ဘာစီလိုနာကို လစာကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဖို့ ဒီဂျောင်ကို ဂယ်ရီနဗီးလ် ချွန်တွန်းလုပ်

လစာမပေးတာနဲ့ပတ်သက်ပြီး ဘာစီလိုနာကို တရားစွဲဖို့ ဒီဂျောင်ကို ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ နယ်သာလန်ကွင်းလယ်လူကို

ပြောင်းရွှေ့ကြေး ပေါင် ၇၁.၅ သန်းနဲ့ခေါ်ယူဖို့ ဘာစီလိုနာနဲ့သဘောတူညီမှုရပြီးသားပါ။ ဒါပေမဲ့ အပြောင်းအရွှေ့ကတော့ အခုထိ အပြီးမသတ်နိုင်သေးပါဘူး။

ကစားသမားကိုယ်တိုင်က နူးကမ့်ကနေမထွက်ချင်ဘူးလို့ သတင်းထွက်နေပေမယ့် ဘာစီလိုနာရဲ့အကြွေးတွေ လည်ပင်းခိုက်နေတဲ့ပြဿနာလည်း ပါနေပါတယ်။ အသက် ၂၅ နှစ်အရွယ်

နယ်သာလန်သားဟာ ကက်တာလန်ကလပ်ဆီက ပေါင် ၁၇ သန်း အကြွေးရဖို့ရှိနေတယ်လို့ သတင်းထွက်နေတာပါ။ လက်ရှိအသင်းသားတွေကို ပေးချေရမယ့်

လစာအကြွေး ပေါင် သန်းနဲ့ချီရှိနေပေမယ့် လီဝမ်ဒေါစကီးနဲ့ရာဖင်ဟာတို့လို ကစားသမားသစ်တွေ ထပ်မံခေါ်ယူနေတဲ့ ဘာစီလိုနာရဲ့လုပ်ရပ်ကို နဗီးလ် စိတ်ပျက်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် “ ဒီဂျောင်ဟာ ဘာစီလိုနာကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ စဉ်းစားသင့်သလို ကစားသမားအားလုံးကလည်း သူ့နောက်မှာရှိသင့်ပါတယ်။

စာချုပ်ထားတဲ့ကစားသမားတွေကို လစာမပေးဘဲ ကစားသမားသစ်တွေဝယ်နေတာဟာ အကျင့်ပျက်မှုဖြစ်သလို ချိုးဖောက်မှုလည်းဖြစ်ပါတယ်။

FIFPRO အနေနဲ့လည်း ဒီလိုအနိုင်ကျင့်မှုတွေကို ရပ်တန့်သင့်ပါတယ် ” လို့ မန်ယူဂန္ထဝင်နောက်ခံလူက တွစ်တာမှာရေးသားထားတာပါ။

(zawgyi)

လစာမေပးတာနဲ႔ပတ္သက္ၿပီး ဘာစီလိုနာကို တရားစြဲဖို႔ ဒီေဂ်ာင္ကို ဂယ္ရီနဗီးလ္က တိုက္တြန္းလိုက္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ နယ္သာလန္ကြင္းလယ္လူကို

ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၁.၅ သန္းနဲ႔ေခၚယူဖို႔ ဘာစီလိုနာနဲ႔သေဘာတူညီမႈရၿပီးသားပါ။ ဒါေပမဲ့ အေျပာင္းအေ႐ႊ႕ကေတာ့ အခုထိ အၿပီးမသတ္ႏိုင္ေသးပါဘူး။ ကစားသမားကိုယ္တိုင္က

ႏူးကမ့္ကေနမထြက္ခ်င္ဘူးလို႔ သတင္းထြက္ေနေပမယ့္ ဘာစီလိုနာရဲ႕အေႂကြးေတြ လည္ပင္းခိုက္ေနတဲ့ျပႆနာလည္း ပါေနပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ နယ္သာလန္သားဟာ

ကက္တာလန္ကလပ္ဆီက ေပါင္ ၁၇ သန္း အေႂကြးရဖို႔ရွိေနတယ္လို႔ သတင္းထြက္ေနတာပါ။ လက္ရွိအသင္းသားေတြကို ေပးေခ်ရမယ့္ လစာအေႂကြး ေပါင္ သန္းနဲ႔ခ်ီရွိေနေပမယ့္

လီဝမ္ေဒါစကီးနဲ႔ရာဖင္ဟာတို႔လို ကစားသမားသစ္ေတြ ထပ္မံေခၚယူေနတဲ့ ဘာစီလိုနာရဲ႕လုပ္ရပ္ကို နဗီးလ္ စိတ္ပ်က္ေနတာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ “ ဒီေဂ်ာင္ဟာ ဘာစီလိုနာကို

ဥပေဒေၾကာင္းအရ ရင္ဆိုင္ဖို႔ စဥ္းစားသင့္သလို ကစားသမားအားလုံးကလည္း သူ႔ေနာက္မွာရွိသင့္ပါတယ္။ စာခ်ဳပ္ထားတဲ့ကစားသမားေတြကို လစာမေပးဘဲ ကစားသမားသစ္ေတြဝယ္ေနတာဟာ

အက်င့္ပ်က္မႈျဖစ္သလို ခ်ိဳးေဖာက္မႈလည္းျဖစ္ပါတယ္။ FIFPRO အေနနဲ႔လည္း ဒီလိုအႏိုင္က်င့္မႈေတြကို ရပ္တန႔္သင့္ပါတယ္ ” လို႔ မန္ယူဂႏၴဝင္ေနာက္ခံလူက တြစ္တာမွာေရးသားထားတာပါ။