ဘာစီလိုနာနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲအတွက် ယူနိုက်တက်အသင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပွဲထွက်လူစာရင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် Play off ဒုတိယ

အကျော့အဖြစ် ဘာစီလိုနာကို အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပြီး
ရှုံးထွက်(၁၆)သင်းအဆင့် တက်ခွင့်ရဖို့အတွက် မဖြစ်မနေအနိုင်ကစားဖို့
လိုအပ်ပါတယ်။

ပထမအကျော့၊ နူးကမ့်ပွဲတုန်းက ယူနိုက်တက်အသင်းဟာ (၂-၁)ဂိုးနဲ့
ဦးဆောင်နိုင်ခဲ့ပြီးမှ (၇၆)မိနစ်မှာ ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား
ရာဖင်ဟာက ချေပဂိုးသွင်းယူခဲ့တာကြောင့် (၂-၂)ဂိုးစီ သရေကျခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ မာစီယဲလ်၊ အဲရစ်ဆင်၊ ဗန်ဒီဘိခ်တို့ ဒဏ်ရာပြဿနာ
ရှိနေလို့ အခုပွဲကို လွဲချော်မှာဖြစ်ပေမယ့် ကျန်တဲ့အဓိက,ကစားသမားတွေ
ဒဏ်ရာ/ပွဲပယ်ပြစ်ဒဏ် ကင်းစင်နေတဲ့အတွက် ကစားသမားအစုံအလင်

ပါဝင်နိုင်မှာပါ။ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပထမအကျော့ပွဲကို လွဲချော်ခဲ့ကြတဲ့
ကွင်းလယ်လူ ဆာဘစ်ဇာ၊ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ အခု
ဒုတိယအကျော့ပွဲမှာ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။

ဂိုးသမားနေရာမှာတော့ ဒီဂီယာပဲ သေချာပေါက် ပွဲထွက်လာမှာဖြစ်ပြီး
ခံစစ်မှာ ပထမအကျော့တုန်းကလို လုခ်ရှောကို Centre Back အဖြစ်
ဗာရန်းနဲ့တွဲသုံးမလား . .ပုံမှန်အတိုင်း လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့ကို
ပွဲထွက်သုံးမလားဆိုတာ အဲရစ်တန်ဟက် ဆုံးဖြတ်ရမှာပါ။

ကွင်းလယ်မှာ အတွဲအဖက် သိပ်မမိသေးတဲ့ ဖရက်ဒ်နဲ့ ဆာဘစ်ဇာကို ပွဲထွက်ဖို့
မရှိဘဲ ကတ်စ်မဲရိုးကို အထိုင်ချပြီးတော့ ဖရက်ဒ် ဒါမှမဟုတ် ဆာဘစ်ဇာကို

တွဲသုံးဖို့ရှိပါတယ်။ တိုက်စစ်ပိုင်းမှာလည်း အပြောင်းအလဲကြီးကြီးမားမား
မရှိနိုင်ဘဲ ဗက်ဟော့တ်ကို No 10 Role ဘရူနိုဖာနန်ဒက်စ် ညာခြမ်း၊ ရပ်ရှ်ဖို့ဒ်ကို
အထောင်တိုက်စစ် အသုံးပြုနိုင်ပြီး ဘယ်ခြမ်းမှာ ဆန်ချို ဒါမှမဟုတ်
ဂါနာချိုထဲက ဘယ်သူပွဲထွက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက်က မက်ဂွိုင်းယားနဲ့
အန်တိုနီတို့ အခုပွဲမှာ ပါဝင်ကစားဖို့ရှိပြီး မထင်မှတ်တဲ့အပြောင်းအလဲတချို့
လုပ်သွားဖို့ရှိတယ်လို့ အရိပ်အမြွက်ပြောခဲ့တာကြောင့် ဘာစီလိုနာကို

ကျော်ဖြတ်နိုင်အောင် ဘယ်လိုနည်းဗျူဟာတွေ ချမှတ်သွားမလဲဆိုတာ
စိတ်ဝင်စားစရာပါပဲ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ Play off ဒုတိယ
အေက်ာ့အျဖစ္ ဘာစီလိုနာကို အိမ္ကြင္းပြဲ လက္ခံကစားရမွာျဖစ္ၿပီး
ရႈံးထြက္(၁၆)သင္းအဆင့္ တက္ခြင့္ရဖို႔အတြက္ မျဖစ္မေနအႏိုင္ကစားဖို႔
လိုအပ္ပါတယ္။

ပထမအေက်ာ့၊ ႏူးကမ့္ပြဲတုန္းက ယူႏိုက္တက္အသင္းဟာ (၂-၁)ဂိုးနဲ႔
ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ (၇၆)မိနစ္မွာ ဘာစီလိုနာေတာင္ပံတိုက္စစ္ကစားသမား
ရာဖင္ဟာက ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ (၂-၂)ဂိုးစီ သေရက်ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းမွာ မာစီယဲလ္၊ အဲရစ္ဆင္၊ ဗန္ဒီဘိခ္တို႔ ဒဏ္ရာျပႆနာ
ရွိေနလို႔ အခုပြဲကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ က်န္တဲ့အဓိက,ကစားသမားေတြ

ဒဏ္ရာ/ပြဲပယ္ျပစ္ဒဏ္ ကင္းစင္ေနတဲ့အတြက္ ကစားသမားအစုံအလင္
ပါဝင္ႏိုင္မွာပါ။ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ ပထမအေက်ာ့ပြဲကို လြဲေခ်ာ္ခဲ့ၾကတဲ့
ကြင္းလယ္လူ ဆာဘစ္ဇာ၊ ေနာက္ခံလူ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ဟာ အခု
ဒုတိယအေက်ာ့ပြဲမွာ ပါဝင္ကစားႏိုင္မွာျဖစ္ပါတယ္။

ဂိုးသမားေနရာမွာေတာ့ ဒီဂီယာပဲ ေသခ်ာေပါက္ ပြဲထြက္လာမွာျဖစ္ၿပီး
ခံစစ္မွာ ပထမအေက်ာ့တုန္းကလို လုခ္ေရွာကို Centre Back အျဖစ္
ဗာရန္းနဲ႔တြဲသုံးမလား . .ပုံမွန္အတိုင္း လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ဗာရန္းတို႔ကို

ပြဲထြက္သုံးမလားဆိုတာ အဲရစ္တန္ဟက္ ဆုံးျဖတ္ရမွာပါ။

ကြင္းလယ္မွာ အတြဲအဖက္ သိပ္မမိေသးတဲ့ ဖရက္ဒ္နဲ႔ ဆာဘစ္ဇာကို ပြဲထြက္ဖို႔

မရွိဘဲ ကတ္စ္မဲ႐ိုးကို အထိုင္ခ်ၿပီးေတာ့ ဖရက္ဒ္ ဒါမွမဟုတ္ ဆာဘစ္ဇာကို
တြဲသုံးဖို႔ရွိပါတယ္။ တိုက္စစ္ပိုင္းမွာလည္း အေျပာင္းအလဲႀကီးႀကီးမားမား
မရွိႏိုင္ဘဲ ဗက္ေဟာ့တ္ကို No 10 Role ဘ႐ူႏိုဖာနန္ဒက္စ္ ညာျခမ္း၊ ရပ္ရွ္ဖို႔ဒ္ကို
အေထာင္တိုက္စစ္ အသုံးျပဳႏိုင္ၿပီး ဘယ္ျခမ္းမွာ ဆန္ခ်ိဳ ဒါမွမဟုတ္
ဂါနာခ်ိဳထဲက ဘယ္သူပြဲထြက္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အဲရစ္တန္ဟက္က မက္ဂြိဳင္းယားနဲ႔
အန္တိုနီတို႔ အခုပြဲမွာ ပါဝင္ကစားဖို႔ရွိၿပီး မထင္မွတ္တဲ့အေျပာင္းအလဲတခ်ိဳ႕

လုပ္သြားဖို႔ရွိတယ္လို႔ အရိပ္အႁမြက္ေျပာခဲ့တာေၾကာင့္ ဘာစီလိုနာကို
ေက်ာ္ျဖတ္ႏိုင္ေအာင္ ဘယ္လိုနည္းဗ်ဴဟာေတြ ခ်မွတ္သြားမလဲဆိုတာ
စိတ္ဝင္စားစရာပါပဲ။