ဘာစီလိုနာရဲ့ ကစားသမား ၃ ဦးလုံးကို ခေါ်ဖို့ကြံနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီနွေဈေးကွက်မှာ ဘာစီလိုနာရဲ့ကစားသမား ၃ ဦးလုံးကို ခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ စတာလင်းနဲ့ ကူလီဘာလီတို့လို ကစားသမားကောင်းတွေခေါ်ထားပေမယ့်

ချဲလ်ဆီးနည်းပြတူချယ်ရဲ့ အဝယ်စာရင်းက မရပ်သေးပါဘူး။ ချဲလ်ဆီးပိုင်ရှင်သစ်တော့ဒ်ဘိုလီကလည်း ဂျာမန်သားတောင်းဆိုထားတဲ့အတိုင်း လိုက်လျောမယ့်အနေအထားရှိနေပါတယ်။

တနည်းအားဖြင့် ပစ်မှတ်တစ်ချို့လွဲချော်ထားတဲ့ တူချယ်ဟာ ဈေးကွက်မှာ အံ့အားသင့်စရာတွေ လုပ်ပြလာဖို့ရှိနေတာပါ။ နာမည်ကျော်အားကစားဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ချဲလ်ဆီးဟာ

တိုက်စစ်မှူးအူဘာမီယန်းအတွက် ဘာစီလိုနာနဲ့ဆွေးနွေးနေတယ်လို့ သတင်းစပေးလာခဲ့ပါတယ်။ ဂါဘွန်သားက နူးကမ့်မှာဆက်နေချင်ပေမယ့် ကစားသမားသစ်တွေမှတ်ပုံတင်ရမယ့်အခက်အခဲနဲ့

ဘာစီလိုနာရင်ဆိုင်နေရတာကြောင့် တစ်ချို့ကိုတော့ လက်လွှတ်လိမ့်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ အခုလည်း Evening Standard သတင်းထောက်နစ်ဇာကင်ဆယ်လာက

ချဲလ်ဆီးဟာ အူဘာမီယန်းတစ်ဦးတည်းကို ကမ်းလှမ်းထားတာမဟုတ်ဘဲ ဒီဂျောင်နဲ့ဒီပေးတို့လည်း ပါဝင်နေတယ်လို့ဆိုပါတယ်။ ဒီကစားသမား ၃ ဦးထဲက ဘယ်သူတွေကိုခေါ်မယ်ဆိုတာ

ချဲလ်ဆီးဘက်က မဆုံးဖြတ်ရသေးပေမယ့် ဒီဂျောင်အတွက်တော့ ဆွေးနွေးပြီးသားပါ။ မန်ယူနဲ့သဘောတူညီမှုရထားတဲ့ နယ်သာလန်သားက ဘာစီလိုနာမှာပဲဆက်နေချင်နေတဲ့

အခြေအနေမှာ ချဲလ်ဆီးကကြားဝင်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာက ချဲလ်ဆီးရဲ့အက်ဇ်ပီလီကူတာနဲ့ မားကို့စ်အလွန်ဆိုအတွဲကို လိုချင်နေတာကလည်း နှစ်ဖက်ကြားဆွေးနွေးစရာကောင်းတဲ့ အကြောင်းရင်းတွေဖြစ်နေတယ်လို့ သိရပါတယ်။

(zawgyi)

ခ်ဲလ္ဆီးအသင္းဟာ ဒီေႏြေဈးကြက္မွာ ဘာစီလိုနာရဲ႕ကစားသမား ၃ ဦးလုံးကို ေခၚယူဖို႔ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ စတာလင္းနဲ႔ ကူလီဘာလီတို႔လို ကစားသမားေကာင္းေတြေခၚထားေပမယ့္

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ရဲ႕ အဝယ္စာရင္းက မရပ္ေသးပါဘူး။ ခ်ဲလ္ဆီးပိုင္ရွင္သစ္ေတာ့ဒ္ဘိုလီကလည္း ဂ်ာမန္သားေတာင္းဆိုထားတဲ့အတိုင္း လိုက္ေလ်ာမယ့္အေနအထားရွိေနပါတယ္။ တနည္းအားျဖင့္

ပစ္မွတ္တစ္ခ်ိဳ႕လြဲေခ်ာ္ထားတဲ့ တူခ်ယ္ဟာ ေဈးကြက္မွာ အံ့အားသင့္စရာေတြ လုပ္ျပလာဖို႔ရွိေနတာပါ။ နာမည္ေက်ာ္အားကစားဂ်ာနယ္လစ္ ဖာဘရီဇီယို႐ိုမာႏိုက ခ်ဲလ္ဆီးဟာ တိုက္စစ္မႉးအူဘာမီယန္းအတြက္

ဘာစီလိုနာနဲ႔ေဆြးေႏြးေနတယ္လို႔ သတင္းစေပးလာခဲ့ပါတယ္။ ဂါဘြန္သားက ႏူးကမ့္မွာဆက္ေနခ်င္ေပမယ့္ ကစားသမားသစ္ေတြမွတ္ပုံတင္ရမယ့္အခက္အခဲနဲ႔ ဘာစီလိုနာရင္ဆိုင္ေနရတာေၾကာင့္

တစ္ခ်ိဳ႕ကိုေတာ့ လက္လႊတ္လိမ့္မယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။ အခုလည္း Evening Standard သတင္းေထာက္နစ္ဇာကင္ဆယ္လာက ခ်ဲလ္ဆီးဟာ အူဘာမီယန္းတစ္ဦးတည္းကို

ကမ္းလွမ္းထားတာမဟုတ္ဘဲ ဒီေဂ်ာင္နဲ႔ဒီေပးတို႔လည္း ပါဝင္ေနတယ္လို႔ဆိုပါတယ္။ ဒီကစားသမား ၃ ဦးထဲက ဘယ္သူေတြကိုေခၚမယ္ဆိုတာ ခ်ဲလ္ဆီးဘက္က မဆုံးျဖတ္ရေသးေပမယ့္ ဒီေဂ်ာင္အတြက္ေတာ့  ေဆြးေႏြးၿပီးသားပါ။ မန္ယူနဲ႔သေဘာတူညီမႈရထားတဲ့

နယ္သာလန္သားက ဘာစီလိုနာမွာပဲဆက္ေနခ်င္ေနတဲ့ အေျခအေနမွာ ခ်ဲလ္ဆီးကၾကားဝင္လာခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာက ခ်ဲလ္ဆီးရဲ႕အက္ဇ္ပီလီကူတာနဲ႔ မားကို႔စ္အလြန္ဆိုအတြဲကို လိုခ်င္ေနတာကလည္း ႏွစ္ဖက္ၾကားေဆြးေႏြးစရာေကာင္းတဲ့ အေၾကာင္းရင္းေတြျဖစ္ေနတယ္လို႔ သိရပါတယ္။