ဘာစီလိုနာ၊ PSG တို့ကပစ်မှတ်ထားနေပေမယ့် လီဗာပူးလ်နဲ့စာချုပ်သက်တမ်းတိုးဖို့ရှိနေတဲ့ ဆာလာ

လီဗာပူးလ်နဲ့လမ်းခွဲမယ်လို့သတင်းထွက်နေတဲ့ အီဂျစ်နာမည်ကျော်

ကစားသမားဆာလာဟာ အခုအချိန်မှာ စိတ်ပြောင်းသွားပြီး

အသင်းနဲ့စာချုပ်သစ်ချုပ်ဖို့အသင့်ရှိနေတယ်လို့ ဗြိတိန်သတင်းစာ

The Mirror က ဖော်ပြခဲ့ပါတယ်။ ဆာလာရဲ့လက်ရှိစာချုပ်သက်တမ်းက

၂၀၂၃ ခုနှစ်ကျရင်ကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ တစ်ပတ်ကို

ပေါင်(၄၀၀,၀၀၀)နဲ့ကမ်းလှမ်းခဲ့ပေမယ့် ဆာလာက အဲဒီပမာဏထက်

ပိုရလိုတာကြောင့် အဲဒီကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့အတွက် လာမယ့်

နှစ်အတွင်း လီဗာပူးလ်ကနေထွက်ခွာဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေ

ထွက်ပေါ်နေတာပါ။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဆာလာကိုခေါ်ယူဖို့အတွက်

ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ၊ PSG အသင်းတို့က စိတ်ဝင်စားနေပြီး

ဆာလာနဲ့လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်သစ်ကိစ္စအနေအထားကို

စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆာလာဟာ ဘာစီလိုနာ၊

PSG အသင်းတို့ကိုပြောင်းရွှေ့ဖို့မရှိဘဲ လီဗာပူးလ်အသင်းအတွက်သာ

ဆက်ကစားဖို့ရှိနေတယ်လို့ The Mirro သတင်းစာကသုံးသပ်ခဲ့ပါတယ်။

ဆာလာအနေနဲ့ မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား

စီရော်နယ်လ်ဒိုလိုမျိုး တစ်ပတ်ကို ပေါင်(၅၀၀,၀၀၀)အထိရရှိလိုနေပေမယ့်

အခုအချိန်မှာတော့ လီဗာပူးလ်အသင်းကမ်းလှမ်းတဲ့ပမာဏကိုပဲ လက်ခံဖို့ရှိနေပါပြီ။

လီဗာပူးလ်အသင်းမှာ ဆာလာ ဆက်ကစားနိုင်တဲ့အကြောင်းရင်းက

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အီဂျစ်အသင်းလွဲချော်ခဲ့ပြီးတဲ့နောက်

လီဗာပူးလ်အသင်းက ဆာလာကို အကောင်းဆုံးနှစ်သိမ့်အားပေးခဲ့ကြလို့ပဲဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆာလာကို ၂၀၂၆ ခုနှစ်အထိ (၃)နှစ်စာချုပ်သက်တမ်း

တိုးသွားမှာဖြစ်ပြီး အဲဒီစာချုပ်ပြည့်သွားရင် နောက်ထပ်(၁)နှစ်သက်တမ်းတိုးဖို့

သဘောတူညီမှုလည်းပါဝင်မှာဖြစ်တာကြောင့် ဆာလာအနနေဲ့ ဘောလုံးသမားဘဝ

အဆုံးသတ်ချိန်အထိ လီဗာပူးလ်မှာကစားမယ့်အနေအထားပါပဲ။

zawgyi

ဘာစီလိုနာ၊ PSG တို႔ကပစ္မွတ္ထားေနေပမယ့္ လီဗာပူးလ္နဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ရွိေနတဲ့ ဆာလာ

လီဗာပူးလ္နဲ႔လမ္းခြဲမယ္လို႔သတင္းထြက္ေနတဲ့ အီဂ်စ္နာမည္ေက်ာ္

ကစားသမားဆာလာဟာ အခုအခ်ိန္မွာ စိတ္ေျပာင္းသြားၿပီး

အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဖို႔အသင့္ရွိေနတယ္လို႔ ၿဗိတိန္သတင္းစာ

The Mirror က ေဖာ္ျပခဲ့ပါတယ္။ ဆာလာရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက

၂၀၂၃ ခုႏွစ္က်ရင္ကုန္ဆုံးမွာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ တစ္ပတ္ကို

ေပါင္(၄၀၀,၀၀၀)နဲ႔ကမ္းလွမ္းခဲ့ေပမယ့္ ဆာလာက အဲဒီပမာဏထက္

ပိုရလိုတာေၾကာင့္ အဲဒီကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တဲ့အတြက္ လာမယ့္

ႏွစ္အတြင္း လီဗာပူးလ္ကေနထြက္ခြာဖို႔ရွိေနတယ္ဆိုတဲ့သတင္းေတြ

ထြက္ေပၚေနတာပါ။ အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆာလာကိုေခၚယူဖို႔အတြက္

ဥေရာပထိပ္သီးႏွစ္သင္းျဖစ္တဲ့ ဘာစီလိုနာ၊ PSG အသင္းတို႔က စိတ္ဝင္စားေနၿပီး

ဆာလာနဲ႔လီဗာပူးလ္အသင္းတို႔ရဲ႕စာခ်ဳပ္သစ္ကိစၥအေနအထားကို

ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဆာလာဟာ ဘာစီလိုနာ၊

PSG အသင္းတို႔ကိုေျပာင္းေ႐ႊ႕ဖို႔မရွိဘဲ လီဗာပူးလ္အသင္းအတြက္သာ

ဆက္ကစားဖို႔ရွိေနတယ္လို႔ The Mirro သတင္းစာကသုံးသပ္ခဲ့ပါတယ္။

ဆာလာအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမား

စီေရာ္နယ္လ္ဒိုလိုမ်ိဳး တစ္ပတ္ကို ေပါင္(၅၀၀,၀၀၀)အထိရရွိလိုေနေပမယ့္

အခုအခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းကမ္းလွမ္းတဲ့ပမာဏကိုပဲ လက္ခံဖို႔ရွိေနပါၿပီ။

လီဗာပူးလ္အသင္းမွာ ဆာလာ ဆက္ကစားႏိုင္တဲ့အေၾကာင္းရင္းက

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ အီဂ်စ္အသင္းလြဲေခ်ာ္ခဲ့ၿပီးတဲ့ေနာက္

လီဗာပူးလ္အသင္းက ဆာလာကို အေကာင္းဆုံးႏွစ္သိမ့္အားေပးခဲ့ၾကလို႔ပဲျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဆာလာကို ၂၀၂၆ ခုႏွစ္အထိ (၃)ႏွစ္စာခ်ဳပ္သက္တမ္း

တိုးသြားမွာျဖစ္ၿပီး အဲဒီစာခ်ဳပ္ျပည့္သြားရင္ ေနာက္ထပ္(၁)ႏွစ္သက္တမ္းတိုးဖို႔

သေဘာတူညီမႈလည္းပါဝင္မွာျဖစ္တာေၾကာင့္ ဆာလာအနေနဲ႔ ေဘာလုံးသမားဘဝ

အဆုံးသတ္ခ်ိန္အထိ လီဗာပူးလ္မွာကစားမယ့္အေနအထားပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*