ဘာစီလိုနာကို ငယ်နိုင်ပါဆိုတဲ့အထာနဲ့ မခိုးမခန့်ပြုံးမိလို့ အိုလီဗာခန်းကြီး ပြန်ရှင်းရပြီ

ဒီနှစ် ချန်ပီယံလိဂ်အုပ်စုမှာ ဘာစီလိုနာနဲ့အတူကျတယ်ဆိုတာ သိလိုက်ရချိန်မှာ ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် အထင်သေးစွာပြုံးလိုက်တာကို မီဒီယာတွေက အမိအရမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ အင်တာမီလန်ပါဝင်နေတဲ့

အုပ်စု C မှာ အတူကျနေပြီး အားလုံးက မရဏအုပ်စုလို့တင်စားနေကြတာပါ။ ဒါပေမဲ့ ဘာစီလိုနာကို ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရထားတာကြောင့် ဂျာမန်ဂိုးသမားဟောင်းကြီး ဟန်မဆောင်နိုင်လောက်အောင်ဖြစ်ခဲ့တာလို့ ဝေဖန်နေကြပါတယ်။

အထူးသဖြင့် စပိန်မီဒီယာတွေပါပဲ။ အိုလီဗာခန်းရဲ့အပြုအမူဟာ လူကြီးလူကောင်းမဆန်ဘူးလို့ ဆော်နေကြတာပါ။ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီတုန်းက ကွာတားဖိုင်နယ်မှာ

ဘာစီလိုနာကို ၈-၂ ဂိုးနဲ့ အရှက်ခွဲခဲ့ဖူးပါတယ်။ ဒါ့အပြင် ၁၃ ကြိမ်ရင်ဆိုင်ခဲ့ရာမှာ ၉ ပွဲအထိ အနိုင်ရထားသလို ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ၄ ကြိမ်လုံး အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ အိုလီဗာခန်းကတော့ သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး

ဂျာမနီနာမည်ကြီးသတင်းစာ Bild နဲ့အင်တာဗျူးမှာ “ အပြင်မှာပြောနေကြတာတွေနဲ့ ကျွန်တော့်ရဲ့ဆိုလိုရင်းက တခြားစီပါ။ လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်ကမှ ကျွန်တော်တို့ဆီကနေ ထွက်သွားခဲ့တယ်။

အခု ကျွန်တော်တို့နဲ့ပြန်ဆုံရတော့မှာကြောင့် ဘောလုံးရဲ့ဆန်းကြယ်မှုကိုတွေးမိပြီး ပြုံးခဲ့တာပါ။ ဘာစီလိုနာကို မလေးမစားလုပ်တာ မဟုတ်ပါဘူး။ သူတို့ကိုရော လီဝမ်ဒေါစကီးကိုပါ ကျွန်တော်လေးစားပါတယ် ” လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

ပရိသတ်တစ်ချို့ကတော့ ဒါဟာ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ကာတာပါလို့ ယူဆနေကြပါတယ်။ ဘိုင်ယန်အသင်းဖော်ဟောင်း မူလာကလည်း “ မစ္စတာ လီဝမ်ဒေါစကီး။ မြူးနစ်မှာ ပြန်ဆုံကြတာပေါ့။ မင်းနဲ့ပြန်တွေ့မှာကို ငါစောင့်နေမယ် ” လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

(zawgyi)

ဒီႏွစ္ ခ်န္ပီယံလိဂ္အုပ္စုမွာ ဘာစီလိုနာနဲ႔အတူက်တယ္ဆိုတာ သိလိုက္ရခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အမႈေဆာင္ခ်ဳပ္ အထင္ေသးစြာၿပံဳးလိုက္တာကို မီဒီယာေတြက အမိအရမွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဒီႏွစ္သင္းဟာ အင္တာမီလန္ပါ၀င္ေနတဲ့ အုပ္စု C မွာ

အတူက်ေနၿပီး အားလံုးက မရဏအုပ္စုလို႔တင္စားေနၾကတာပါ။ ဒါေပမဲ့ ဘာစီလိုနာကို ထိပ္တိုက္ေတြ႔ဆံုမႈမွာ အသာရထားတာေၾကာင့္ ဂ်ာမန္ဂိုးသမားေဟာင္းႀကီး ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ျဖစ္ခဲ့တာလို႔

ေ၀ဖန္ေနၾကပါတယ္။ အထူးသျဖင့္ စပိန္မီဒီယာေတြပါပဲ။ အိုလီဗာခန္းရဲ႕အျပဳအမူဟာ လူႀကီးလူေကာင္းမဆန္ဘူးလို႔ ေဆာ္ေနၾကတာပါ။ ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီတုန္းက

ကြာတားဖိုင္နယ္မွာ ဘာစီလိုနာကို ၈-၂ ဂိုးနဲ႔ အရွက္ခြဲခဲ့ဖူးပါတယ္။ ဒါ့အျပင္ ၁၃ ႀကိမ္ရင္ဆိုင္ခဲ့ရာမွာ ၉ ပြဲအထိ အႏိုင္ရထားသလို ၂၀၁၄-၁၅ ရာသီေနာက္ပိုင္း ၄ ႀကိမ္လံုး အႏိုင္ရခဲ့တာပါ။ ဒါေပမဲ့ အိုလီဗာခန္းကေတာ့ သူ႔ရဲ႕အျပဳအမူနဲ႔ပတ္သက္ၿပီး

ဂ်ာမနီနာမည္ႀကီးသတင္းစာ Bild နဲ႔အင္တာဗ်ဴးမွာ “ အျပင္မွာေျပာေနၾကတာေတြနဲ႔ ကၽြန္ေတာ့္ရဲ႕ဆိုလိုရင္းက တျခားစီပါ။ လီ၀မ္ေဒါစကီးဟာ ၿပီးခဲ့တဲ့သီတင္းပတ္အနည္းငယ္ကမွ ကၽြန္ေတာ္တို႔ဆီကေန ထြက္သြားခဲ့တယ္။

အခု ကၽြန္ေတာ္တို႔နဲ႔ျပန္ဆံုရေတာ့မွာေၾကာင့္ ေဘာလံုးရဲ႕ဆန္းၾကယ္မႈကိုေတြးမိၿပီး ၿပံဳးခဲ့တာပါ။ ဘာစီလိုနာကို မေလးမစားလုပ္တာ မဟုတ္ပါဘူး။ သူတို႔ကိုေရာ လီ၀မ္ေဒါစကီးကိုပါ ကၽြန္ေတာ္ေလးစားပါတယ္ ” လို႔ ျပန္လည္ေျဖရွင္းသြားခဲ့ပါတယ္။

ပရိသတ္တစ္ခ်ိဳ႔ကေတာ့ ဒါဟာ မိုးႀကိဳးပစ္တာကို ထန္းလ်က္နဲ႔ကာတာပါလို႔ ယူဆေနၾကပါတယ္။ ဘိုင္ယန္အသင္းေဖာ္ေဟာင္း မူလာကလည္း “ မစၥတာ လီ၀မ္ေဒါစကီး။ ျမဴးနစ္မွာ ျပန္ဆံုၾကတာေပါ့။ မင္းနဲ႔ျပန္ေတြ႔မွာကို ငါေစာင့္ေနမယ္ ” လို႔ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့ပါတယ္။