ဘာစီလိုနာရဲ့ ပြိုင်ဘက် အက်သလက်တီကိုအသင်းဆီ တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဒီပိုင်း

ဘာစီလိုနာအသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမား ဒီပိုင်းဟာ

အဓိကပြိုင်ဘက်တစ်သင်းဖြစ်တဲ့ အက်သလက်တီကိုအသင်းဆီ
တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

ဒီပိုင်းရဲ့ အပြောင်းအရွှေ့အတွက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဘာစီလိုနာနဲ့
အက်သလက်တီကိုအသင်းတို့ သဘောတူညီမှုရခဲ့တာဖြစ်ပြီး
အက်သလက်တီကိုအသင်းဟာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂.၆)သန်း
ပေးချေမှာဖြစ်သလို ဒီပိုင်းနဲ့ (၂)နှစ်ခွဲစာချုပ်,ချုပ်ဆိုခဲ့ပါတယ်။

ဒီပိုင်းကို ခေါ်ယူဖို့ သူ့အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်က
စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အခု
ဒီပိုင်းဟာ အက်သလက်တီကိုအသင်းဆီ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က လိုင်ယွန်ကနေ ဘာစီလိုနာကို အလွတ်နဲ့ရောက်ရှိခဲ့သူ
ဒီပိုင်းဟာ ပထမဆုံးရာသီမှာ အဓိက,ကစားသမားအဖြစ် ပါဝင်ကစားခွင့်

ရခဲ့ပြီး ပြိုင်ပွဲစုံ(၃၈)ပွဲကစား၊ (၁၃)ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာနည်းပြအဖြစ် ဇာဗီ စတင်တာဝန်ယူချိန်ကစလို့

ဒီပိုင်းတစ်ယောက် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို ဒီရာသီ
အစပိုင်းမှာလည်း ရာဖင်ဟာ၊ လီဝန်ဒေါစကီးတို့လို ကစားသမားသစ်တွေ
ရောက်လာတာကြောင့် ဒီပိုင်းဟာ လာလီဂါမှာ (၂)ပွဲသာကစားခဲ့ရပါတယ်။

အဲဒါကြောင့် ဒီပိုင်းဟာ ဘာစီလိုနာကနေ ထွက်ခွာချင်နေတဲ့အပြင် သူ့ရဲ့
စာချုပ်ကလည်း ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက်
ဘာစီလိုနာအသင်းက ဒီပိုင်းကို အလွတ်နဲ့မဆုံးရှုံးရအောင် အက်သလက်တီကို
အသင်းဆီ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

[Zawgyi]

ဘာစီလိုနာအသင္းရဲ႕ နယ္သာလန္တိုက္စစ္ကစားသမား ဒီပိုင္းဟာ
အဓိကၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ အက္သလက္တီကိုအသင္းဆီ

တရားဝင္ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။

ဒီပိုင္းရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ဘာစီလိုနာနဲ႔

အက္သလက္တီကိုအသင္းတို႔ သေဘာတူညီမႈရခဲ့တာျဖစ္ၿပီး
အက္သလက္တီကိုအသင္းဟာ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္(၂.၆)သန္း
ေပးေခ်မွာျဖစ္သလို ဒီပိုင္းနဲ႔ (၂)ႏွစ္ခြဲစာခ်ဳပ္,ခ်ဳပ္ဆိုခဲ့ပါတယ္။

ဒီပိုင္းကို ေခၚယူဖို႔ သူ႔အသင္းေဟာင္းျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္က
စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း အခု
ဒီပိုင္းဟာ အက္သလက္တီကိုအသင္းဆီ ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္က လိုင္ယြန္ကေန ဘာစီလိုနာကို အလြတ္နဲ႔ေရာက္ရွိခဲ့သူ
ဒီပိုင္းဟာ ပထမဆုံးရာသီမွာ အဓိက,ကစားသမားအျဖစ္ ပါဝင္ကစားခြင့္
ရခဲ့ၿပီး ၿပိဳင္ပြဲစုံ(၃၈)ပြဲကစား၊ (၁၃)ဂိုးသြင္းယူခဲ့ပါတယ္။

ဒါေပမဲ့ ဘာစီလိုနာနည္းျပအျဖစ္ ဇာဗီ စတင္တာဝန္ယူခ်ိန္ကစလို႔
ဒီပိုင္းတစ္ေယာက္ ပြဲထြက္ကစားခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရသလို ဒီရာသီ

အစပိုင္းမွာလည္း ရာဖင္ဟာ၊ လီဝန္ေဒါစကီးတို႔လို ကစားသမားသစ္ေတြ
ေရာက္လာတာေၾကာင့္ ဒီပိုင္းဟာ လာလီဂါမွာ (၂)ပြဲသာကစားခဲ့ရပါတယ္။

အဲဒါေၾကာင့္ ဒီပိုင္းဟာ ဘာစီလိုနာကေန ထြက္ခြာခ်င္ေနတဲ့အျပင္ သူ႔ရဲ႕
စာခ်ဳပ္ကလည္း ဒီရာသီကုန္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္တဲ့အတြက္
ဘာစီလိုနာအသင္းက ဒီပိုင္းကို အလြတ္နဲ႔မဆုံးရႈံးရေအာင္ အက္သလက္တီကို
အသင္းဆီ ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။