ဘာစီလိုနာမှာ မက်ဆီနေရာ အစားထိုးပေးနိုင်မှာလား လီဝမ်ဒေါစကီး

လီဝမ်ဒေါစကီးနဲ့ ဘာစီလိုနာရဲ့ဆန္ဒတွေပြည့်ဝသွားခဲ့ပါပြီ။ ပိုလန်တိုက်စစ်မှူးက နူးကမ့်မှာ ကစားချင်တယ်၊ ကက်တာလန်ကလပ်ကလည်း သူ့ကိုခေါ်ချင်တယ်။

ဒါကြောင့် နှစ်ဖက်လုံးရဲ့ဆန္ဒတွေပြည့်ဝသွားခဲ့ပါပြီ။ ဒီနေရာမှာ လီဝမ်ဒေါစကီးရဲ့အာသီသနဲ့ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုရမှာပါ။ သူဟာ ဘိုင်ယန်မြူးနစ်ကို

အမျိုးမျိုးဖိအားပေးခဲ့တယ်။ ဘိုင်ယန်မှာ သူ့ရဲ့အခန်းကဏ္ဍပြီးဆုံးသွားပြီဆိုတဲ့ နွေတုန်းက ပြောခဲ့တဲ့စကားအတိုင်း စောင့်ထိန်းခဲ့တယ်။ ပီအက်စ်ဂျီနဲ့ချဲလ်ဆီးတို့ စိတ်ဝင်စားကြတာကိုလည်း

လှည့်မကြည့်ခဲ့ဘူး။ သူ့စိတ်ထဲမှာ ဘာစီလိုနာပဲရှိနေခဲ့တာပါ။ အခုတော့ သူ့ကိုရဖို့ တစ်နွေလုံးကြိုးစားခဲ့တဲ့ ဇာဗီလည်း အောင်မြင်သွားခဲ့ပါပြီ။

ဘာစီလိုနာဟာ လီဝမ်ဒေါစကီးအတွက် ပေါင် ၄၂.၅ သန်းနဲ့ သဘောတူညီမှုရခဲ့တယ်။ ဒီနေ့ ပိုလန်သား စပိန်သွားမယ်။ ဆေးစစ်ပြီးရင် ၃ နှစ် စာချုပ်မယ်။ လစာကတော့ တစ်နှစ် ယူရို ၃၅ သန်းကနေ

သန်း ၄၀ ကြားရမယ်လို့သိရတယ်။ ဒီတော့ ဘာစီလိုနာရဲ့ရာသီကြိုအမေရိကန်ခြေစမ်းပွဲခရီးစဉ်မှာ လီဝမ်ဒေါစကီးကို မြင်တွေ့ရဖို့ရှိနေတယ်။ တစ်နည်းအားဖြင့် ဒေါ့တ်မန်မှာအတွဲညီခဲ့တဲ့ အူဘာမီယန်းနဲ့အတူ

ဘာစီလိုနာတိုက်စစ်မှာ သူ့ကိုတွေ့ရတော့မယ်။ အသက် ၃၃ နှစ်ရှိနေပေမယ့် သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကတော့ အားလုံးခေါင်းထောင်ကြည့်နေရဆဲပါ။  ပြီးခဲ့တဲ့ရာသီကတောင် ၄၆ ပွဲမှာ ဂိုး ၅၀ သွင်းပြခဲ့သေးတယ်။

ဘွန်ဒက်စ်လီဂါဂိုးအများဆုံးသွင်းသူဆုကို ၅ နှစ်ဆက်ရခဲ့သူဆိုတဲ့ဂုဏ်ပုဒ်နဲ့ စပိန်ကိုခြေချလာမယ့်လီဝမ်ဒေါစကီးဟာ ဘာစီလိုနာပရိသတ်တွေအတွက်တော့ မက်ဆီတစ်ယောက်အစားပြန်ရသလို ဖြစ်နေပါလိမ့်မယ်။

(zawgyi)

လီဝမ္ေဒါစကီးနဲ႔ ဘာစီလိုနာရဲ႕ဆႏၵေတြျပည့္ဝသြားခဲ့ပါၿပီ။ ပိုလန္တိုက္စစ္မႉးက ႏူးကမ့္မွာ ကစားခ်င္တယ္၊ ကက္တာလန္ကလပ္ကလည္း သူ႔ကိုေခၚခ်င္တယ္။ ဒါေၾကာင့္ ႏွစ္ဖက္လုံးရဲ႕ဆႏၵေတြျပည့္ဝသြားခဲ့ပါၿပီ။

ဒီေနရာမွာ လီဝမ္ေဒါစကီးရဲ႕အာသီသနဲ႔ႀကိဳးပမ္းမႈကိုလည္း အသိအမွတ္ျပဳရမွာပါ။ သူဟာ ဘိုင္ယန္ျမဴးနစ္ကို အမ်ိဳးမ်ိဳးဖိအားေပးခဲ့တယ္။ ဘိုင္ယန္မွာ သူ႔ရဲ႕အခန္းက႑ၿပီးဆုံးသြားၿပီဆိုတဲ့ ေႏြတုန္းက

ေျပာခဲ့တဲ့စကားအတိုင္း ေစာင့္ထိန္းခဲ့တယ္။ ပီအက္စ္ဂ်ီနဲ႔ခ်ဲလ္ဆီးတို႔ စိတ္ဝင္စားၾကတာကိုလည္း လွည့္မၾကည့္ခဲ့ဘူး။ သူ႔စိတ္ထဲမွာ ဘာစီလိုနာပဲရွိေနခဲ့တာပါ။ အခုေတာ့ သူ႔ကိုရဖို႔ တစ္ေႏြလုံးႀကိဳးစားခဲ့တဲ့

ဇာဗီလည္း ေအာင္ျမင္သြားခဲ့ပါၿပီ။ ဘာစီလိုနာဟာ လီဝမ္ေဒါစကီးအတြက္ ေပါင္ ၄၂.၅ သန္းနဲ႔ သေဘာတူညီမႈရခဲ့တယ္။ ဒီေန႔ ပိုလန္သား စပိန္သြားမယ္။ ေဆးစစ္ၿပီးရင္ ၃ ႏွစ္ စာခ်ဳပ္မယ္။

လစာကေတာ့ တစ္ႏွစ္ ယူ႐ို ၃၅ သန္းကေန သန္း ၄၀ ၾကားရမယ္လို႔သိရတယ္။ ဒီေတာ့ ဘာစီလိုနာရဲ႕ရာသီႀကိဳအေမရိကန္ေျခစမ္းပြဲခရီးစဥ္မွာ လီဝမ္ေဒါစကီးကို ျမင္ေတြ႕ရဖို႔ရွိေနတယ္။

တစ္နည္းအားျဖင့္ ေဒါ့တ္မန္မွာအတြဲညီခဲ့တဲ့ အူဘာမီယန္းနဲ႔အတူ ဘာစီလိုနာတိုက္စစ္မွာ သူ႔ကိုေတြ႕ရေတာ့မယ္။ အသက္ ၃၃ ႏွစ္ရွိေနေပမယ့္ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ကေတာ့ အားလုံးေခါင္းေထာင္ၾကည့္ေနရဆဲပါ။ ၿပီးခဲ့တဲ့ရာသီကေတာင္ ၄၆ ပြဲမွာ

ဂိုး ၅၀ သြင္းျပခဲ့ေသးတယ္။ ဘြန္ဒက္စ္လီဂါဂိုးအမ်ားဆုံးသြင္းသူဆုကို ၅ ႏွစ္ဆက္ရခဲ့သူဆိုတဲ့ဂုဏ္ပုဒ္နဲ႔ စပိန္ကိုေျခခ်လာမယ့္လီဝမ္ေဒါစကီးဟာ ဘာစီလိုနာပရိသတ္ေတြအတြက္ေတာ့ မက္ဆီတစ္ေယာက္အစားျပန္ရသလို ျဖစ္ေနပါလိမ့္မယ္။