ဘဝဆိုတာ စွန့်စားမှုတွေနဲ့ ဖြတ်သန်းနေရတာလို့ ဆိုတဲ့ ပေါ်တာရဲ့ စကားက ဘာကို ဆိုလိုချင်တာလဲ

ချဲလ်ဆီးအသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေ စလုပ်နေပြီဖြစ်တဲ့ နည်းပြဂရေဟမ်ပေါ်တာရဲ့ စကားတစ်ခွန်းကြောင့် ခြင်္သေ့ပြာတပ်သားတွေနဲ့ အတူ ပရီးမီးယားလိဂ် စစ်တလင်းမှာ ဘယ်လိုမျိုး အောင်မြေနင်းမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါပြီ။

လန်ဒန်ကလပ်ဟာ နည်းပြတူချယ်ကို ရာထူးကနေ ဖယ်ရှားပြီးတဲ့နောက် ၂၄ နာရီအတွင်းမှာပဲ အသက် ၄၇ နှစ် အရွယ် အင်္ဂလန်သားပေါ်တာကို အစားထိုးခန့်အပ်ခဲ့တာပါ။ ပေါ်တာဟာ ပြီးခဲ့ တဲ့ ဆယ်စုနှစ်အတွက် ချဲလ်ဆီးရဲ့ ၈ ယောက်မြောက် နည်းပြဖြစ်လာခဲ့ပြီး

အမေရိကန်အသင်းပိုင်ရှင်တွေလက်ထက် ပထမဆုံး အစားထိုးခန့်အပ်တဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ ဘရိုက်တန်နဲ့အတူ မက်လောက်စရာ အကွက်တွေ ရွှေ့ပြခဲ့တဲ့ ပေါ်တာက ဘဝဆိုတာ စွန့်စားမှုတွေနဲ့ ဖြတ်သန်းနေရတာဖြစ် တယ်လို့ စကားဦးသန်းလိုက်ပြီပဲ ဖြစ်ပါတယ်။

‘’ဘဝဆိုတာ စွန့်စားနေရတာ ပါ။ ကိုယ်က မလိုချင်ပေမယ့်လည်း အဲဒီအရာကို အနည်းနဲ့အများဆိုသလိုမျိုး လုပ်နေတဲ့သဘောပါ။ အဲဒီအချက်က ခင်ဗျားကို တိုးတက်မှုနဲ့ ရင့်ကျက်မှုကို ဖြစ်စေတယ်။ ကျွန်တော့်မှာ မွေးကင်းစကလေးတွေနဲ့ မိသားစုရှိခဲ့ပြီး သူတို့ ဟာ ဆွီဒင်မြေကို လိုက်တွေ့ဖို့တောင်

လက်လျှော့ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ သူတို့ ဘာစီလိုနာ ဒါမှမဟုတ် မွန်တီကာလို မှာရှိ နေခဲ့ချိန်လားတော့ သေ ချာမသိပါဘူး။ ကျွန်တော် ဘရိုက်တန်ကို စပြီးတော့ တာဝန်ယူချိန်မှာ အဆင့် ၁၆ နေရာမှာ အဆုံးသတ်ရုံလေးတင်ပါ။ အသင်းရဲ့ ပျမ်းမျှအသက်ကို လျှော့ ချပစ်ဖို့နဲ့ ကစားပုံကို ပြောင်းလဲပစ်ဖို့အတွက်

တရားဝင် လုပ်ပိုင်ခွင့် ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေနဲ့အတူ ကစားသမားအင်အားဖြည့် တင်းမှုကိုလည်း ထိန်းညှိဖို့ လုပ်ပိုင်ခွင့်ရခဲ့တယ်။ ကျွန်တော့်မှာ ရှိခဲ့တဲ့ အဲဒီလို မျိုး အတွေ့အကြုံတွေအတွက် ထာဝရကို ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်။ အဲဒီအချက်က ကျွန်တော့်ကို ပိုကောင်းပြီး

ပိုထက်မြက်တဲ့ နည်းပြတစ် ယောက် ဖြစ်စေခဲ့တာပါ။ ဒီနေ့ဖြစ်တည်နေတဲ့ ကျွန်တော့်ကို ပုံဖော် ထုဆစ်ပေးခဲ့တဲ့ အစိတ်အပိုင်း တစ်ခုပေါ့’’ လို့ ဂရေဟမ်ပေါ်တာရဲ့ ပြောကြား မှုကို The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ နည်းပြတစ်ယောက် အတွက် သတ်ကွင်းလိုဖြစ်နေပြီး ဖိအားများနေတဲ့

ချဲလ်ဆီး နည်းပြထိုင်ခုံပူပေါ်မှာ ပေါ်တာတစ်ယောက် သူပြောသလိုမျိုး တိုက်ပွဲဝင်ပြီး အောင်မြေနင်းနိုင်မလား၊ ဒါမှမဟုတ် လူတွေပြောနေကြသလိုမျိုး ဖိအားဒဏ်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး ဒီဇင်ဘာလအရောက်မှာပဲ ရာထူးက ထုတ်ပယ် ခံရဦးမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးအသင္းနဲ႔အတူ ေလ့က်င့္ေရးအစီအစဥ္ေတြ စလုပ္ေနၿပီျဖစ္တဲ့ နည္းျပဂေရဟမ္ေပၚတာရဲ႕ စကားတစ္ခြန္းေၾကာင့္ ျခေသၤ့ျပာတပ္သားေတြနဲ႔ အတူ ပရီးမီးယားလိဂ္ စစ္တလင္းမွာ ဘယ္လိုမ်ိဳး ေအာင္ေျမနင္းမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနပါၿပီ။

လန္ဒန္ကလပ္ဟာ နည္းျပတူခ်ယ္ကို ရာထူးကေန ဖယ္ရွားၿပီးတဲ့ေနာက္ ၂၄ နာရီအတြင္းမွာပဲ အသက္ ၄၇ ႏွစ္ အ႐ြယ္ အဂၤလန္သားေပၚတာကို အစားထိုးခန႔္အပ္ခဲ့တာပါ။ ေပၚတာဟာ ၿပီးခဲ့ တဲ့ ဆယ္စုႏွစ္အတြက္ ခ်ဲလ္ဆီးရဲ႕ ၈ ေယာက္ေျမာက္ နည္းျပျဖစ္လာခဲ့ၿပီး အေမရိကန္အသင္းပိုင္ရွင္ေတြလက္ထက္

ပထမဆုံး အစားထိုးခန႔္အပ္တဲ့ နည္းျပျဖစ္လာခဲ့ပါတယ္။ ဘ႐ိုက္တန္နဲ႔အတူ မက္ေလာက္စရာ အကြက္ေတြ ေ႐ႊ႕ျပခဲ့တဲ့ ေပၚတာက ဘဝဆိုတာ စြန႔္စားမႈေတြနဲ႔ ျဖတ္သန္းေနရတာျဖစ္ တယ္လို႔ စကားဦးသန္းလိုက္ၿပီပဲ ျဖစ္ပါတယ္။ ‘’ဘဝဆိုတာ စြန႔္စားေနရတာ ပါ။ ကိုယ္က မလိုခ်င္ေပမယ့္လည္း

အဲဒီအရာကို အနည္းနဲ႔အမ်ားဆိုသလိုမ်ိဳး လုပ္ေနတဲ့သေဘာပါ။ အဲဒီအခ်က္က ခင္ဗ်ားကို တိုးတက္မႈနဲ႔ ရင့္က်က္မႈကို ျဖစ္ေစတယ္။ ကြၽန္ေတာ့္မွာ ေမြးကင္းစကေလးေတြနဲ႔ မိသားစုရွိခဲ့ၿပီး သူတို႔ ဟာ ဆြီဒင္ေျမကို လိုက္ေတြ႕ဖို႔ေတာင္ လက္ေလွ်ာ့ခဲ့တာမ်ိဳးေတြ ရွိခဲ့တယ္။ သူတို႔ ဘာစီလိုနာ

ဒါမွမဟုတ္ မြန္တီကာလို မွာရွိ ေနခဲ့ခ်ိန္လားေတာ့ ေသ ခ်ာမသိပါဘူး။ ကြၽန္ေတာ္ ဘ႐ိုက္တန္ကို စၿပီးေတာ့ တာဝန္ယူခ်ိန္မွာ အဆင့္ ၁၆ ေနရာမွာ အဆုံးသတ္႐ုံေလးတင္ပါ။ အသင္းရဲ႕ ပ်မ္းမွ်အသက္ကို ေလွ်ာ့ ခ်ပစ္ဖို႔နဲ႔ ကစားပုံကို ေျပာင္းလဲပစ္ဖို႔အတြက္ တရားဝင္ လုပ္ပိုင္ခြင့္ ရခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲေတြနဲ႔အတူ ကစားသမားအင္အားျဖည့္ တင္းမႈကိုလည္း ထိန္းညႇိဖို႔ လုပ္ပိုင္ခြင့္ရခဲ့တယ္။ ကြၽန္ေတာ့္မွာ ရွိခဲ့တဲ့ အဲဒီလို မ်ိဳး အေတြ႕အႀကဳံေတြအတြက္ ထာဝရကို ေက်းဇူးတင္ရွိေနမွာျဖစ္ပါတယ္။ အဲဒီအခ်က္က ကြၽန္ေတာ့္ကို ပိုေကာင္းၿပီး ပိုထက္ျမက္တဲ့

နည္းျပတစ္ ေယာက္ ျဖစ္ေစခဲ့တာပါ။ ဒီေန႔ျဖစ္တည္ေနတဲ့ ကြၽန္ေတာ့္ကို ပုံေဖာ္ ထုဆစ္ေပးခဲ့တဲ့ အစိတ္အပိုင္း တစ္ခုေပါ့’’ လို႔ ဂေရဟမ္ေပၚတာရဲ႕ ေျပာၾကား မႈကို The Sun သတင္းစာက ေဖာ္ျပသြားခဲ့ပါတယ္။ နည္းျပတစ္ေယာက္ အတြက္ သတ္ကြင္းလိုျဖစ္ေနၿပီး

ဖိအားမ်ားေနတဲ့ ခ်ဲလ္ဆီး နည္းျပထိုင္ခုံပူေပၚမွာ ေပၚတာတစ္ေယာက္ သူေျပာသလိုမ်ိဳး တိုက္ပြဲဝင္ၿပီး ေအာင္ေျမနင္းႏိုင္မလား၊ ဒါမွမဟုတ္ လူေတြေျပာေနၾကသလိုမ်ိဳး ဖိအားဒဏ္ေတြနဲ႔ လုံးလည္ခ်ာလည္လိုက္ၿပီး ဒီဇင္ဘာလအေရာက္မွာပဲ ရာထူးက ထုတ္ပယ္ ခံရဦးမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။