ဘရူနိုမားစ်နဲ့ရုပ်ချင်းဆင်နေပေမယ့် အဲဒီနာမည်ပြောင်ကို မကြိုက်ဘူးဆိုတဲ့ ကာဗယ်လ်ဟို

ဖေဘီယိုကာဗယ်လ်ဟိုက သူ့ကို လီဗာပူးလ်အသင်းဖော်တွေပေးထားတဲ့ နာမည်ပြောင်ကို ဖွင့်ဟလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီနာမည်ကို မကြိုက်ဘူးလို့လည်း တစ်ဆက်တည်းပြောသွားပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ကာဗယ်လ်ဟိုဟာ ဒီနှစ် တန်းတက်လာတဲ့ဖူလ်ဟမ်မှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့သူပါ။ ချန်ပီယံရှစ်မှာ မာကိုဆေးလ်ဗားရဲ့အသင်းဗိုလ်စွဲနိုင်အောင် ၁၀ ဂိုးသွင်းပြီး ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာကတည်းက ဂျာဂင်ကလော့ပ်က သူ့ကိုခေါ်ဖို့ကြိုးစားခဲ့ပေမယ့် အချိန်မမီခဲ့တာကြောင့် ရာသီပြီးမှသာ အပြောင်းအရွှေ့အတည်ဖြစ်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၅ သန်း၊ အပိုဆုကြေး ပေါင် ၂. ၇ သန်းနဲ့ အန်ဖီးလ်ရောက်လာတဲ့နောက် မန်စီးတီးကိုအနိုင်ရတဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ လူစားဝင်အဆင့်သာရှိပါသေးတယ်။

ဒါပေမဲ့ အသင်းဖော်သစ်တွေနဲ့ ပျော်ရွှင်နေပြီဖြစ်တဲ့ ကာဗယ်လ်ဟိုက “ ကစားသမားသစ်တွေ သီချင်းဆိုပြရချိန်မှာ အဖွဲ့သားတွေက ကျွန်တော့်ကိုကြည့်ပြီး ရယ်နေတော့ပါပဲ။ နောက်လည်း နောက်နေကြတယ်။

လူငယ်ကစားသမားတွေ အဆိုးဆုံးပေါ့။ ပြီးတော့ ကျွန်တော့်ကို ဘရူနိုမားစ်လို့ နာမည်ပြောင်ပေးကြတော့တာပါပဲ။ ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမဲ့ သူတို့ကိုပြန်နောက်ချင်တာနဲ့ ဘရူနိုမားစ်ရဲ့ The Lazy သီချင်းကို အပီဟဲပစ်လိုက်တယ် ” လို့

လီဗာပူးလ် တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောသွားခဲ့ပါတယ်။ ဘရူနိုမားစ်ဆိုတာက နာမည်ကြီး အမေရိကန်အဆိုတော်ဖြစ်ပြီး သီချင်းလည်းရေးနိုင်သလို အကလည်းတော်သူတစ်ယောက်ပါ။

(zawgyi)

ေဖဘီယိုကာဗယ္လ္ဟိုက သူ႔ကို လီဗာပူးလ္အသင္းေဖာ္ေတြေပးထားတဲ့ နာမည္ေျပာင္ကို ဖြင့္ဟလာခဲ့ပါတယ္။ ဒါေပမဲ့ ဒီနာမည္ကို မႀကိဳက္ဘူးလို႔လည္း တစ္ဆက္တည္းေျပာသြားပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ကာဗယ္လ္ဟိုဟာ ဒီႏွစ္ တန္းတက္လာတဲ့ဖူလ္ဟမ္မွာ အဓိက ကစားသမားတစ္ေယာက္ျဖစ္ခဲ့သူပါ။ ခ်န္ပီယံရွစ္မွာ မာကိုေဆးလ္ဗားရဲ႕အသင္းဗိုလ္စြဲႏိုင္ေအာင္ ၁၀ ဂိုးသြင္းၿပီး ၈ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဆာင္းေဈးကြက္မွာကတည္းက ဂ်ာဂင္ကေလာ့ပ္က သူ႔ကိုေခၚဖို႔ႀကိဳးစားခဲ့ေပမယ့္ အခ်ိန္မမီခဲ့တာေၾကာင့္ ရာသီၿပီးမွသာ အေျပာင္းအေ႐ႊ႕အတည္ျဖစ္ေၾကာင္း ေၾကညာႏိုင္ခဲ့ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅ သန္း၊ အပိုဆုေၾကး ေပါင္ ၂. ၇ သန္းနဲ႔ အန္ဖီးလ္ေရာက္လာတဲ့ေနာက္ မန္စီးတီးကိုအႏိုင္ရတဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့

လူစားဝင္အဆင့္သာရွိပါေသးတယ္။ ဒါေပမဲ့ အသင္းေဖာ္သစ္ေတြနဲ႔ ေပ်ာ္႐ႊင္ေနၿပီျဖစ္တဲ့ ကာဗယ္လ္ဟိုက “ ကစားသမားသစ္ေတြ သီခ်င္းဆိုျပရခ်ိန္မွာ အဖြဲ႕သားေတြက ကြၽန္ေတာ့္ကိုၾကည့္ၿပီး ရယ္ေနေတာ့ပါပဲ။

ေနာက္လည္း ေနာက္ေနၾကတယ္။ လူငယ္ကစားသမားေတြ အဆိုးဆုံးေပါ့။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ဘ႐ူႏိုမားစ္လို႔ နာမည္ေျပာင္ေပးၾကေတာ့တာပါပဲ။ ကြၽန္ေတာ္ မႀကိဳက္ပါဘူး။ ဒါေပမဲ့ သူတို႔ကိုျပန္ေနာက္ခ်င္တာနဲ႔

ဘ႐ူႏိုမားစ္ရဲ႕ The Lazy သီခ်င္းကို အပီဟဲပစ္လိုက္တယ္ ” လို႔ လီဗာပူးလ္ တရားဝင္ဝက္ဘ္ဆိုက္ကေန ေျပာသြားခဲ့ပါတယ္။ ဘ႐ူႏိုမားစ္ဆိုတာက နာမည္ႀကီး အေမရိကန္အဆိုေတာ္ျဖစ္ၿပီး သီခ်င္းလည္းေရးႏိုင္သလို အကလည္းေတာ္သူတစ္ေယာက္ပါ။