ဘာကာနောက်ခံလူ အယ်လ်ဘာရဲ့ ဒေါသကြောင့် ပွက်လောရိုက်သွားခဲ့ရတဲ့ ဂါလာတာစာရေးအသင်း

ဘာစီလိုနာအသင်းနောက်ခံလူ ဂျော်ဒီအယ်လ်ဘာ ဟာဂါလာတာစာရေးနဲ့ပွဲမှာ

ပစ္စည်းမျိုးစုံနဲ့ပစ်ပေါက်ခံရမှုကို ဒေါသထွက်ပြီး ပရိသတ်တွေဘက်ကို

ဘောလုံးနဲ့ကန်ခဲ့တာကြောင့် ဂါလာတာစာရေးကွင်းတစ်ခုလုံး

ဆူညံပွက်လောရိုက်သွားရတယ်လို့ သိရပါတယ်။

ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲမှာ

ဘာစီလိုနာက ၂-၁ နဲ့အနိုင်ရပြီး နှစ်ပွဲပေါင်းရလဒ် ၂-၁ နဲ့နောက်တစ်ဆင့်ကို

တက်ရောက်သွားခဲ့ပါတယ်။ ပွဲချိန် ၈၅ မိနစ်မှာ အယ်လ်ဘာ ဟာ

လက်ပစ်ဘောမြှောက်ဖို့အတွက် ကွင်းဘေးစည်းနားကနေလျှောက်လာပြီး

ဘောလုံးပစ်ဖို့ပြင်ဆင်နေချိန်မှာ ဂါလာတာစာရေးပရိသတ်တွေက

သူ့ကိုပစ္စည်းမျိုးစုံနဲ့ပစ်ပေါက်ခဲ့ကြတာပါ။ ဒီအထဲမှာ ပလတ်စတစ်ဘူးတွေနဲ့

ရေပုလင်းတွေလည်းပါဝင်ခဲ့ပြီး အဲဒါတွေထဲကတစ်ခုက သူ့ကိုထိမှန်ခဲ့တဲ့အတွက်

အယ်လ်ဘာကဒေါသထွက်ပြီး ပရိသတ်တွေဘက်လှည့်ကာဘောလုံးနဲ့ကန်ခဲ့တာပါ။

ဒါကြောင့် ဂါလာတာစာရေးကွင်းထဲကပရိသတ်တွေ ဆူညံပွက်လောရိုက်

သွားတဲ့အပြင် ပြိုင်ဘက်ကစားသမားတွေကလည်း အယ်လ်ဘာ ကို

ထိပ်တိုက်တွေ့ဖို့လာကြတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရပါတယ်။

ဒါကြောင့်လည်း ပစ္စည်းတွေကို ဖယ်ရှားဖို့အတွက် ပွဲကိုမိနစ်အနည်းငယ်

ရပ်တန့်ခဲ့ရပြီး အယ်လ်ဘာလည်း အဝါကတ်ပြသတိပေးခံခဲ့ရပါတယ်။

သူ့ရဲ့လုပ်ရပ်က တွစ်တာပေါ်မှာလည်းပွက်လောရိုက်သွားစေခဲ့ပြီး

ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာစေခဲ့ပါတယ်။

တွစ်တာပေါ်မှာ” တစ်ကွင်းလုံးကိုပွက်လောရိုက်သွားစေတဲ့ အယ်လ်ဘာ”၊

” အားကစားသမားပီသတဲ့လုပ်ရပ်မဟုတ်တဲ့ အယ်လ်ဘာကို

ယူအီးအက်ဖ်အေကအရေးယူစမ်းပါ”၊ ”တစ်ချက်တည်းနဲ့ အားလုံးကို

ကိုင်လှုပ်လိုက်နိုင်တဲ့ အယ်လ်ဘာ” အစရှိသဖြင့်ရေးသားခဲ့ကြပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့ကိုယူအီးအက်ဖ်အေက အရေးယူမလားဆိုတာကို

မသိရသေးပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီကတော့ အခုလိုပွဲရှိန်တက်နေတဲ့

အခိုက်အတန့်မျိုးမှာဒါမျိုးကဖြစ်တတ်ပါတယ်လို့ ကစားသမားဘက်ကနေ

ကာကွယ်သွားခဲ့ပါတယ်။

zawgyi

ဘာကာေနာက္ခံလူ အယ္လ္ဘာရဲ႕ ေဒါသေၾကာင့္ ပြက္ေလာ႐ိုက္သြားခဲ့ရတဲ့ ဂါလာတာစာေရးအသင္း

ဘာစီလိုနာအသင္းေနာက္ခံလူ ေဂ်ာ္ဒီအယ္လ္ဘာ ဟာဂါလာတာစာေရးနဲ႔ပြဲမွာ

ပစၥည္းမ်ိဳးစုံနဲ႔ပစ္ေပါက္ခံရမႈကို ေဒါသထြက္ၿပီး ပရိသတ္ေတြဘက္ကို

ေဘာလုံးနဲ႔ကန္ခဲ့တာေၾကာင့္ ဂါလာတာစာေရးကြင္းတစ္ခုလုံး

ဆူညံပြက္ေလာ႐ိုက္သြားရတယ္လို႔ သိရပါတယ္။

ၾကာသပေတးေန႔ကက်င္းပခဲ့တဲ့ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ဒုတိယအေက်ာ့ပြဲမွာ

ဘာစီလိုနာက ၂-၁ နဲ႔အႏိုင္ရၿပီး ႏွစ္ပြဲေပါင္းရလဒ္ ၂-၁ နဲ႔ေနာက္တစ္ဆင့္ကို

တက္ေရာက္သြားခဲ့ပါတယ္။ ပြဲခ်ိန္ ၈၅ မိနစ္မွာ အယ္လ္ဘာ ဟာ

လက္ပစ္ေဘာေျမႇာက္ဖို႔အတြက္ ကြင္းေဘးစည္းနားကေနေလွ်ာက္လာၿပီး

ေဘာလုံးပစ္ဖို႔ျပင္ဆင္ေနခ်ိန္မွာ ဂါလာတာစာေရးပရိသတ္ေတြက

သူ႔ကိုပစၥည္းမ်ိဳးစုံနဲ႔ပစ္ေပါက္ခဲ့ၾကတာပါ။ ဒီအထဲမွာ ပလတ္စတစ္ဘူးေတြနဲ႔

ေရပုလင္းေတြလည္းပါဝင္ခဲ့ၿပီး အဲဒါေတြထဲကတစ္ခုက သူ႔ကိုထိမွန္ခဲ့တဲ့အတြက္

အယ္လ္ဘာကေဒါသထြက္ၿပီး ပရိသတ္ေတြဘက္လွည့္ကာေဘာလုံးနဲ႔ကန္ခဲ့တာပါ။

ဒါေၾကာင့္ ဂါလာတာစာေရးကြင္းထဲကပရိသတ္ေတြ ဆူညံပြက္ေလာ႐ိုက္

သြားတဲ့အျပင္ ၿပိဳင္ဘက္ကစားသမားေတြကလည္း အယ္လ္ဘာ ကို

ထိပ္တိုက္ေတြ႕ဖို႔လာၾကတာေၾကာင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ပစၥည္းေတြကို ဖယ္ရွားဖို႔အတြက္ ပြဲကိုမိနစ္အနည္းငယ္

ရပ္တန႔္ခဲ့ရၿပီး အယ္လ္ဘာလည္း အဝါကတ္ျပသတိေပးခံခဲ့ရပါတယ္။

သူ႔ရဲ႕လုပ္ရပ္က တြစ္တာေပၚမွာလည္းပြက္ေလာ႐ိုက္သြားေစခဲ့ၿပီး

ေဝဖန္မႈအမ်ိဳးမ်ိဳးထြက္ေပၚလာေစခဲ့ပါတယ္။

တြစ္တာေပၚမွာ” တစ္ကြင္းလုံးကိုပြက္ေလာ႐ိုက္သြားေစတဲ့ အယ္လ္ဘာ”၊

” အားကစားသမားပီသတဲ့လုပ္ရပ္မဟုတ္တဲ့ အယ္လ္ဘာကို

ယူအီးအက္ဖ္ေအကအေရးယူစမ္းပါ”၊ ”တစ္ခ်က္တည္းနဲ႔ အားလုံးကို

ကိုင္လႈပ္လိုက္ႏိုင္တဲ့ အယ္လ္ဘာ” အစရွိသျဖင့္ေရးသားခဲ့ၾကပါတယ္။

အခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သူ႔ကိုယူအီးအက္ဖ္ေအက အေရးယူမလားဆိုတာကို

မသိရေသးေပမယ့္ ဘာစီလိုနာနည္းျပ ဇာဗီကေတာ့ အခုလိုပြဲရွိန္တက္ေနတဲ့

အခိုက္အတန႔္မ်ိဳးမွာဒါမ်ိဳးကျဖစ္တတ္ပါတယ္လို႔ ကစားသမားဘက္ကေန

ကာကြယ္သြားခဲ့ပါတယ္။