ဘာစီလိုနာဂန္ထဝင် ရော်နယ်ဒင်ဟိုထက် နေမာက ပိုကောင်းတယ်ဆိုပြီး ပွဲရှာလိုက်တဲ့ ပရိသတ်

ဘာစီလိုနာ တိုက်စစ်မှူးဟောင်းတွေဖြစ်ကြတဲ့ ရော်နယ်ဒင်ဟိုနဲ့ နေမာတို့ အကြား စွမ်းဆောင်ရည် ဘယ်သူပိုကောင်းလဲဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေဟာ ဘရာဇီးပရိသတ်တွေကြားမှာရော ဘာစီလိုနာ ပရိသတ်တွေကြားမှာပါ အမြဲလိုလို ရှိခဲ့ပါတယ်။ အမှန်တော့ အိုလံပစ်မီးရှူးတိုင်စကားနဲ့ ပြောရမယ် ဆိုရင်တော့

ရော်နယ်ဒင်ဟိုလက်ထဲက မီးရှူးတိုင်ကိုနေမာက လက်ဆင့်ကမ်းပြီး ယနေ့ခေတ်ဆီ သယ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။ R10 ဆိုတဲ့ သင်္ကေတကို မြင်လိုက်တာနဲ့ မျက်နှာပေါ်မှာ ဝင်းပတဲ့ အပြုံးပန်းတွေနဲ့အတူ ဘောလုံးအနုပညာနဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံးကစားသမားဖြစ်သလို အရင်တုန်းက

ဘယ်သူဘယ်ဝါမှ လုပ်မပြဖူးခဲ့တဲ့ ဘောလုံးအလှတရားတွေကို ကွင်းထဲမှာ လုပ်ပြနေခဲ့တဲ့ ရော်နယ်ဒင်ဟိုကို လူတိုင်း ပြေးမြင်ကြပါတယ်။ သူ့ရဲ့ အလိမ်အခေါက်၊ ဘောလုံးအထိန်းအသိမ်း၊ ယိမ်းနွဲ့လှုပ်ရှားမှုတို့အပြင် အလှအပရသတရားတွေကြောင့် ၂၀၀၅ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုကို

ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ @neyholic လို့ အမည်ရတဲ့ တွစ် တာအသုံးပြုသူတစ်ယောက်ကတော့ နေမာဟာ ရော်နယ်ဒင်ဟိုထက်ပို ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုပြီး နေမာရဲ့ ဘောလုံးကျွမ်း ကျင်မှုတွေကို အထူးတည်းဖြတ်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ တွစ်တာမှာ တင်ခဲ့ပါတယ်။

ကြာမြင့်ချိန် ၆ မိနစ်စာရှိတဲ့ အဲဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူက ၁ ဒသမ ၇ သန်း တောင် ရှိခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ ဗီဒီယိုကို ပြန်လည်ဝေမျှပြီး အကန်ပြောထားတဲ့ သူတွေလည်း အများကြီးရှိတာကို တွေ့ခဲ့ရပါတယ်။ အများစုကတော့ ရော်နယ်ဒင်ဟိုဟာ ဘောလုံးပေးပို့မှုနဲ့ ကျွမ်းကျင်မှုအပိုင်း မှာ ဆရာတစ်ဆူဖြစ်တာကြောင့်

နေမာလို အဆင့်မျိုးနဲ့ မခိုင်းနှိုင်းသင့်ဘူးလို့ ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ ဘာစီလိုနာအတွက်ရော ပီအက်စ်ဂျီအတွက်ပါ ကစားပေးခဲ့ဖူးတဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်း ဂူလီကတော့ ဒီကစား သမားနှစ်ယောက်စလုံးမှာ သူ့အားသာချက်နဲ့ သူရှိပြီး အားနည်းချက်ကတော့ နှစ်ယောက်စလုံးဟာ

ဒီထက်ပိုကောင်းတဲ့ အဆင့်မျိုးကို ရောက်ဖို့အတွက် ကြိုးစားအားထုတ်မှု မရှိခဲ့ဘူးလို့ နှိုင်းယှဉ်သွားခဲ့ပါတယ်။ ‘’ကစားသမားဘ၀ အဆင့်အတန်းတစ်ခုအနေနဲ့ ရော်နယ်ဒင်ဟိုနဲ့ နေမာတို့ကို ကျွန်တော် နှိုင်းယှဉ်ပါတော့မယ်။ သူတို့ဟာ အရာအားလုံး ပြည့်စုံပါတယ်။

ဒါပေမဲ့ နောက် ထပ်ပိုမြင့်တဲ့အဆင့်ရောက်အောင်တော့ သူတို့ မကြိုးစားခဲ့ကြပါဘူး’’ လို့ ဂူလီ က သုံးသပ်သွားခဲ့ပါတယ်။ ဘာပဲပြောပြော ရော်နယ်ဒင်ဟိုနဲ့ နေမာကို အခြေတည်ပြီး ပွဲရှာလိုက်တဲ့ ပရိသတ်တစ်ယောက်ကြောင့် တွစ်တာပေါ်မှာ ပွဲဖြစ် နေတာတော့ အမှန်ပါပဲ။

(zawgyi)

ဘာစီလိုနာ တိုက္စစ္မႉးေဟာင္းေတြျဖစ္ၾကတဲ့ ေရာ္နယ္ဒင္ဟိုနဲ႔ ေနမာတို႔ အၾကား စြမ္းေဆာင္ရည္ ဘယ္သူပိုေကာင္းလဲဆိုတဲ့ ေဆြးေႏြးျငင္းခုံမႈေတြဟာ ဘရာဇီးပရိသတ္ေတြၾကားမွာေရာ ဘာစီလိုနာ ပရိသတ္ေတြၾကားမွာပါ အၿမဲလိုလို ရွိခဲ့ပါတယ္။ အမွန္ေတာ့

အိုလံပစ္မီးရႉးတိုင္စကားနဲ႔ ေျပာရမယ္ ဆိုရင္ေတာ့ ေရာ္နယ္ဒင္ဟိုလက္ထဲက မီးရႉးတိုင္ကိုေနမာက လက္ဆင့္ကမ္းၿပီး ယေန႔ေခတ္ဆီ သယ္ေဆာင္လာခဲ့တာပဲ ျဖစ္ပါတယ္။ R10 ဆိုတဲ့ သေကၤတကို ျမင္လိုက္တာနဲ႔ မ်က္ႏွာေပၚမွာ ဝင္းပတဲ့ အၿပဳံးပန္းေတြနဲ႔အတူ ေဘာလုံးအႏုပညာနဲ႔

ေဖ်ာ္ေျဖမႈအေပးႏိုင္ဆုံးကစားသမားျဖစ္သလို အရင္တုန္းက ဘယ္သူဘယ္ဝါမွ လုပ္မျပဖူးခဲ့တဲ့ ေဘာလုံးအလွတရားေတြကို ကြင္းထဲမွာ လုပ္ျပေနခဲ့တဲ့ ေရာ္နယ္ဒင္ဟိုကို လူတိုင္း ေျပးျမင္ၾကပါတယ္။ သူ႔ရဲ႕ အလိမ္အေခါက္၊ ေဘာလုံးအထိန္းအသိမ္း၊ ယိမ္းႏြဲ႕လႈပ္ရွားမႈတို႔အျပင္

အလွအပရသတရားေတြေၾကာင့္ ၂၀၀၅ ခုႏွစ္မွာ ကမာၻ႔အေကာင္းဆုံး ေဘာလုံး သမားဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ @neyholic လို႔ အမည္ရတဲ့ တြစ္ တာအသုံးျပဳသူတစ္ေယာက္ကေတာ့ ေနမာဟာ ေရာ္နယ္ဒင္ဟိုထက္ပို ေကာင္းတဲ့ ကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုၿပီး ေနမာရဲ႕

ေဘာလုံးကြၽမ္း က်င္မႈေတြကို အထူးတည္းျဖတ္ထားတဲ့ ဗီဒီယိုဖိုင္တစ္ခုနဲ႔အတူ တြစ္တာမွာ တင္ခဲ့ပါတယ္။ ၾကာျမင့္ခ်ိန္ ၆ မိနစ္စာရွိတဲ့ အဲဒီဗီဒီယိုဖိုင္ကို ၾကည့္ရႈသူက ၁ ဒသမ ၇ သန္း ေတာင္ ရွိခဲ့တာပါ။ ဒါေပမဲ့ သူ႔ရဲ႕ ဗီဒီယိုကို ျပန္လည္ေဝမွ်ၿပီး အကန္ေျပာထားတဲ့ သူေတြလည္း အမ်ားႀကီးရွိတာကို

ေတြ႕ခဲ့ရပါတယ္။ အမ်ားစုကေတာ့ ေရာ္နယ္ဒင္ဟိုဟာ ေဘာလုံးေပးပို႔မႈနဲ႔ ကြၽမ္းက်င္မႈအပိုင္း မွာ ဆရာတစ္ဆူျဖစ္တာေၾကာင့္ ေနမာလို အဆင့္မ်ိဳးနဲ႔ မခိုင္းႏႈိင္းသင့္ဘူးလို႔ ေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဘာစီလိုနာအတြက္ေရာ ပီအက္စ္ဂ်ီအတြက္ပါ ကစားေပးခဲ့ဖူးတဲ့

ျပင္သစ္တိုက္စစ္မႉးေဟာင္း ဂူလီကေတာ့ ဒီကစား သမားႏွစ္ေယာက္စလုံးမွာ သူ႔အားသာခ်က္နဲ႔ သူရွိၿပီး အားနည္းခ်က္ကေတာ့ ႏွစ္ေယာက္စလုံးဟာ ဒီထက္ပိုေကာင္းတဲ့ အဆင့္မ်ိဳးကို ေရာက္ဖို႔အတြက္ ႀကိဳးစားအားထုတ္မႈ မရွိခဲ့ဘူးလို႔ ႏႈိင္းယွဥ္သြားခဲ့ပါတယ္။ ‘’ကစားသမားဘ၀ အဆင့္အတန္းတစ္ခုအေနနဲ႔

ေရာ္နယ္ဒင္ဟိုနဲ႔ ေနမာတို႔ကို ကြၽန္ေတာ္ ႏႈိင္းယွဥ္ပါေတာ့မယ္။ သူတို႔ဟာ အရာအားလုံး ျပည့္စုံပါတယ္။ ဒါေပမဲ့ ေနာက္ ထပ္ပိုျမင့္တဲ့အဆင့္ေရာက္ေအာင္ေတာ့ သူတို႔ မႀကိဳးစားခဲ့ၾကပါဘူး’’ လို႔ ဂူလီ က သုံးသပ္သြားခဲ့ပါတယ္။ ဘာပဲေျပာေျပာ ေရာ္နယ္ဒင္ဟိုနဲ႔ ေနမာကို အေျခတည္ၿပီး ပြဲရွာလိုက္တဲ့ ပရိသတ္တစ္ေယာက္ေၾကာင့္ တြစ္တာေပၚမွာ ပြဲျဖစ္ ေနတာေတာ့ အမွန္ပါပဲ။