ဘရိုက်တန်အတွက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူကိုင်စီဒိုကို ခေါ်ယူဖို့ အဲရစ်တန်ဟက် မျက်စိကျနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်အတွက် ခြေစွမ်းပြကစားနေတဲ့

ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ စတင်ပြင်နေပြီဖြစ်ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ အီကွေဒေါလက်ရွေးစင်ကစားသမား ကိုင်စီဒိုဟာ

ပြီးခဲ့တဲ့နှစ်က Independiente del Valle ကနေ ဘရိုက်တန်အသင်းကို
စတင်ရောက်ရှိခဲ့ချိန်ကတည်းက အသင်းရဲ့ အဓိက,ကွင်းလယ်လူအဖြစ် ပါဝင်
ကစားခွင့်ရရှိနေပြီး သူ့ရဲ့ ခြေစွမ်းကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်
အီကွေဒေါအသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

အီကွေဒေါအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဆီနီဂေါကို ရှုံးနိမ့်ခဲ့လို့ အုပ်စုအဆင့်ကနေ
ကံဆိုးစွာနဲ့ထွက်လိုက်ရပေမယ့် ကိုင်စီဒိုဟာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး
လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးကမ္ဘာ့ဖလားသွင်းဂိုး ပိုင်ဆိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်း အားဖြည့်ဖို့အတွက် ကိုင်စီဒိုကို
ခေါ်ယူချင်နေတာဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း ဒေ့ါမွန်ကြယ်ပွင့် ဘယ်လင်ဂမ်အစား

ကိုင်စီဒိုကို ပြောင်းလဲကြိုးပမ်းဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ ကိုင်စီဒိုရဲ့ စာချုပ်သက်တမ်းက
၂၀၂၅ ခုနှစ်အထိ ကျန်ရှိသေးသလို ဘရိုက်တန်အသင်းကလည်း သူတို့ကစားသမားကို
အနည်းဆုံးနောက်ထပ်တစ်ရာသီ ဆက်ထိန်းသွားချင်နေပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘ႐ိုက္တန္အတြက္ ေျခစြမ္းျပကစားေနတဲ့
ကြင္းလယ္လူ ကိုင္စီဒိုကို ေခၚယူဖို႔ စတင္ျပင္ေနၿပီျဖစ္ပါတယ္။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ အီေကြေဒါလက္ေ႐ြးစင္ကစားသမား ကိုင္စီဒိုဟာ
ၿပီးခဲ့တဲ့ႏွစ္က Independiente del Valle ကေန ဘ႐ိုက္တန္အသင္းကို
စတင္ေရာက္ရွိခဲ့ခ်ိန္ကတည္းက အသင္းရဲ႕ အဓိက,ကြင္းလယ္လူအျဖစ္ ပါဝင္
ကစားခြင့္ရရွိေနၿပီး သူ႔ရဲ႕ ေျခစြမ္းေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္

အီေကြေဒါအသင္းအတြက္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

အီေကြေဒါအသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ ဆီနီေဂါကို ရႈံးနိမ့္ခဲ့လို႔ အုပ္စုအဆင့္ကေန

ကံဆိုးစြာနဲ႔ထြက္လိုက္ရေပမယ့္ ကိုင္စီဒိုဟာ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး
လက္ေ႐ြးစင္ကစားသမားဘ၀ ပထမဆုံးကမာၻ႔ဖလားသြင္းဂိုး ပိုင္ဆိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ကြင္းလယ္ပိုင္း အားျဖည့္ဖို႔အတြက္ ကိုင္စီဒိုကို
ေခၚယူခ်င္ေနတာျဖစ္ၿပီး လီဗာပူးလ္အသင္းကလည္း ေဒ့ါမြန္ၾကယ္ပြင့္ ဘယ္လင္ဂမ္အစား
ကိုင္စီဒိုကို ေျပာင္းလဲႀကိဳးပမ္းဖို႔ ဆႏၵရွိေနပါတယ္။ ဒါေပမဲ့ ကိုင္စီဒိုရဲ႕ စာခ်ဳပ္သက္တမ္းက
၂၀၂၅ ခုႏွစ္အထိ က်န္ရွိေသးသလို ဘ႐ိုက္တန္အသင္းကလည္း သူတို႔ကစားသမားကို
အနည္းဆုံးေနာက္ထပ္တစ္ရာသီ ဆက္ထိန္းသြားခ်င္ေနပါတယ္။