
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ
အသင်းနဲ့(၅)နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှု
ရရှိသွားပြီဖြစ်ပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေရဲ့ အနာဂတ်
စီမံကိန်းတွေအပေါ် ကျေနပ်အားရမှုရှိတာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ
အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပြီး
စာချုပ်သစ်အရ လက်ရှိလစာရဲ့နှစ်ဆပမာဏဖြစ်တဲ့ ပေါင်(၂၄၀,၀၀၀)အထိ
ရရှိသွားမှာပါ။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ဟာ
၂၀၂၀၊ ဇန်နဝါရီအပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ
ယူနိုက်တက်အသင်းကို စတင်ပြောင်းရွှေ့ခဲ့ချိန်ကတည်းက
ခြေစွမ်းပြကစားနေတာဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက်(၉)ဂိုးသွင်း၊
ဂိုးဖန်တီးမှု(၁၄)ကြိမ်အထိပြုလုပ်ထားပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ
ဘရူနိုဖာနန်ဒက်စ်ကို အသင်းဆီခေါ်ဆောင်ခဲ့တဲ့နည်းပြဆိုးလ်ရှားကို
ရာထူးကထုတ်ပယ်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကလည်းထွက်ခဲ့ရပြီး
ဖလားလက်မဲ့ရာသီနဲ့ဆက်လက်ကြုံတွေ့ရတာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ
အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ မသေမချာဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းက နည်းပြသစ်အဖြစ်အဲရစ်တန်ဟက်ကို
ခန့်အပ်ပြီး ချန်ပီယံဆုဖလားတွေစိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းဖြစ်အောင်
တည်ဆောက်သွားဖို့စီစဉ်နေတာကြောင့် ဘရူနိုဖာနန်ဒက်စ်က
အသင်းမှာဆက်ကစားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ အခုလောလောဆယ် ပေါ်တူဂီအသင်းနဲ့အတူ
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားနေရပြီး ယူနိုက်တက်အသင်းဆီ
ပြန်လာတဲ့အချိန်ကျမှ ၂၀၂၇ ခုနှစ်အထိသက်တမ်းရှိတဲ့ စာချုပ်မှာ
လက်မှတ်ရေးထိုးသွားဖို့ရှိနေပါပြီ။
zawgyi
ဘ႐ူႏိုဖာနန္ဒက္စ္ကို (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ ယူႏိုက္တက္ သေဘာတူညီမႈရရွိ
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ
အသင္းနဲ႔(၅)ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ သေဘာတူညီမႈ
ရရွိသြားၿပီျဖစ္ပါတယ္။ ယူႏိုက္တက္တာဝန္ရွိသူေတြရဲ႕ အနာဂတ္
စီမံကိန္းေတြအေပၚ ေက်နပ္အားရမႈရွိတာေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ
အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ဆုံးျဖတ္လိုက္တာျဖစ္ၿပီး
စာခ်ဳပ္သစ္အရ လက္ရွိလစာရဲ႕ႏွစ္ဆပမာဏျဖစ္တဲ့ ေပါင္(၂၄၀,၀၀၀)အထိ
ရရွိသြားမွာပါ။ အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ
၂၀၂၀၊ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ စပို႔တင္းလစၥဘြန္းကေန
ယူႏိုက္တက္အသင္းကို စတင္ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကတည္းက
ေျခစြမ္းျပကစားေနတာျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္(၉)ဂိုးသြင္း၊
ဂိုးဖန္တီးမႈ(၁၄)ႀကိမ္အထိျပဳလုပ္ထားပါတယ္။ ဒီရာသီမွာ ယူႏိုက္တက္အသင္းဟာ
ဘ႐ူႏိုဖာနန္ဒက္စ္ကို အသင္းဆီေခၚေဆာင္ခဲ့တဲ့နည္းျပဆိုးလ္ရွားကို
ရာထူးကထုတ္ပယ္ခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကလည္းထြက္ခဲ့ရၿပီး
ဖလားလက္မဲ့ရာသီနဲ႔ဆက္လက္ႀကဳံေတြ႕ရတာေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ
အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ မေသမခ်ာျဖစ္ခဲ့ရပါတယ္။
ဒါေပမဲ့ ယူႏိုက္တက္အသင္းက နည္းျပသစ္အျဖစ္အဲရစ္တန္ဟက္ကို
ခန႔္အပ္ၿပီး ခ်န္ပီယံဆုဖလားေတြစိန္ေခၚႏိုင္စြမ္းရွိတဲ့အသင္းျဖစ္ေအာင္
တည္ေဆာက္သြားဖို႔စီစဥ္ေနတာေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္က
အသင္းမွာဆက္ကစားဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အခုေလာေလာဆယ္ ေပၚတူဂီအသင္းနဲ႔အတူ
၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲကစားေနရၿပီး ယူႏိုက္တက္အသင္းဆီ
ျပန္လာတဲ့အခ်ိန္က်မွ ၂၀၂၇ ခုႏွစ္အထိသက္တမ္းရွိတဲ့ စာခ်ဳပ္မွာ
လက္မွတ္ေရးထိုးသြားဖို႔ရွိေနပါၿပီ။
Leave a Reply