ဘာကာ ဂိုးပြတ်နိုင်ပွဲနောက်ကွယ်က ကံကောင်းခြင်းနတ်သမီး
ပြီးခဲ့တဲ့တစ်ပတ်က ရီးယဲလ်နဲ့ဘာစီလိုနာအသင်းတို့ရဲ့ El Clasico ပွဲမှာ
ဘာစီလိုနာအသင်းက အိမ်ရှင်ပရိသတ်ရှေ့မှာမှာပဲ ရီးယဲလ်အသင်းကို
(၄-ဝ)ဂိုးပြတ်အနိုင်ရခဲ့တာ အားလုံးအသိပါပဲ။ ဒီနိုင်ပွဲဟာ ဘာစီလိုနာ
အသင်းနဲ့နည်းပြဇာဗီတို့အတွက် ချိုမြိန်တဲ့အောင်ပွဲဖြစ်ခဲ့ပြီး အဲဒီအတွက်
သူတို့ကျေးဇူးတင်ရမယ့်လူတစ်ယောက်ရှိနေပါသေးတယ်။
သူကတော့ ‘TikTok ဘုရင်မ’လို့သတ်မှတ်ရမယ့် အက်ဒီဆင်ရီးဆိုသူ
နတ်သမီးလေးပါပဲ။ အသက်(၂၁)နှစ်သာရှိသေးတဲ့ အမေရိကန်လူမျိုး
လှပျိုဖြူလေးအက်ဒီဆင်ရီးဟာ အွန်လိုင်းပေါ်မှာ
TikTok တွေဆော့ရင်း လူကြိုက်များလာတဲ့ အချောအလှလေးဖြစ်သလို
Followers အရေအတွက်စုစုပေါင်း သန်း(၈၀)အထိရှိနေတာလည်းဖြစ်ပါတယ်။
အက်ဒီဆင်ရီးဟာ El Clasico ပွဲကို ကိုယ်တိုင်ကိုယ်ကျလာရောက်ကြည့်ရှုခဲ့ပြီး
ပွဲမတိုင်ခင် ဘာစီလိုနာဂျာစီဝတ်ဆင်ပြီးတော့ ဧည့်သည်အသင်းဘက်ကနေ
အားပေးခဲ့တဲ့အပြင် ဘာစီလိုနာအသင်းကလည်း ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာကြောင့်
အက်ဒီဆင်ရီးအတွက် ကျေနပ်စရာပါပဲ။ ပွဲမစခင် ကွင်းရှေ့မှာ အက်ဒီဆင်ရီး
ဘာစီလိုနာဂျာစီဝတ်ဆင်နေတဲ့ရုပ်သံဖိုင်ကို ဘာစီလိုနာအသင်းက သူတို့
Twitter Account မှာ Post တင်ခဲ့ပြီး ‘ကျွန်တော်တို့ရဲ့ ကံကောင်းခြင်းလက်ဆောင်က
အက်ဒီဆင်ရီးပါပဲ’လို့ Caption ရေးသားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ
အက်ဒီဆင်ရီး လာကြည့်တဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့အပြင် အသင်းရဲ့
Good Luck Charm အဖြစ်သတ်မှတ်ထားတာကြောင့်
လာမယ့်ပွဲတွေကျရင်လည်း အက်ဒီဆင်ရီးကို ပွဲလာကြည့်ဖို့
ဖိတ်ဦးမလားဆိုတာစိတ်ဝင်စားစရာပါပဲ . . .
zawgyi