ဘာစီလိုနာက ၆ ဂိုးသွင်းသွားတာကို ကျေနပ်နေတဲ့ဖီးလ်နဗီးလ်ရဲ့ တစ်နေ့စာအလွဲများ

မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီနည်းပြ ဖီးလ်နဗီးလ်ကတော့ ပရိသတ်တွေမေတ္တာပို့တာ ခံနေရပါတယ်။ မိုင်ယာမီဟာ ဘာစီလိုနာကိုဖိတ်ခေါ်ခြေစမ်းခဲ့ပြီး ၆-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဘာစီလိုနာလိုအသင်းကိုရှုံးတာ ပြောစရာမရှိပေမယ့် ဂိုးဒါဇင်ဝက်အသွင်းခံရတာနဲ့ နဗီးလ်ရဲ့ကစားသမားရွေးချယ်မှုအပေါ် ပရိသတ်တွေ မကျေမနပ်ဖြစ်နေကြတာပါ။

အကြောင်းကတော့ သူ့ရဲ့သားဟာဗေးနဲ့ အသင်းပိုင်ရှင်ဒေးဗစ်ဘက်ခမ်းရဲ့သား ရိုမီယိုတို့ကို ပွဲထုတ်သွားခဲ့လို့ပါပဲ။ ဒုတိယပိုင်းအစမှာ ဟာဗေးကိုလူစားဝင်ခွင့်ပေးခဲ့သလို

ပွဲပြီးကာနီးမှာ ရိုမီယိုကို ထည့်သွင်းကစားစေခဲ့တာဖြစ်ပါတယ်။ နည်းဗျူဟာမရှိ၊ ခြေစွမ်းလည်းမပြနိုင်ရတဲ့ကြားမှာ ကိုယ်ကျိုးကြည့်သွားတာလို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။

ရှက်စရာကောင်းတဲ့လုပ်ရပ်၊ နဗီးလ်ကိုထုတ်လိုက်ပါ၊ အတွေ့အကြုံလာယူမနေနဲ့ စတဲ့အသံတွေလည်း ညံသွားခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေကို မန်ယူကစားသမားဟောင်း ပြန်ရှင်းတော့မှ ပိုဆိုးသွားခဲ့တာပါ။

နဗီးလ်ပြောပုံကလည်း ငိုအားထက်ရယ်အားသန်စရာပါပဲ။ “ ဒီကလေးနှစ်ယောက် ကစားဖို့သင့်တော်ရဲ့လားလို့ မေးခွန်းထုတ်နေကြပေမယ့် ကျွန်တော်ကတော့ အဆင်သင့်ဖြစ်နေကြပြီလို့ထင်ပါတယ်။

ဒီအခွင့်အရေးက သူတို့နဲ့ထိုက်တန်ပါတယ်။ အသင်းက တစ်ခြားလူငယ်တွေအတွက်လည်း တန်ဖိုးရှိတဲ့ညဖြစ်ခဲ့တာပါ။ ဘာစီလိုနာကိုတော့ သွားမပြောနဲ့လေ။

ဘောလုံးပိုင်ဆိုင်မှု အသာစီးယူထားတာ ခင်ဗျားတို့လည်းအမြင်ပဲ။ သူတို့ ၆-၀ ဂိုးနဲ့ ထိန်းကစားသွားတာပဲ ကျွန်တော်တို့အတွက် တကယ့်ကိုအဆင်ပြေခဲ့တာပါ ” လို့ နဗီးလ်က တုံ့ပြန်ခဲ့ပါသတဲ့။

(zawgyi)

ေမဂ်ာလိဂ္ကလပ္အင္တာမိုင္ယာမီနည္းျပ ဖီးလ္နဗီးလ္ကေတာ့ ပရိသတ္ေတြေမတၱာပို႔တာ ခံေနရပါတယ္။ မိုင္ယာမီဟာ ဘာစီလိုနာကိုဖိတ္ေခၚေျခစမ္းခဲ့ၿပီး ၆-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။

ဘာစီလိုနာလိုအသင္းကိုရႈံးတာ ေျပာစရာမရွိေပမယ့္ ဂိုးဒါဇင္ဝက္အသြင္းခံရတာနဲ႔ နဗီးလ္ရဲ႕ကစားသမားေ႐ြးခ်ယ္မႈအေပၚ ပရိသတ္ေတြ မေက်မနပ္ျဖစ္ေနၾကတာပါ။

အေၾကာင္းကေတာ့ သူ႔ရဲ႕သားဟာေဗးနဲ႔ အသင္းပိုင္ရွင္ေဒးဗစ္ဘက္ခမ္းရဲ႕သား ႐ိုမီယိုတို႔ကို ပြဲထုတ္သြားခဲ့လို႔ပါပဲ။ ဒုတိယပိုင္းအစမွာ ဟာေဗးကိုလူစားဝင္ခြင့္ေပးခဲ့သလို ပြဲၿပီးကာနီးမွာ ႐ိုမီယိုကို

ထည့္သြင္းကစားေစခဲ့တာျဖစ္ပါတယ္။ နည္းဗ်ဴဟာမရွိ၊ ေျခစြမ္းလည္းမျပႏိုင္ရတဲ့ၾကားမွာ ကိုယ္က်ိဳးၾကည့္သြားတာလို႔ ပရိသတ္ေတြက ေဝဖန္ခဲ့ၾကတာပါ။ ရွက္စရာေကာင္းတဲ့လုပ္ရပ္၊ နဗီးလ္ကိုထုတ္လိုက္ပါ၊

အေတြ႕အႀကဳံလာယူမေနနဲ႔ စတဲ့အသံေတြလည္း ညံသြားခဲ့ပါတယ္။ ဒီလိုေဝဖန္မႈေတြကို မန္ယူကစားသမားေဟာင္း ျပန္ရွင္းေတာ့မွ ပိုဆိုးသြားခဲ့တာပါ။ နဗီးလ္ေျပာပုံကလည္း ငိုအားထက္ရယ္အားသန္စရာပါပဲ။

“ ဒီကေလးႏွစ္ေယာက္ ကစားဖို႔သင့္ေတာ္ရဲ႕လားလို႔ ေမးခြန္းထုတ္ေနၾကေပမယ့္ ကြၽန္ေတာ္ကေတာ့ အဆင္သင့္ျဖစ္ေနၾကၿပီလို႔ထင္ပါတယ္။ ဒီအခြင့္အေရးက သူတို႔နဲ႔ထိုက္တန္ပါတယ္။

အသင္းက တစ္ျခားလူငယ္ေတြအတြက္လည္း တန္ဖိုးရွိတဲ့ညျဖစ္ခဲ့တာပါ။ ဘာစီလိုနာကိုေတာ့ သြားမေျပာနဲ႔ေလ။ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးယူထားတာ ခင္ဗ်ားတို႔လည္းအျမင္ပဲ။ သူတို႔ ၆-၀ ဂိုးနဲ႔ ထိန္းကစားသြားတာပဲ ကြၽန္ေတာ္တို႔အတြက္ တကယ့္ကိုအဆင္ေျပခဲ့တာပါ ” လို႔ နဗီးလ္က တုံ႔ျပန္ခဲ့ပါသတဲ့။