ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ဖို့ အံ့အားသင့်စရာ ပစ်မှတ်ထားနေတဲ့ ရီးယဲလ်

ရီးယဲလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နာမည်ကျော်ကွင်းလယ်လူ

ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ဖို့ အံ့အားသင့်စရာကောင်းအောင် စိတ်ဝင်စားနေပါတယ်။

အခုလောလောဆယ် ပေါ်တူဂီအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲနေတဲ့

ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရွေးစင်အသင်းမှာ ပုံစံကောင်းပြသနေပြီး (၂)ပွဲကစားပြီးချိန်မှာ
(၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့သလို ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခွင့်
ရအောင် ကူညီပေးခဲ့ပါတယ်။

ကလပ်နဲ့ နိုင်ငံ နှစ်သင်းစလုံးအတွက် ခြေစွမ်းကောင်းပြသနေတဲ့အတွက်
ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ရီးယဲလ်အသင်းက ပစ်မှတ်ထားလာတာဖြစ်ပြီး
ကင်းထောက်တွေကို ကာတာနိုင်ငံဆီ စေလွှတ်ပြီးတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို
စောင့်ကြည့်ခိုင်းခဲ့တယ်လို့ ပေါ်တူဂီ နာမည်ကျော်အားကစားသတင်းစာ Record က

ဖော်ပြခဲ့ပါတယ်။

ရီးယဲလ်အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို လာမယ့်ဇန်နဝါရီ ဒါမှမဟုတ် ဒီရာသီကုန်မှာ

စတင်ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။ ဒါပေမဲ့လည်း ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဧပြီလကမှ
ယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သလို ယူနိုက်တက်အသင်းကလည်း
သူတို့ရဲ့ အဓိကကွင်းလယ်လူကို လက်လွှတ်ခံမယ့်အနေအထား မရှိပါဘူး။

[Zawgyi]

ရီးယဲလ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နာမည္ေက်ာ္ကြင္းလယ္လူ
ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚဖို႔ အံ့အားသင့္စရာေကာင္းေအာင္ စိတ္ဝင္စားေနပါတယ္။

အခုေလာေလာဆယ္ ေပၚတူဂီအသင္းနဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဆင္ႏႊဲေနတဲ့
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လက္ေ႐ြးစင္အသင္းမွာ ပုံစံေကာင္းျပသေနၿပီး (၂)ပြဲကစားၿပီးခ်ိန္မွာ
(၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့သလို ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ခြင့္
ရေအာင္ ကူညီေပးခဲ့ပါတယ္။

ကလပ္နဲ႔ ႏိုင္ငံ ႏွစ္သင္းစလုံးအတြက္ ေျခစြမ္းေကာင္းျပသေနတဲ့အတြက္
ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔ ရီးယဲလ္အသင္းက ပစ္မွတ္ထားလာတာျဖစ္ၿပီး

ကင္းေထာက္ေတြကို ကာတာႏိုင္ငံဆီ ေစလႊတ္ၿပီးေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းကို
ေစာင့္ၾကည့္ခိုင္းခဲ့တယ္လို႔ ေပၚတူဂီ နာမည္ေက်ာ္အားကစားသတင္းစာ Record က
ေဖာ္ျပခဲ့ပါတယ္။

ရီးယဲလ္အသင္းအေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ကို လာမယ့္ဇန္နဝါရီ ဒါမွမဟုတ္ ဒီရာသီကုန္မွာ
စတင္ကမ္းလွမ္းသြားဖို႔ရွိေနပါတယ္။ ဒါေပမဲ့လည္း ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဧၿပီလကမွ
ယူႏိုက္တက္နဲ႔ ၂၀၂၆ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခဲ့သလို ယူႏိုက္တက္အသင္းကလည္း
သူတို႔ရဲ႕ အဓိကကြင္းလယ္လူကို လက္လႊတ္ခံမယ့္အေနအထား မရွိပါဘူး။