ဘရူနိုဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ ပွဲထွက်ကစားခွင့်ရတဲ့ ပွဲတိုင်း ယူနိုက်တက် လုံးဝရှုံးပွဲ မရှိခဲ့

မန်ချက်စတာယူနိုက်တက် အဓိကကွင်းလယ်လူနှစ်ဦးဖြစ်တဲ့

ဘရူနိုဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ဟာ ထူးခြားတဲ့ မှတ်တမ်းကောင်း
တစ်ခု ပိုင်ဆိုင်ထားပြီး အဲဒါကတော့ ဒီရာသီမှာ သူတို့နှစ်ယောက်
ပွဲထွက်ကစားခွင့်ရတဲ့ပွဲတိုင်း လုံးဝရှုံးပွဲမရှိခဲ့တာပါပဲ။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်အသင်းအတွက်
ပြိုင်ပွဲစုံ (၂၆)ပွဲကစား၊ (၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်ခဲ့ပြီး
သူ့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းက ပြီးခဲ့တဲ့ရာသီတွေနဲ့ နှိုင်းယှဉ်ရင်
ကွာခြားမှုရှိပေမယ့်လည်း ကွင်းတွင်းခြေစွမ်းနဲ့ အသင်းကို ဦးဆောင်နိုင်မှု

အပိုင်းမှာတော့ အကောင်းဆုံးအနေအထားရှိပါတယ်။

ဒီရာသီအစကမှ ရီးယဲလ်ကနေ ယူနိုက်တက်ကို ပေါင်သန်း(၇၀)နဲ့

ပြောင်းရွှေ့ခဲ့သူ ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမား ကတ်စ်မဲရိုးဟာ
အစောပိုင်းပွဲတွေမှာ လူစားဝင်အဖြစ်သာကစားခဲ့ရပေမယ့် အခု
နောက်ပိုင်းမှာတော့ ယူနိုက်တက်အသင်းရဲ့ အဓိက,ကွင်းလယ်လူအဖြစ်
ပွဲထွက်ကစားခွ့င်ရရှိနေပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ကတ်စ်မဲရိုးကို ကြေးကြီးပေးခေါ်ယူခဲ့တာကြောင့်
ဒီအပြောင်းအရွှေ့အပေါ် မေးခွန်းတွေထွက်ပေါ်ခဲ့ပေမယ့် ကတ်စ်မဲရိုးက
ခြေစွမ်းပြပြီးတော့ ဝေဖန်သူတွေ ပါးစပ်ပိတ်သွားအောင် စွမ်းဆောင်နိုင်ပြီး

ပြိုင်ပွဲစုံ(၂၇)ပွဲကစား၊ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ နှစ်ယောက်အတူ ပွဲထွက်ကစားခွင့်ရတဲ့

ပြိုင်ပွဲစုံ (၁၆)ပွဲမှာ ယူနိုက်တက်အသင်း (၁၄)ပွဲအနိုင်ရခဲ့ပြီး (၂)ပွဲသရေကျခဲ့
ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၉)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းဟာ
ဒီညမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး
ကတ်စ်မဲရိုး အဝါကတ်အပြခံရမယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်ကြောင့် အာဆင်နယ်နဲ့
အရေးကြီးပွဲကို လွဲချော်မယ့်အန္တရာယ်ရှိတဲ့အတွက် ကတ်စ်မဲရိုးကို အနားပေးဖို့

ယူနိုက်တက်ပရိသတ်တွေ တောင်းဆိုနေကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ အဓိကကြင္းလယ္လူႏွစ္ဦးျဖစ္တဲ့

ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ကတ္စ္မဲ႐ိုးတို႔ဟာ ထူးျခားတဲ့ မွတ္တမ္းေကာင္း
တစ္ခု ပိုင္ဆိုင္ထားၿပီး အဲဒါကေတာ့ ဒီရာသီမွာ သူတို႔ႏွစ္ေယာက္
ပြဲထြက္ကစားခြင့္ရတဲ့ပြဲတိုင္း လုံးဝရႈံးပြဲမရွိခဲ့တာပါပဲ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီ ၿပိဳင္ပြဲစုံမွာ ယူႏိုက္တက္အသင္းအတြက္
ၿပိဳင္ပြဲစုံ (၂၆)ပြဲကစား၊ (၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၅)ႀကိမ္ျပဳလုပ္ခဲ့ၿပီး
သူ႔ရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းက ၿပီးခဲ့တဲ့ရာသီေတြနဲ႔ ႏႈိင္းယွဥ္ရင္
ကြာျခားမႈရွိေပမယ့္လည္း ကြင္းတြင္းေျခစြမ္းနဲ႔ အသင္းကို ဦးေဆာင္ႏိုင္မႈ

အပိုင္းမွာေတာ့ အေကာင္းဆုံးအေနအထားရွိပါတယ္။

ဒီရာသီအစကမွ ရီးယဲလ္ကေန ယူႏိုက္တက္ကို ေပါင္သန္း(၇၀)နဲ႔

ေျပာင္းေ႐ႊ႕ခဲ့သူ ဘရာဇီးလ္ဝါရင့္ကြင္းလယ္ကစားသမား ကတ္စ္မဲ႐ိုးဟာ
အေစာပိုင္းပြဲေတြမွာ လူစားဝင္အျဖစ္သာကစားခဲ့ရေပမယ့္ အခု
ေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ အဓိက,ကြင္းလယ္လူအျဖစ္
ပြဲထြက္ကစားခြ႕င္ရရွိေနပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ ကတ္စ္မဲ႐ိုးကို ေၾကးႀကီးေပးေခၚယူခဲ့တာေၾကာင့္
ဒီအေျပာင္းအေ႐ႊ႕အေပၚ ေမးခြန္းေတြထြက္ေပၚခဲ့ေပမယ့္ ကတ္စ္မဲ႐ိုးက
ေျခစြမ္းျပၿပီးေတာ့ ေဝဖန္သူေတြ ပါးစပ္ပိတ္သြားေအာင္ စြမ္းေဆာင္ႏိုင္ၿပီး

ၿပိဳင္ပြဲစုံ(၂၇)ပြဲကစား၊ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၅)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ကတ္စ္မဲ႐ိုးတို႔ ႏွစ္ေယာက္အတူ ပြဲထြက္ကစားခြင့္ရတဲ့

ၿပိဳင္ပြဲစုံ (၁၆)ပြဲမွာ ယူႏိုက္တက္အသင္း (၁၄)ပြဲအႏိုင္ရခဲ့ၿပီး (၂)ပြဲသေရက်ခဲ့
ပါတယ္။ ၿပိဳင္ပြဲစုံ ေနာက္ဆုံး(၉)ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ
ဒီညမွာ ခရစၥတယ္ပဲေလ့စ္နဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲ ကစားရမွာျဖစ္ၿပီး
ကတ္စ္မဲ႐ိုး အဝါကတ္အျပခံရမယ္ဆိုရင္ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အာဆင္နယ္နဲ႔
အေရးႀကီးပြဲကို လြဲေခ်ာ္မယ့္အႏၲရာယ္ရွိတဲ့အတြက္ ကတ္စ္မဲ႐ိုးကို အနားေပးဖို႔

ယူႏိုက္တက္ပရိသတ္ေတြ ေတာင္းဆိုေနၾကပါတယ္။