မံရောင်းချဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

(zawgyi)

ဘာနာဒိုေဆးလ္ဗားအတြက္ ေပါင္ ၄၆ သန္းနဲ႔ ဘာစီလိုနာရဲ႕ကမ္းလွမ္းမႈကို လက္ခံလိုက္တယ္ဆိုတဲ့သတင္းေတြဟာ အေျခအျမစ္မရွိတဲ့ ေကာလာဟလသတင္းေတြသာျဖစ္တယ္လို႔ မန္စီးတီးက

ေဒါသတႀကီးျငင္းဆန္လိုက္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ကြင္းလယ္လူကို လာလီဂါထိပ္သီးကလပ္က ေႏြေဈးကြက္ ၂ ႀကိမ္ဆက္ စိတ္ဝင္စားေနခဲ့တာပါ။ ေဆးလ္ဗားကလည္း ေပၚတူဂီကမိသားစုနဲ႔

ပိုမိုနီးကပ္စြာေနထိုင္ခ်င္တာေၾကာင့္ စပိန္ကိုေျပာင္းေ႐ႊ႕ခ်င္ေၾကာင္း ၿပီးခဲ့တဲ့ႏွစ္က ေျပာခဲ့ဖူးပါတယ္။ မေန႔ကေတာ့ မန္စီးတီးနဲ႔ဘာစီလိုနာဟာ ေဆးလ္ဗားအတြက္ ေပါင္ ၄၆ သန္းနဲ႔ သေဘာတူညီမႈရသြားၿပီလို႔

သတင္းထြက္ခဲ့တာပါ။ ဒါေပမဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံကေတာ့ သူတို႔ကစားသမားဟာ လက္ရွိေဈးကြက္အရ ေပါင္ သန္း ၈၀ ေက်ာ္တန္သူျဖစ္ေၾကာင္း တုံ႔ျပန္လိုက္ၿပီး ေကာလာဟလေတြသာျဖစ္တယ္လို႔

ျငင္းလိုက္ေၾကာင္း ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။ နည္းျပဂြါဒီယိုလာဟာ ဝက္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔အႏိုင္ရတဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ေဆးလ္ဗားကို အရန္ခုံထိုင္ခိုင္းခဲ့ပါတယ္။

သူ႔ရဲ႕နည္းဗ်ဴဟာအေျပာင္းအလဲမွာ ဂန္ဒိုဂန္ကိုသုံးဖို႔ ပိုမိုႏွစ္သက္ခဲ့တာပါ။ ဒါေပမဲ့ ဘာစီလိုနာဟာ သူတို႔ကစားသမားသစ္ေတြကို အခုထိ မွတ္ပုံမတင္ႏိုင္ေသးတာကလည္း အေၾကာင္းတစ္ရပ္ျဖစ္ေနၿပီး ဒီေႏြေဈးကြက္မွာ ေဆးလ္ဗားေရာက္ဖို႔ဆိုတာ

မျဖစ္ႏိုင္တဲ့အေျခအေနလို႔ Daily Mail က သုံးသပ္ထားပါတယ္။ ဥကၠဌလာေပၚတာဟာ ဗယ္လီကာႏိုနဲ႔ လာလီဂါအဖြင့္ပြဲမတိုင္ခင္ လီဝမ္ေဒါစကီးနဲ႔ ကြန္ဒီတို႔လို ကစားသမားေတြကို မွတ္ပုံတင္ႏိုင္ဖို႔ အသင္းရဲ႕ပိုင္ဆိုင္မႈအခ်ိဳ႕ကို ထပ္မံေရာင္းခ်ဖို႔ႀကိဳးစားေနတယ္လို႔ သိရပါတယ္။