ဘာစီလိုနာမှာကစားချင်ကြောင်း ၈ နှစ်သားကတည်းက စာရွက်ပေါ်မှာ ခဲတံနဲ့ရေးခဲ့လေသူ

သူတို့အသင်းကို ခရစ္စတီယန်ဆန် ဘယ်လောက်လာချင်ခဲ့သလဲဆိုတာ ဘာစီလိုနာက ဂုဏ်ယူဝံ့ကြွားစွာ ဖေါ်ထုတ်လာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဒိန်းမတ်နောက်ခံလူဟာ

ချဲလ်ဆီးမှာ ၁၀ နှစ်ကြာကစားခဲ့တဲ့နောက် စာချုပ်ပြည့်ချိန်မှာ ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။ ကက်တာလန်ကလပ်နဲ့ ၄ နှစ်စာချုပ်ခဲ့တာဖြစ်ပြီး

စာချုပ်ဖျက်ကြေး ပေါင် သန်း ၄၂၀ လောက် ထည့်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ကစားသမားသစ်မိတ်ဆက်ပွဲမှာတော့ ခရစ္စတီယန်ဆန်ဟာ

ဘာစီလိုနာအမှတ်တံဆိပ်ကို မြတ်နိုးစွာနမ်းရှိုက်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီပုံနဲ့အတူ ခရစ္စတီယန်ဆန် ကလေးဘဝတုန်းက ရေးခဲ့တဲ့စာတိုလေးကိုပါ တွစ်တာမှာတင်ပြီး

အားလုံး အံ့အားသင့်အောင်လုပ်ခဲ့တာပါ။ အဲဒီတုန်းက ဒိန်းမတ်သားဟာ အသက် ၈ နှစ်သာရှိသေးပြီး “ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့နဲ့

ဘာစီလိုနာအတွက်ကစားဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါ ” လို့ ခဲတံနဲ့ ရေးထားတာဖြစ်ပါတယ်။ မိတ်ဆက်ပွဲမှာလည်း ခရစ္စတီယန်ဆန်က “ ကျွန်တော် ဂုဏ်ယူပါတယ်။

ဒါက အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ။ ကျွန်တော်ဟာ ၈ နှစ်သားကတည်းက ကိုယ်ဖြစ်ချင်တာကို ရေးသားခဲ့ပါတယ်။ အိပ်မက်တွေအကောင်အထည်ဖော်နိုင်တဲ့အတွက် ကျေးဇူးတင်မိသလို

အကောင်းဆုံးပေးဆပ်သွားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒီမှာက ပြိုင်ဆိုင်မှုတွေရှိနေပါတယ်။ ဒါကလည်း ဖြစ်သင့်တာပါပဲ။ နောက်တန်းမှာဆို ပီကေးပေါ့။ သူက ဂန္ထဝင်တစ်ယောက်ပါ ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

သူတို႔အသင္းကို ခရစၥတီယန္ဆန္ ဘယ္ေလာက္လာခ်င္ခဲ့သလဲဆိုတာ ဘာစီလိုနာက ဂုဏ္ယူဝံ့ႂကြားစြာ ေဖၚထုတ္လာခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ ဒိန္းမတ္ေနာက္ခံလူဟာ

ခ်ဲလ္ဆီးမွာ ၁၀ ႏွစ္ၾကာကစားခဲ့တဲ့ေနာက္ စာခ်ဳပ္ျပည့္ခ်ိန္မွာ ဘာစီလိုနာကို အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။ ကက္တာလန္ကလပ္နဲ႔ ၄ ႏွစ္စာခ်ဳပ္ခဲ့တာျဖစ္ၿပီး စာခ်ဳပ္ဖ်က္ေၾကး

ေပါင္ သန္း ၄၂၀ ေလာက္ ထည့္ခ်ဳပ္ခဲ့တယ္လို႔ သိရပါတယ္။ ကစားသမားသစ္မိတ္ဆက္ပြဲမွာေတာ့ ခရစၥတီယန္ဆန္ဟာ ဘာစီလိုနာအမွတ္တံဆိပ္ကို ျမတ္ႏိုးစြာနမ္းရႈိက္ျပခဲ့ပါတယ္။

ဘာစီလိုနာဟာ ဒီပုံနဲ႔အတူ ခရစၥတီယန္ဆန္ ကေလးဘဝတုန္းက ေရးခဲ့တဲ့စာတိုေလးကိုပါ တြစ္တာမွာတင္ၿပီး အားလုံး အံ့အားသင့္ေအာင္လုပ္ခဲ့တာပါ။ အဲဒီတုန္းက ဒိန္းမတ္သားဟာ

အသက္ ၈ ႏွစ္သာရွိေသးၿပီး “ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားတစ္ေယာက္ ျဖစ္လာဖို႔နဲ႔ ဘာစီလိုနာအတြက္ကစားဖို႔က ကြၽန္ေတာ့္ရဲ႕အိပ္မက္ပါ ” လို႔ ခဲတံနဲ႔ ေရးထားတာျဖစ္ပါတယ္။

မိတ္ဆက္ပြဲမွာလည္း ခရစၥတီယန္ဆန္က “ ကြၽန္ေတာ္ ဂုဏ္ယူပါတယ္။ ဒါက အိပ္မက္ေတြ တကယ္ျဖစ္လာခဲ့တာပါ။ ကြၽန္ေတာ္ဟာ ၈ ႏွစ္သားကတည္းက ကိုယ္ျဖစ္ခ်င္တာကို ေရးသားခဲ့ပါတယ္။

အိပ္မက္ေတြအေကာင္အထည္ေဖာ္ႏိုင္တဲ့အတြက္ ေက်းဇူးတင္မိသလို အေကာင္းဆုံးေပးဆပ္သြားႏိုင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။ ဒီမွာက ၿပိဳင္ဆိုင္မႈေတြရွိေနပါတယ္။ ဒါကလည္း ျဖစ္သင့္တာပါပဲ။ ေနာက္တန္းမွာဆို ပီေကးေပါ့။ သူက ဂႏၴဝင္တစ္ေယာက္ပါ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။