ဘာစီလိုနာရောက်မှ လစာရဖို့ပူပန်ရမယ့်အပြင် အပြောပါခံနေရတဲ့ လီဝမ်ဒေါစကီး

လာလီဂါရာသီသစ် အဖွင့်ပွဲစဉ်မှာ ဗယ်လီကာနိုနဲ့ဂိုးမရှိသရေကျခဲ့တာကြောင့် ဘာစီလိုနာကို စပိန်မီဒီယာတွေက ဝိုင်းဆော်နေကြပါတယ်။ မက်ဒရစ်အခြေစိုက် သတင်းစာတွေသာမက ဘာစီလိုနာအခြေစိုက်သတင်းစာတွေပါ

ဝိုင်းတီးနေကြတာပါ။ ခါးသီးတဲ့ပွဲဦးထွက်၊ စိတ်ပျက်စရာကောင်းတဲ့ကစားဟန် စတဲ့ခေါင်းကြီးတွေပေးပြီး ကက်တာလန်ကလပ်ကို ဝိုင်းလှော်ခဲ့ကြပါတယ်။ ဒီအထဲမှာ ဘိုင်ယန်မြူးနစ်ကရောက်လာတဲ့

တိုက်စစ်မှူးလီဝမ်ဒေါစကီးလည်း မလွတ်ခဲ့ပါဘူး။ ပိုလန်သားလည်း ကံဆိုးပါတယ်။ သွင်းတဲ့ဂိုးက လူကျွံနေသလို ဗယ်လီကာနိုခံစစ်ကစားပုံနဲ့ ဂိုးသမားကောင်းလွန်းတာကြောင့်လည်း ထင်တိုင်းမပေါက်ခဲ့တာပါ။

သူ့အတွက် ၂၀၁၄ သြဂုတ်လနောက်ပိုင်း ရာသီအဖွင့်ပွဲစဉ်တွေမှာ ပထမဆုံးအကြိမ် ဂိုးပေါက်ပျောက်တဲ့မှတ်တမ်း ဝင်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ဘိုင်ယန်မြူးနစ်ကို စရောက်တဲ့ရာသီဖြစ်နေတာကလည်း

အမှတ်တရပါပဲ။ ၈ နှစ်ကြာထိန်းထားတဲ့ မှတ်တမ်းကောင်းတစ်ခု ကျိုးပျက်သွားခဲ့ရုံသာမက လီဝမ်ဒေါစကီးဟာ ဘာစီလိုနာမှာ လစာကိစ္စလည်း ပူပန်ရဦးမယ်လို့ သတင်းတွေထွက်နေပါတယ်။

ဘာစီလိုနာဟာ အကြွေးတွေလည်ပင်းခိုက်နေတဲ့ကြားက ပေါင် ၁၂၇ သန်းသုံးပြီး သူအပါအဝင် ကစားသမားသစ်တွေ ဝယ်ယူခဲ့တာပါ။ ဒါပေမဲ့ ကစားသမားမှတ်ပုံတင်ဖို့အရေးမှာ နှောင့်နှေးခဲ့ရပြီး

ပိုင်ဆိုင်မှုတွေရောင်းထုတ်ဖြေရှင်းခဲ့ရပါတယ်။ ဒါတောင် ကွန်ဒီတစ်ယောက်ကျန်နေသေးပြီး ကစားသမားတစ်ချို့ထုတ်ရောင်းဖို့နဲ့ အသင်းမှာကျန်မယ့်ကစားသမားတွေကို လစာလျှော့ဖို့ရှိနေတာကြောင့်ပါ။

(zawgyi)

လာလီဂါရာသီသစ္ အဖြင့္ပြဲစဥ္မွာ ဗယ္လီကာႏိုနဲ႔ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ ဘာစီလိုနာကို စပိန္မီဒီယာေတြက ဝိုင္းေဆာ္ေနၾကပါတယ္။ မက္ဒရစ္အေျခစိုက္ သတင္းစာေတြသာမက

ဘာစီလိုနာအေျခစိုက္သတင္းစာေတြပါ ဝိုင္းတီးေနၾကတာပါ။ ခါးသီးတဲ့ပြဲဦးထြက္၊ စိတ္ပ်က္စရာေကာင္းတဲ့ကစားဟန္ စတဲ့ေခါင္းႀကီးေတြေပးၿပီး ကက္တာလန္ကလပ္ကို ဝိုင္းေလွာ္ခဲ့ၾကပါတယ္။

ဒီအထဲမွာ ဘိုင္ယန္ျမဴးနစ္ကေရာက္လာတဲ့ တိုက္စစ္မႉးလီဝမ္ေဒါစကီးလည္း မလြတ္ခဲ့ပါဘူး။ ပိုလန္သားလည္း ကံဆိုးပါတယ္။ သြင္းတဲ့ဂိုးက လူကြၽံေနသလို ဗယ္လီကာႏိုခံစစ္ကစားပုံနဲ႔ ဂိုးသမားေကာင္းလြန္းတာေၾကာင့္လည္း

ထင္တိုင္းမေပါက္ခဲ့တာပါ။ သူ႔အတြက္ ၂၀၁၄ ၾသဂုတ္လေနာက္ပိုင္း ရာသီအဖြင့္ပြဲစဥ္ေတြမွာ ပထမဆုံးအႀကိမ္ ဂိုးေပါက္ေပ်ာက္တဲ့မွတ္တမ္း ဝင္သြားခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းက

ဘိုင္ယန္ျမဴးနစ္ကို စေရာက္တဲ့ရာသီျဖစ္ေနတာကလည္း အမွတ္တရပါပဲ။ ၈ ႏွစ္ၾကာထိန္းထားတဲ့ မွတ္တမ္းေကာင္းတစ္ခု က်ိဳးပ်က္သြားခဲ့႐ုံသာမက လီဝမ္ေဒါစကီးဟာ ဘာစီလိုနာမွာ လစာကိစၥလည္း ပူပန္ရဦးမယ္လို႔

သတင္းေတြထြက္ေနပါတယ္။ ဘာစီလိုနာဟာ အေႂကြးေတြလည္ပင္းခိုက္ေနတဲ့ၾကားက ေပါင္ ၁၂၇ သန္းသုံးၿပီး သူအပါအဝင္ ကစားသမားသစ္ေတြ ဝယ္ယူခဲ့တာပါ။ ဒါေပမဲ့ ကစားသမားမွတ္ပုံတင္ဖို႔အေရးမွ

ာ ေႏွာင့္ေႏွးခဲ့ရၿပီး ပိုင္ဆိုင္မႈေတြေရာင္းထုတ္ေျဖရွင္းခဲ့ရပါတယ္။ ဒါေတာင္ ကြန္ဒီတစ္ေယာက္က်န္ေနေသးၿပီး ကစားသမားတစ္ခ်ိဳ႕ထုတ္ေရာင္းဖို႔နဲ႔ အသင္းမွာက်န္မယ့္ကစားသမားေတြကို လစာေလွ်ာ့ဖို႔ရွိေနတာေၾကာင့္ပါ။