ဘရိုက်တန်ကြယ်ပွင့် ထရိုဆာ့ဒ်ကို ပေါင်(၂၇)သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ် သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းအတွက် ခြေစွမ်းပြ

ကစားနေတဲ့ တိုက်စစ်ကစားသမား ထရိုဆာ့ဒ်ကို ပေါင်(၂၇)သန်းနဲ့
ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီး မကြာခင် အပြီးသတ်စာချုပ်
နိုင်တော့မှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား ထရိုဆာ့ဒ်ရဲ့ အပြောင်းအရွှေ့
ကိစ္စအတွက် အာဆင်နယ်နဲ့ ဘရိုက်တန်အသင်းတို့ ပြီးခဲ့တဲ့
ကြာသပတေးနေ့ကတည်းက ဆွေးနွေးခဲ့ပြီးတဲ့နောက် သဘောတူညီမှု
ရခဲ့တာဖြစ်ပြီး လာမယ့်(၂၄)နာရီအတွင်း ဆေးစစ်မှုခံယူဖို့အပါအဝင်

အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဆောင်ရွက်သွားမှာပါ။

အာဆင်နယ်အသင်းဟာ ထရိုဆာ့ဒ်အတွက် ပေါင်သန်း(၂၀) အရင်ဆုံး

ပေးချေရမှာဖြစ်ပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် နောက်ထပ်
ပေါင်(၇)သန်း ထပ်မံပေးချေရမှာဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ထရိုဆာ့ဒ်ဟာ ၂၀၁၉ ခုနှစ်က ဘယ်လ်ဂျီယံ
ကလပ် KRC ဂျန့်အသင်းကနေ ဘရိုက်တန်ကို ပြောင်းရွှေ့ခဲ့ပြီး,ပြီးခဲ့တဲ့
နှစ်တွေအတွင်း အသင်းရဲ့ အဓိက,ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သလို
ဒီရာသီမှာလည်း ပရီးမီးယားလိဂ်(၁၆)ပွဲကစား၊ (၇)ဂိုးသွင်းခဲ့ပါတယ်။

ထရိုဆာ့ဒ်ဟာ ဒီရက်ပိုင်းအတွင်း အာဆင်နယ်အသင်းမှာ ဆေးစစ်မှုခံယူပြီး
တရားဝင်စာချုပ်,ချုပ်ဆိုနိုင်မယ်ဆိုရင် တနင်္ဂနွေကျရင် မန်ချက်စတာ
ယူနိုက်တက်နဲ့ကစားမယ့်ပွဲမှာ အသင်းသစ်အတွက် ပွဲဦးထွက်ခွင့်ရဖို့ရှိပါတယ်။

[Zawgyi]

အာဆင္နယ္အသင္းဟာ ဘ႐ိုက္တန္အသင္းအတြက္ ေျခစြမ္းျပ
ကစားေနတဲ့ တိုက္စစ္ကစားသမား ထ႐ိုဆာ့ဒ္ကို ေပါင္(၂၇)သန္းနဲ႔

ေခၚယူဖို႔ သေဘာတူညီမႈရသြားၿပီး မၾကာခင္ အၿပီးသတ္စာခ်ဳပ္
ႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမား ထ႐ိုဆာ့ဒ္ရဲ႕ အေျပာင္းအေ႐ႊ႕
ကိစၥအတြက္ အာဆင္နယ္နဲ႔ ဘ႐ိုက္တန္အသင္းတို႔ ၿပီးခဲ့တဲ့
ၾကာသပေတးေန႔ကတည္းက ေဆြးေႏြးခဲ့ၿပီးတဲ့ေနာက္ သေဘာတူညီမႈ
ရခဲ့တာျဖစ္ၿပီး လာမယ့္(၂၄)နာရီအတြင္း ေဆးစစ္မႈခံယူဖို႔အပါအဝင္
အေျပာင္းအေ႐ႊ႕ကိစၥကို အၿပီးသတ္ေဆာင္႐ြက္သြားမွာပါ။

အာဆင္နယ္အသင္းဟာ ထ႐ိုဆာ့ဒ္အတြက္ ေပါင္သန္း(၂၀) အရင္ဆုံး
ေပးေခ်ရမွာျဖစ္ၿပီး ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ ေနာက္ထပ္

ေပါင္(၇)သန္း ထပ္မံေပးေခ်ရမွာျဖစ္ပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ထ႐ိုဆာ့ဒ္ဟာ ၂၀၁၉ ခုႏွစ္က ဘယ္လ္ဂ်ီယံ

ကလပ္ KRC ဂ်န႔္အသင္းကေန ဘ႐ိုက္တန္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး,ၿပီးခဲ့တဲ့
ႏွစ္ေတြအတြင္း အသင္းရဲ႕ အဓိက,ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရခဲ့သလို
ဒီရာသီမွာလည္း ပရီးမီးယားလိဂ္(၁၆)ပြဲကစား၊ (၇)ဂိုးသြင္းခဲ့ပါတယ္။

ထ႐ိုဆာ့ဒ္ဟာ ဒီရက္ပိုင္းအတြင္း အာဆင္နယ္အသင္းမွာ ေဆးစစ္မႈခံယူၿပီး
တရားဝင္စာခ်ဳပ္,ခ်ဳပ္ဆိုႏိုင္မယ္ဆိုရင္ တနဂၤေႏြက်ရင္ မန္ခ်က္စတာ
ယူႏိုက္တက္နဲ႔ကစားမယ့္ပြဲမွာ အသင္းသစ္အတြက္ ပြဲဦးထြက္ခြင့္ရဖို႔ရွိပါတယ္။